close
Connect with us

Hi, what are you looking for?

သတင်း

ကမ္မ-ပေါက်လမ်းပိုင်းရောက် စစ်ကောင်စီစစ်ကြောင်း လေကြောင်းပစ်ကူယူ၍ ရှေ့တိုးနေ

မကွေးတိုင်း၊ ပေါက်မြို့သို့ စစ်ကောင်စီစစ်ကြောင်းဦးတည်နေစဉ် ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက ကမ္မ-ရေပြာလမ်းပိုင်းတစ်လျှောက်ကို Y-12 လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည်။

စစ်ကောင်စီယာဥ်တန်း ပခုက္ကူမြို့မှ ထွက်ခွာလာစဥ်

ဇူလိုင်-၄၊ ၂၀၂၅။ ဇော်ရမ်း/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့သို့ စစ်ကောင်စီစစ်ကြောင်းဦးတည်နေစဉ် ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက ကမ္မ-ရေပြာလမ်းပိုင်းတစ်လျှောက်ကို Y-12 လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည်။

ယနေ့ နံနက် ၆ နာရီခန့်မှစတင်၍ Y-12 လေယာဉ်ဝဲပြီး ၆နာရီခွဲခန့်တွင် ဗုံးကြဲခြင်းဟု ပေါက်မြို့ခံတစ်ဦးက ပြောသည်။

“အောက်က ကားတန်းက အစီးရေ ရာချီတယ်။ တက်မတောင်ကို ကျော်လာပြီ။ ပေါက်မြို့နယ်ထဲကို ဝင်ဖို့ လုပ်နေတာ။ လေကြောင်းက ဗုံးတွေ အများကြီးကြဲတာပါ”ဟု အဆိုပါ ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ နံနက် ၆နာရီခွဲမှ ၉နာရီခန့်အထိ ဗုံးကြဲခဲ့ပြီး အရပ်သားထိခိုက်မှု ရှိ၊မရှိ မသိရသေးပေ။

“ပေါက်မြို့နယ်ထဲကို ကြဲတာပါ။ အရပ်သား အထိအခိုက် ရှိ၊မရှိ အတည်မပြုနိုင်သေးပါဘူး” ဟု ပခုက္ကူမြို့နယ် လူသားချင်းစာနာထောက်ထားရေးတာဝန်ခံက ပြောသည်။

ပေါက်မြို့သို့ ဦးတည်နေသော စစ်ကောင်စီစစ်ကြောင်းသည် ပခုက္ကူမြို့၊ အမှတ်(၁၀၁)‌ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ ခြေလျင်တပ်ရင်းများဖြစ်သည့် ခလရ(၂၅၁၊ ၁၅၂၊၂၅၄၊၂၅၇၊၂၅၈၊၂၅၉၊ ၂၃၅)၊ ပြည်သူ့စစ်သင်တန်းအပတ်စဉ် ၅၊၆၊၇၊၈၊၉မှ သင်တန်းဆင်းများလည်းပါဝင်သည့် စစ်ကြောင်းဖြစ်သည်။ မေလ ၂၉ရက်မှစ၍ ကမ္မမြို့သို့ ဝင်ရောက်လာပြီး ယခုရက်ပိုင်းတွင် ပေါက်မြို့သို့ ဆက်လက်ထွက်ခွာနေခြင်းဖြစ်သည်။

စစ်ကောင်စီယာဉ်တန်းသည် ကမ္မနှင့် ပေါက်မြို့ကြားရှိ တက်မတောင်၊ သာကြီး‌တောင်ကြား၌ ရှိနေကြောင်းသတင်းရရှိသည်။ ပေါက်နှင့် ထီးလင်းမြို့ကြားရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ(၂၄)ကို ဦးတည်နေသည်ဟု ကာကွယ်ရေးရဲဘော်များကပြောသည်။ ကပစ(၂၄)ကို တော်လှန်ရေးအင်အားစုများက လျှပ်စစ်မီးနှင့် ရိက္ခဖြတ်တောက်ထား၍ စစ်ကောင်စီက ရိက္ခာ၊ လူအင်အားဖြည့်တင်းရန် ကြိုးပမ်းနေသည်ဟု သတင်းရရှိသည်။

လက်ရှိတွင် ကမ္မမြို့ပေါ်၌ စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းကျန်ရစ်ခဲ့သည်။ ကမ္မ မြို့ပေါ်နေလူဦးရေ၏ ၉၀ ရာခိုင်နှုန်းခန့်သည် စစ်ဘေးရှောင်နေရပြီး အကူအညီများပေးကြရန် ပခုက္ကူမြို့နယ်လူသားချင်းစာနာထောက်ထားရေးတာဝန်ခံက အကူအညီတောင်းထားသည်။ စစ်ကောင်စီစစ်ကြောင်းစတင်ဝင်လာ၍ ပေါက်မြို့နယ်မှ ဒေသခံများလည်း စစ်ဘေးရှောင်ရန် စီစဉ်နေရပြီဟု သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ပြင်ဦးလွင်ကနေလာတဲ့ စစ်ကြောင်းက မြို့နဲ့ လေးမိုင်လောက်ပဲကွာဝေးတဲ့ ကျောက်ကြမ်းကျေးရွာနားကို ရောက်လာနေပြီလို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ကမ္မမြို့သို့ တစ်လနီးပါးကြာရောက်ရှိနေသော စစ်ကောင်စီတပ်ရင်းများသည် အင်အား ၁၀၀ ကျော်ရှိသော စစ်ကြောင်းတစ်ကြောင်းချန်ထားခဲ့ပြီး ပေါက်မြို့သို့ ဆက်လက်ထွက်ခွာသွားသည်။

သတင်း

သီးကျစ်ကျေးရွာသို့ ခရီးတစ်ထောက်ရောက်ရှိနေသော CNDF တပ်ဖွဲဝင်များအား CDF ဟွာလ်ငိုရမ်ကဝိုင်းရံပိတ်ဆို့ပြီးစတင်ပစ်ခတ်ရာမှတိုက်ပွဲဖြစ်ဟုCNDF အသိ​ပေး

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပြီး ပြင်ဦးလွင်ကနေလာတဲ့ စစ်ကြောင်းက အုမ္မခါးရွာအထိရောက်လာပြီး နောင်ချိုမြို့နဲ့ နီးကပ်လာနေပြီလို့ နောင်ချိုမြို့ခံတွေက ပြောပါတယ်။