close
Connect with us

Hi, what are you looking for?

သတင်း

ထိုင်းနိုင်ငံမှာ ပထမဆုံးပြမယ့်ပွဲစဉ်လက်မှတ် အားလုံးရောင်းကုန်သွားတဲ့ What Happened to The Wolf အားပေးမှုများလို့ပွဲစဉ်တွေ ထပ်တိုးထား

ထိုင်းနိုင်ငံမှာ ပထမဆုံးပြမယ့် ရုပ်ရှင်ပွဲစဉ် ၃ ပွဲအတွက် လက်မှတ်အားလုံးကုန်သွားပြီဖြစ်ပြီး လက်မှတ်ဝယ်ယူရာမှာ အဆင်မပြေမှုတွေ ကြုံခဲ့ရတဲ့အတွက် တောင်းပန်ကြောင်း What Happened to The Wolf ပေ့ခ်ျမှာ အသိပေးထားပါတယ်။

ဇူလိုင်-၄၊၂၀၂၅။ဆဏ်း/People’s Spring

ထိုင်းနိုင်ငံမှာ ပထမဆုံးပြမယ့် ရုပ်ရှင်ပွဲစဉ် ၃ ပွဲအတွက် လက်မှတ်အားလုံးကုန်သွားပြီဖြစ်ပြီး လက်မှတ်ဝယ်ယူရာမှာ အဆင်မပြေမှုတွေ ကြုံခဲ့ရတဲ့အတွက် တောင်းပန်ကြောင်း What Happened to The Wolf ပေ့ခ်ျမှာ အသိပေးထားပါတယ်။

“Wolf Teamအနေနဲ့ ပရိသတ်များ၏ အားပေးမှုကို အတိုင်းအတာပမာဏတခုထိ ပြင်ဆင်ထားခဲ့ပြီး ကြိုတင်တွက်ဆပြင်ဆင်ထားခဲ့ပါတယ်။ သို့ပေမယ့် ထိုင်းရောက်မြန်မာပရိသတ်များရဲ့ အားပေးမှုဟာ ထင်မှတ်ထားသည့် ပမာဏထက် အဆများစွာ သာလွန်နေခဲ့ပါတယ်။ ထိုသို့တခဲနက်အားပေးမှုများအတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်။ ” လို့What Happened to The Wolf ရဲ့ပေ့ခ်ျမှာအသိပေးထားပါတယ်။

ဒီနေ့မှာ ရုပ်ရှင်လက်မှတ်ဝယ်ယူသူ သောင်းနဲ့ချီ ရှိခဲ့ပြီး အစဉ်လိုက်ရောင်းချ‌ခဲ့ပေမယ့် အဆင်မပြေမှုတွေ ကြုံခဲ့ရသူတွေ အတွက် တောင်းပန်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၁၉ ရက်မှာ ဘန်ကောက်မြို့ MBK center၊ချင်းမိုင်မြို့ MAYA Lifestyle shopping centerနဲ့ မဲဆောက်မြို့ Robinson Lifestyle တို့မှာ ရှိတဲ့ SF cinema တွေမှာ ပြသမယ့်ပထမ‌ဆုံးပွဲစဉ် လက်မှတ်တွေကို ဒီနေ့(ဇူလိုင်၄)မှာ အွန်လိုင်းကနေရောင်းချပေးခဲ့တာပါ။

လက်မှတ်ခ ပေးချေပြီးပေမယ့် လက်မှတ်မရသေးသူတွေအတွက် ရုပ်ရှင်ပေ့ခ်ျမှာ လာပြောဖို့လည်း အသိပေးထားပါတယ်။

ပရိသတ်တွေရဲ့ အားပေးမှုများပြားတာကြောင့် ပွဲစဉ်တွေ ထပ်တိုးပြသပေးသွားမှာဖြစ်ပြီး တောင်းဆိုမှုများပြားတဲ့ မဟာချိုင်မြို့မှာလည်း ပြသပေးသွားမယ်လို့ဆိုပါတယ်။

ထပ်တိုးပွဲစဉ်တွေအနေနဲ့ ဘန်ကောက်၊ ချင်းမိုင် နဲ့ မဲဆောက်မှာ ဇူလိုင် ၂၀ ရက် ပွဲစဉ် သုံးပွဲစီနဲ့ မဟာချိုင်မှာတော့ ဇူလိုင် ၁၉ ရက်မှာ တစ်ပွဲ ၊ ဇူလိုင် ၂၀ မှာ သုံးပွဲ ပြသသွားမှာဖြစ်ပါတယ်။

“ပရိသတ်များအတွက် ပိုမိုအဆင်ပြေကောင်းမွန်တဲ့ Ticketing System ဖြင့် လက်မှတ်များ ပြန်လည်ရောင်းချမည့်နေ့ကို ဆက်လက်ပြီး ကြေငြာပေးသွားပါမယ်။” လို့ နောက်ထပ်ပြသပေးမယ့် ပွဲစဉ်တွေ အတွက် အသိပေးထားပါတယ်။

ရုပ်ရှင်လက်မှတ်တွေကို မှောင်ခိုဝယ်ယူလို့ရတယ်ဆိုတဲ့ အကြောင်းအရာပြန့်နှံ့နေတဲ့အပေါ်မှာလည်း ရုပ်ရှင်လက်မှတ်တွေကို တစ်ဦးတည်း အများအပြား ရောင်းချထားတာ မရှိသလို ပြန်လည်ရောင်းချခွင့်မပြုမထားတာ‌ကြောင့် ပရိသတ်တွေ အလိမ်မခံရအောင် ပြင်ပကနေ လက်မှတ်မဝယ်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

ဒီရုပ်ရှင်က ဒါရိုက်တာဏကြီးနဲ့ ပိုင်ဖြိုးသုတို့ ကိုယ်ပိုင်ထုတ်လုပ်ရေးကနေ ရိုက်ကူးထားတဲ့ ပထမဆုံးကားဖြစ်ပြီး အိန္ဒြာကျော်ဇင်နဲ့ ပိုင်ဖြိုးသုတို့က အဓိကပါဝင်သရုပ်ဆောင်ထားတာပါ။

ဒီရုပ်ရှင်ပြသတာက တော်လှန်ရေးရန်ပုံငွေ အတွက်မဟုတ်ပဲ သူတို့ရဲ့ ကိုယ်ပိုင်အလုပ်အနေနဲ့ ပြသတာလို့ ရုံမတင်မီအချိန်ကတည်းကဒါရိုက်တာ ဏကြီးကပြောကြားထားပါတယ်။

What Happened to The Wolf ရုပ်ရှင်ကို ရုံတင်ဇာတ်ကားအနေနဲ့ စင်ကာပူနိုင်ငံမှာ ပထမဆုံးပြသခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း ဩစတေးလျ ၊ အမေရိကန် ၊ ဂျပန် နိုင်ငံက မြို့တွေနဲ့ လန်ဒန်မြို့မှာ ဇူလိုင် ၊ ဩဂုတ်လအတွင်း ပြသသွားမှာဖြစ်ပါတယ်။

ပထမဆုံးစင်ကာပူပွဲစဉ်မှာ ရုံပြည့်ရုံလျှံအားပေးခဲ့ကြသလို အမေရိကန် နဲ့ ဩစတေးလျနိုင်ငံ တွေမှာပြသတဲ့ ပွဲစဉ်တွေကိုလည်း ပရိသတ် အများအပြားလာရောက်အားပေးခဲ့တယ်လို့ သိရပါတယ်။

What Happened to The Wolf ရုပ်ရှင်ကို World Premiere အနေနဲ့ ဂျာမဏီနိုင်ငံ၊ Oldenburg မြို့မှာ ကျင်းပခဲ့တဲ့ Internationales Filmfest Oldenburg (2021) မှာ ပြသခဲ့ပြီး အဲဒီ့ရုပ်ရှင်ပွဲတော်အပါအဝင် တခြားရုပ်ရှင်ပွဲတော်တွေကနေလည်း ဆုတွေရရှိထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

“What happened to the wolf?”ရုပ်ရှင်ကို ဇူလိုင် ၁၉ ရက်မှာ ထိုင်းနိုင်ငံရဲ့ မြို့ သုံးမြို့ မှာ တပြိုင်တည်း ပြသသွားဖို့ရှိပါတယ်။

သတင်း

တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး အွန်လိုင်းကနေ ငွေကြေးလိမ်လည်နေတဲ့ မြန်မာတွေ အပါအဝင် နိုင်ငံခြားသား ၁၇ ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ထိုင်းနိုင်ငံအတွင်း နေထိုင်နေကြသည့် မြန်မာနိုင်ငံသားများအား အသိပေး မေတ္တာရပ်ခံချက် ထုတ်ပြန်

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေတဲ့အချိန် မြန်မာတွေ အပါအဝင် မသင်္ကာစရာ နိုင်ငံခြားသား ၈ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ထိုင်းရဲတွေက ထုတ်ပြန်ခဲ့ပါတယ်။