close
Connect with us

Hi, what are you looking for?

သတင်း

ကျောက်ကြီးရှိ စာသင်ကျောင်းကို စစ်ကောင်စီ ဒရုန်းဖြင့် ဗုံးကြဲ၍ ကလေးငယ် ၂ဦးအပါအဝင် စစ်ရှောင် ၆ဦးသေဆုံး

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ရှိ တောကြောင်ပေါက်ရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဒရုန်းအသုံးပြု ဗုံးသီးချ တိုက်ခိုက်ခဲ့၍ ကလေးငယ် (၂) ဦးအပါအဝင် အရပ်သား ပြည်သူ (၆)ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ၃ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ ဒရုန်းဗုံးချတိုက်ခိုက်မှုကြောင့် အဆောက်အဦပျက်စီးနေမှုကို တွေ့ရစဥ်။ ဓာတ်ပုံ - KNU

ဇူလိုင်-၇၊ ၂၀၂၅။ ထားမြတ်/People’s Spring

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ရှိ တောကြောင်ပေါက်ရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဒရုန်းအသုံးပြု ဗုံးသီးချ တိုက်ခိုက်ခဲ့၍ ကလေးငယ် (၂) ဦးအပါအဝင် အရပ်သား ပြည်သူ (၆)ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ၃ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက သတင်းထုတ်ပြန်သည်။

KNU အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ် တောကြောင်ပေါက်ရွာရှိ စာသင်ကျောင်းကို နတ်သံကွင်းအထိုင် စစ်ကောင်စီတပ်က ဇူလိုင် ၅ရက် ညနေပိုင်းတွင် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

စစ်ကောင်စီ၏ ဒရုန်းဗုံးချတိုက်ခိုက်မှုကြောင့် အဆောက်အဦပျက်စီးနေမှုကို တွေ့ရစဥ်။ ဓာတ်ပုံ – KNU

စစ်ကောင်စီက ဒရုန်းဖြင့် ၁၂၀ မမ ဗုံးသီး ၁လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ စစ်ဘေး‌ရှောင်နေသည့် သက်ကြီးရွယ်အို ၂ဦး၊ အမျိုးသား၁ဦး၊ အမျိုးသမီး ၁ဦး၊ ကလေးငယ် ၂ဦးတို့ သေဆုံးကာ ကိုယ်ဝန်ဆောင်အမျိုးသမီး အပါအဝင် ၃ဦးဒဏ်ရာရရှိခဲ့ဟု KNUက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ဇွန်လကုန်ပိုင်းကလည်း ကျောက်ကြီးမြို့နယ် ဝဲကြီးဝဲဒေါရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦးနှင့် သက်ကြီး အမျိုးသမီး၂ဦး အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ အရပ်သား ပြည်သူ ၂၅ ဦး ဒဏ်ရာရခဲ့သည်ဟု KNUက အသိပေးထားသည်။ ထို့ပြင် ဇွန်လကုန်ပိုင်း၌ပင် ကျောက်ကြီးမြို့နယ် ဟင်္သာဝဲကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ဦး အပါအဝင် ပြည်သူ ၅ဦး ဒဏ်ရာရခဲ့သည်။

ဇွန်လ ၂၆ရက်တွင် ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် PDF ပူးပေါင်းတပ်များကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ပြီး စစ်သုံ့ပန်း ၂၂ဦးနှင့် လက်နက်ခဲယမ်းများစွာကို KNLA ပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့သည်။

ထိုသို့ စစ်ရေးအရ အထိနာသည့် စစ်ကောင်စီတပ်က ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီးများ အသုံးပြု တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာရာ အရပ်သားထိခိုက်သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီတပ်များသည် ညောင်လေးပင်ခရိုင်( ခလယ်လွီထူခရိုင်)ရှိ မြို့နယ် ၃ခုဖြစ်သော ကျောက်ကြီး(လယ်ဒို)၊ ရွှေကျင်(ဆောထိ) ၊ မုန်း(မူး)မြို့နယ်များရှိ ကျေးရွာများကို နေ့စဥ်နေ့တိုင်း လက်နက်ကြီးများပစ်ခတ်လျက်ရှိဟု KNUက ထုတ်ပြန်ထားသည်။

စစ်ဘေးရှောင်နေရာများပါ မကျန် ပစ်မှတ်ထားပစ်ခတ်တိုက်ခိုက်နေ၍ အပြစ်မဲ့အရပ်သားပြည်သူများ စိုးရိမ်ကြောက်ရွံမှုများစွာဖြင့် လုပ်ကိုင်စားသောက်သွားလာနေထိုင်နေကြရဟု KNUက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဝေါရွာသစ်ကျေးရွာကို စစ်တပ်က လေကြောင်းနဲ့ကော လက်နက်ကြီးနဲ့ပါ တိုက်ခိုက်လို့ ကလေးတစ်ဦး အပါအဝင် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး နို့စို့ကလေး အပါအဝင် ၁၇ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူ ၅ဦး ဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

သတင်း

ဇွန် ၂၉ ရက်ည​နေပိုင်းဗုံးကြဲမှုတွင် ပြည်သူ ၄ ဦးဒဏ်ရာရပြီး ​အ​ဆောက်အအုံ ၁၀ လုံးပျက်စီး

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊လက်ပန်လှကျေးရွာကို စစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံးကာ နေအိမ်‌၃လုံးပျက်ဆီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖ သတင်းတာဝန်ခံဆီကသိရပါတယ်။