close
Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲဖြစ်နေတဲ့ မြဝတီမြို့တောင်ဘက်မှာ စစ်တပ်တိုက်ခိုက်လို့အရပ်သား ၉ ဦးဒဏ်ရာရ

ဝေါလေဗျူဟာကုန်းတိုက်ပွဲထိုင်းစစ်တပ်ဂျန်မာဖွင့်ပေးထားဟုကရင်စစ်ရေးသတင်းရင်းမြစ်ပြော

စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်လို့ တီသဲလယ်ရွာက နေအိမ်တစ်လုံး ပျက်စီးနေတာကို ဒီကနေ့ တွေ့ရစဉ်။ ဓာတ်ပုံ - ပေးပို့

“ထိုင်းကဝေါလေဘက်ကိုဂျန်မာဖွင့်ပေးထာတယ်။ သူတို့ကပေါ်ပေါ်တင်တင်ထောက်ခံတဲ့သဘောပေါ့။ဒါပေမယ့်တော်လှန်ရေးတပ်ဖွဲ့တွေက ရအောင်သိမ်းမှာပါ”

— ကရင်စစ်ရေးသတင်းရင်းမြစ်

ဇူလိုင် ၄၊ ၂၀၂၅။ People’s Spring

တိုက်ပွဲဖြစ်ပွားနေတဲ့ကရင်ပြည်နယ်မြဝတီမြို့နယ်တောင်ဘက်မှာစစ်ကောင်စီတပ်ပစ်ခတ်တိုက်ခိုက်လို့ တီသဲလယ်ရွာသား ခြောက်ဦးနဲ့ ဝေါလေမြို့ခံ သုံးဦး စုစုပေါင်း ၉ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လူထုနွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တော်လှန်ရေးတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဝေါလေဗျူဟာကုန်းစခန်းရှိရာ ဝေါလေမြို့ကိုဒီကနေ့(ဇူလိုင် ၄ရက်)မှာစစ်တပ်က ၁၂၀ မမလက်

နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာမှာအရပ်သား သုံးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် တော်လှန်ရေးတပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ဥကရစ်ထတပ်စခန်းအနီးကတီသဲလယ်ရွာက ကာကင်းစခန်းကို တော်လှန်ရေးတပ်တွေက တပြိုင်တည်း တိုက်ခိုက်နေရာ စစ်ကောင်စီက Y12လေယာဉ်နဲ့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ တီသလယ်ရွာသားခြောက်ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်နဲ့ ကားတွေလည်း ပျက်စီးခဲ့ရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“သေဆုံးတာတော့ မရှိဘူး။ဒီညနေ Y12ကြဲတာတော့ ခြောက်ဦးထိတယ်။ဒီနေ့ ရွာသားတွေ တော်တော်ထိတယ်။ အခုဒီတခါ စခန်းသိမ်းတွေက

တော့ အထိအခိုက်နည်းအောင် လုပ်နေပါတယ်”လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

မြန်မာ – ထိုင်းနယ်စပ်မျဉ်းအနီးက ဝေါလေဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲကြောင့် ဝေါလေမြို့ခံ ၃၀၀၀ ကျော်ဟာ ထိုင်းနိုင်ငံထဲကို တိမ်းရှောင်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲ တိုက်​နေစဥ်မှာထိုင်းစစ်တပ်က စစ်​ကောင်စီအတွက် ဂျန်မာ(Jammer)ဖွင့်ပေးထားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ထိုင်းကဝေါလေဘက်ကိုဂျန်မာဖွင့်ပေးထာတယ်။

သူတို့က ပေါ်ပေါ်တင်တင်ထောက်ခံတဲ့ သဘောပေါ့။ ဒါပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေက ရအောင်သိမ်းမှာပါ”လို့ ၎င်းက ပြောပါတယ်။

မြန်မာ−ထိုင်းနယ်စပ်၊ စစ်တပ်ရဲ့ခြေကုပ်စခန်းဖြစ်တဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၃ရက်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ၊ ဝေါလေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်တွေက ဇူလိုင် ၂ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)လက်အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)နဲ့ PDFပူးပေါင်း စစ်ကြောင်းတွေက KNU တပ်မဟာ(၇)၊ တပ်မဟာ(၆) ၊ တပ်မဟာ(၄)က ထိုင်းနယ်စပ်တ​​လျှောက်မှာရှိတဲ့ စစ်တပ်စခန်း​တွေကို ဧပြီလကစပြီထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်​နေတာပါ။

KNU ဌာနချုပ်ရှိတဲ့တပ်မဟာ (၇)က စခန်း​တွေကို ​မေလမှာဆက်တိုက်သိမ်းပိုက်ခဲ့ပြီးဇွန်လမှာ တပ်မဟာ(၆)က နယ်စပ်ကစစ်စခန်း​တွေကိုဆက်တိုက်သိမ်းပိုက်ခဲ့ပါတယ်။ဒါ​ကြောင့် အခုဆိုရင် မြဝတီမြို့​တောင်ဘက်မှာ ​ဝေါ​လေဗျူဟာ၊ ဥကရစ်ထစခန်း ၊တီသဲလယ်ကာကင်းစခန်းတို့ပဲကျန်ပါ​တော့တယ် ။ကျန်​နေတဲ့ စစ်စခန်း​တွေကို ဒီရက်မှာ KNLA ၊KNDO ၊PDFစတဲ့ ပူး​ပေါင်းတပ်​​တွေက အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်​နေပါတယ်။

တော်လှန်းရေးတပ်ဖွဲ့တွေဟာ ဥကရစ်ထတပ်စခန်းကို ပြီးခဲ့တဲ့ ဇွန်လ ၁၁ရက်က စတင်ပိတ်ဆို့ထားပြီး ရက်ပေါင်း ၂၀ကျော်အကြာမှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဥကရစ်ထရွာဟာ မြဝတီမြို့တောင်ဘက်လေးကေကော်ဒေသနှင့် မြဝတီမြို့ရဲ့ အရှေ့တောင်ဘက် ဝေါလေဒေသကို ဆက်သွယ်ထားတဲ့ ကားလမ်းကြောင်းပေါ်မှာ တည်ရှိပြီး စစ်ကောင်စီရဲ့ အဓိကတပ်စခန်းဟာ ဥကရစ်ထရွာရဲ့ မြောက်ဘက် ရွာလမ်းမကြီးဘေးမှာ တည်ရှိပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အရှေ့တောင်ဘက်မှာရှိတဲ့ စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်းတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကကာလရှည် ပိတ်ဆို့ဖြတ်​တောက်ထားတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်းဟာ ဝေါ်လေကျေးရွာရဲ့တောင်ဘက်မှာတည်ရှိပါတယ်။

အဲဒီ ဝေါလေဗျူဟာကုန်းနဲ့ ဥကရစ်ထတပ်စခန်းဟာ(၉)မိုင်လောက်ပဲ ကွာဝေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်တွင်တိုက်ပွဲဆက်ပြင်းထန်နေပြီး အေးမြသာယာရပ်ကွက်အတွင်း စစ်ကောင်စီစစ်ကြောင်းဝင်လာ၍ဒေသခံများညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေကြသည်။

သတင်း

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က ငါ့သရောက်ဒေသတိုက်ပွဲအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁၀ ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

သတင်း

တော်လှန်ရေးတပ်ဖွဲ့ရဲ့ကင်းစခန်းတခု စီးနင်းခံရကာ လက်နက်ခဲယမ်းတချို့ ဆုံးရှုံး

သတင်း

တိုက်ပွဲမဖြစ်လိုဘဲရွေးချယ်စရာမရှိ၍ဟု CDF ဟွာလ်ငိုးရမ်းပြော၊အမြန်ဆုံးဆွေးနွေးဖြေရှင်းလိုဟုCNDFပြော