ဇူလိုင် ၇၊၂၀၂၅။ သုည/People’s Spring
ယနေ့ (ဇူလိုင် ၇) ကျရောက်သော (၆၃)နှစ် ဆဲဗင်း ဂျူလိုင် အထိမ်းအမှတ်နေ့အဖြစ် ရန်ကုန်မြို့တွင် တော်လှန်လူငယ်များက ဦးဆောင်ပြီး (၆၃)နှစ်ပြည့် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။
ယင်းလူငယ်များက လူစည်ကား YBS ဘက်စ်ကားများနှင့် မှတ်တိုင်များတွင် ( ၇.၇.၆၂ “ဆဲဗင်း ဂျူလိုင် သွေးကြွေးဆပ်၊ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်” ) စာသားပါ စတေကာများကို ကပ်၍ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။
ယင်းဆန္ဒပြ လှုပ်ရှားမှုကိုSPTSC (ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ) က လူငယ်များက ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement
