ဇူလိုင်-၃၊၂၀၂၅။ရဲခေါင်/People’s Spring
စစ်ကောင်စီပျောက်ဆုံးနေတဲ့ တိုက်လေယာဥ်ဟာကရင်နီပြည်နယ် ဖားဆောင်းမြို့နယ်၊ခဲမဖြူကျေးရွာ အနီးမှာပျက်ကျနေတာကို တွေ့ရပြီလို့KNDF တာဝန်ရှိသူက လူထုနွေ ကိုပြောပါတယ် ။
တိုက်လေယာဥ်ပျက်ကျတဲ့နေရာဟာ ကရင်နီတော်လှန်ရေးတပ်တွေ စိုးမိုးဒေသဖြစ်ပါတယ် ။
စစ်တပ်တိုက်လေယာဉ်ဟာ FTC-2000G အမျိုးအစား ဖြစ်တယ်တယ်လို့သိရပါတယ်။လေယာဉ်အမြီးနံပါတ် ၁၄ နဲ့ စတာဖြစ်လို့ FTC-2000G လို့ အတည်ပြုနိုင်တာ ဖြစ်တယ်လို့ပြောပါတယ်။

Public Service Announcement
ပျက်ကျသည့်လေယာဥ် အစိတ်အပိုင်းတွေရဲ့အနီးမှာရုပ်အလောင်းနှစ်လောင်းကို ပါ တွေ့ရှိရတယ်လို့သူကဆက်ပြောပါတယ်။ဒါကြောင့် လေယာဥ်မှူး ၂ ဦးစလုံးဟာ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။
KNDF ဒုစစ်ဦးစီးချုပ်မာဝီကလည်း “အသိပေးရမှာ သေချာပြီမလို့ အသိပေးလိုက်သည် ငှက်တစ်ကင် တပ်ရင်းတစ်ရင်း ကရင်နီမှာဖြစ်သည် ကရင်နီစစ်သည်တွေရဲ့ လက်ချက်ဖြစ်သည်” လို့တိုက်လေယာဥ်ပျက်ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်တွေ နဲ့အတူ ရိုက်ထားတဲ့ဓါတ်ပုံတွေနဲ့အတူ ဖေစ်ဘွခ်မှာ ဇူလိုင် ၃ ရက် မွန်းလွဲ ၃ နာရီခန့်မှာ ပို့စ်တင်ရေးသားထားပါတယ်။
စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးလေယာဥ် ၁ စင်းဟာ ဇူလိုင် ၁ ရက်ညမှာခရီးဝေးလေ့ကျင့်ပျံသန်းစဥ်နေပြည်တော်ရဲ့အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာအကွာမှာရုတ်တရက်ရေဒါမြင်ကွင်းကပျောက်ကွယ်ပြီး အဆက်အသွယ်ပြတ်တောက်သွားတာလို့ စစ်ကောင်စီက ဇူလိုင် ၃ ရက်မနက်မှာထုတ်ပြန်ခဲ့ပါတယ် ။
တာဝန်ရှိသူတွေရဲ့ ပဏာမစစ်ဆေးချက်အရ စက်ချွတ်ယွင်းမှု ဒါမှမဟုတ် ရုတ်တရက်ရာသီဥတု ဆိုးရွားမှုကြောင့်ဖြစ်နိုင်တယ်လို့လည်းဆိုပါတယ် ။
အဆက်အသွယ်ပြတ်တောက်ခဲ့တဲ့နေရာကို ရာသီဥတုဆိုးရွားနေပေမယ့် ရှာဖွေကယ်ဆယ်ရေးစေလွှတ်ဖို့ဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ် ။
ဒါအပြင်အဆက်အသွယ်ပြတ်တောက်ခဲ့တယ်ဆိုတဲ့ နေပြည်တော် ရဲ့အရှေ့တောင်ဘက်နဲ့ ကီလိုမီတာ ၁၃၀ အကွာ (မိုင် ၈၀ ဝန်းကျင်)ဆိုတာ အဖြောင့်တိုင်းရင် အကြမ်းဖျင်းကရင် နဲ့ ကရင်နီပြည် အစပ်တွေဖြစ်နေပါတယ်။ကရင်နီပြည်မှမော်ချီး၊ဖားဆောင်း ၊ ကရင် ပြည်နယ်မှာဆိုရင် ဘောဂလိ ၊သံတောင်ကြီးဝန်းကျင်တဝိုက်ဖြစ်နေပါတယ်။အဆိုပါဒေသတွေမှာလတ်တလောတိုက်ပွဲတွေဖြစ်နေပါတယ်။
အထူးသဖြင့် ကရင်နီတပ်ပေါင်းစုက ဖားဆောင်းမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ စစ်တပ်ရဲ့ လက်ကျန်တပ်ရင်း နှစ်ခုကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ပြင်းအထန်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။ အခုတိုက်လေယာဥ်နဲ့ရေဒါမှစပျောက်အဆက်အသွယ်ပြတ်သွားတဲ့ဆိုတဲ့နေရာဟာဖားဆောင်းမြို့နဲ့ အကြမ်းဖျင်း၂၄ မိုင်ကျော်(၄၀ ကီလိုမီတာ)ဝန်းကျင်ပဲကွာဝေးပါတယ်။
ဓါတ်ပုံ – ပေးပို့
