close
Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့အဝင်တွင် စစ်ကောင်စီ လက်နက်ကြီးများ တပ်ဆင်

တရုတ်အကူအညီဖြင့် လားရှိုးမြို့ကို ပြန်ရပြီးနောက် တဖြည်းဖြည်း အင်အားဖြည့်နေသည့် စစ်ကောင်စီတပ်က လားရှိုးမြို့အဝင် ခလရ(၄၁) အနီးရှိ ၄၁ ဂိတ်တွင် လက်နက်ကြီးများတပ်ဆင်လိုက်သည်။

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ကိုးကန့်တပ် MNDAAနှင့်မဟာမိတ်တပ်များ သိမ်းပိုက်ခဲ့စဥ်။ ဓာတ်ပုံ - The Kokang

ဇူလိုင်-၃၊ ၂၀၂၅။ ကဖေး /People’s Spring

တရုတ်အကူအညီဖြင့် လားရှိုးမြို့ကို ပြန်ရပြီးနောက် တဖြည်းဖြည်း အင်အားဖြည့်နေသည့် စစ်ကောင်စီတပ်က လားရှိုးမြို့အဝင် ခလရ(၄၁) အနီးရှိ ၄၁ ဂိတ်တွင် လက်နက်ကြီးများတပ်ဆင်လိုက်သည်။

“မနေ့က စပြီး တွေ့တာပါ။ အမြောက်လို လက်နက်ကြီးတွေ ရှစ်ခုမကဘူး တွေ့တယ်။ ၄၁ဂိတ်က ကျောက်မဲဘက်ကနေအဝင်မှာ အချက်အချာချတဲ့နေရာ။ လက်နက်ကြီး‌တွေက ပတ်ချာလည်ကို ချိန်ထားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ခလရ(၄၁)သည် ပြည်‌ထောင်စုလမ်းမအတိုင်း လားရှိူးမြို့သို့ ကျောက်မဲ-မယ်ဟန်၊ နောင်မွန် ဘက်မှအဝင် ကြိုဆိုပါ၏ ဆိုင်းဘုတ်အနီး၌ ရှိသည်။ လမ်းပေါ်တွင် ဂိတ်ဖွင့်၍ ‌ငွေတောင်းသောကြောင့် ၄၁ဂိတ်ဟု လူသိများသည်။ ခလရ(၄၁)ကို ၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၃ရက်တွင် MNDAAနှင့် မဟာမိတ်တပ်များက သိမ်းယူခဲ့ဖူးသည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီနဲ့ ကိုးကန့်တွေ တွဲလျက်တွေ့တာလည်း ရှိတယ်။ နောက်ပြီး စစ်ကောင်စီက တဖြည်းဖြည်း အင်အားဖြည့်နေတယ်။ စစ်ရေးပါ ပြင်နေသလိုမြင်ရပါတယ်”ဟု ဒေသခံ သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီသည် ပြီးခဲ့ပြီး ဇွန်လလယ်ကလည်း နောင်မွန်ဘက်မှ ဝင်လာသည့် ကားများဖြင့် လားရှိုးမြို့ကို အင်အားရာချီဖြည့်ခဲ့သည်ဟု သိရသည်။

၁၀၂၇ စစ်ဆင်ရေးနှင့်အတူ MNDAAနှင့် မဟာမိတ်တပ်များက သိမ်းယူခဲ့သည့် လားရှိုးမြို့ကို တရုတ်အစိုးရအကူအညီဖြင့် စစ်ကောင်စီက ဧပြီလတတိယလပတ်ထဲတွင် ပြန်ဝင်လာပြီး မြို့ပေါ် ရပ်ကွက် ၁၂ခုကို အုပ်ချုပ်ခွင့်ရထားသည်။ တရုတ်၊ MNDAA နှင့် စစ်ကောင်စီကြား၌ မည်ကဲ့သို့အပေးအယူရှိသည်ကို မသိရှိရသေးပေ။ တရားဝင်သတင်းထုတ်ပြန်ခြင်းလည်း မရှ်ိပေ။ လက်ရှိတွင် စစ်ကောင်စီက လားရှိုးမြို့၌ လဝက၊ ကျန်းမာရေးဌာန၊ ထွေအုပ်နှင့် ပညာရေးဌာနများဖွင့်လှစ်ထားပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်အောင် စစ်ကောင်စီကကြိုးစားနေဆဲဖြစ်သည်။

ဇွန်လ ၃၀ရက်ကလည်း လားရှိုးမြို့တွင် စစ်ကောင်စီနှင့် MNDAAအရာရှိအချို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ တွေ့ဆုံမှုများ၊ ဆွေးနွေးမှုများကို နှစ်ဖက်စလုံးက သတင်းထုတ်ပြန်လေ့မရှိပေ။

MNDAAသည် လားရှိုးမြို့ကိုသိမ်းယူစဉ်က ပြည်သူလူထုဆန္ဒအတိုင်း စစ်အာဏာရှင်ပြုတ်ကျသည့်အထိ တိုက်ခိုက်သွားမည်ဟု မကြာခဏထုတ်ပြန်ခဲ့သည်။ သို့သော် တရုတ်အစိုးရ၏ အစီအစဉ်ဖြင့် လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲ ပြန်အပ်သည့်ဖြစ်စဉ်အပါအဝင် လားရှိုးမြို့အရေးနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်းမရှိတော့ပေ။

ဆက်စပ်သတင်းများ

သတင်း

​တိုက်​လေယာဥ်ဟာ FTC-2000G အမျိုးအစား ဖြစ်ပြီး ၊​လေယာဥ်ပျက်အနီးအ​လောင်း ၂ ​လောင်း​တွေ့

သတင်း

ကရင်ပြည်နယ် မြ၀တီ အာရှလမ်းပိုင်းကိုပြန်လည်စိုးမိုးထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသည့် စစ်ကောင်စီ၏ အောင်ဇေယျ စစ်ဆင်ရေးမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားများအနက် စစ်ကောင်စီကို ပြန်တော်လှန်လိုသူများကို ကရင်အမျိုးသားအစည်းအရုံး(KNU)ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်က သင်တန်းပေးခဲ့ကြောင်း KNU သတင်းရင်းမြစ်က ပြောသည်။

သတင်း

​စစ်​ကောင်စီ နဲ့ အဆက်အသွယ်စပြတ်သွား​တယ်ဆိုတဲ့နေရာဝန်းကျင်ဟာကရင် နဲ့ ကရင်နီနယ်စပ် ဖြစ်​နေ၊ တိုက်ပွဲ​တွေပြင်းထန်​နေတဲ့ဖား​ဆောင်းမြို့နဲ့အကြမ်းဖျင်း၂၄ မိုင်​ကျော်အကွာအ​ဝေးမှာဖြစ်

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က ယနေ့ ဇူလိုင် ၂ ရက်တွင် ကျေးရွာနှစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မင်းလှမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။