Hi, what are you looking for?
ပဲခူးတိုင်းအတွင်း ကျောက်ကြီး၊ ကျောက်တံခါး၊ ဖြူး၊ ညောင်လေးပင် မြို့နယ်များအတွင်းရှိ စစ်ကောင်စီ၏ ဂိတ်စခန်းများနှင့် ကာကင်းစခန်းများကို ဖေဖော်ဝါရီ ၁၅ရက်ညပိုင်းက တပြိုင်တည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းပြန်ကြားရေးဌာနတို့က ယနေ့(ဖေဖော်ဝါရီ ၁၆ရက်) အသိပေးထုတ်ပြန်သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်အတွင်းရှိ ကျောက်ကြီး(လယ်ဒို)မြို့နယ်နှင့် မုန်း(မူး)မြို့နယ်တို့တွင် စစ်ကောင်စီက ဒေသခံပြည်သူများကို ပစ်ခတ်တိုက်ခိုက်နေသည့်အပြင် ရေဘေးပါကြုံနေ၍ အရေးပေါ်အကူအညီများလိုအပ်နေကြောင်း လယ်ဒိုနှင့်မူး မြို့နယ်ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီ တို့က ထုတ်ပြန်သည်။