close
Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းဘေး လဲကျသေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းတွေ့

မန္တလေးမြို့ ၊ အမရပူရမြို့နယ် ၊ ရန်ကုန် – မန္တလေးအမြန်လမ်းဘေးမှာ သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းကို မနေ့ ( ဇူလိုင် ၁ ရက်) မနက်ပိုင်းကတွေ့ခဲ့ရတယ်လို့လူမှုကူညီရေးအသင်းထံကသိရပါတယ်။

အမြန်လမ်းဘေးမှာ သေဆုံးနေတဲ့အမျိုးသားရုပ်အလောင်းကို လူမှုကူညီရေးအသင်းက မန္တလေးဆေးရုံကြီးဆီ သယ်ယူပို့ဆောင်ပုံ။ ဓာတ်ပုံ - မြရည်နန္ဒာလူမှုကူညီရေးအသင်း/FB

ဇူလိုင် – ၂ ၊၂၀၂၅ ၊ဆိုင်းမင်း/People’s Spring

မန္တလေးမြို့ ၊ အမရပူရမြို့နယ် ၊ ရန်ကုန် – မန္တလေးအမြန်လမ်းဘေးမှာ သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းကို မနေ့ ( ဇူလိုင် ၁ ရက်) မနက်ပိုင်းကတွေ့ခဲ့ရတယ်လို့လူမှုကူညီရေးအသင်းထံကသိရပါတယ်။

မနေ့ မနက်ပိုင်း ၁၁ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန် – မန္တလေး အမြန်လမ်းမိုင်တိုင် ၃၆၃ မိုင် ၊ ၆ ဖာလုံ အနီး ၊ ချောင်းဘေးမှာ ပက်လက်အနေအထားနဲ့သေဆုံးနေတဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသားရုပ်အလောင်းကိုတွေ့ခဲ့တာပါ။

အလောင်းမှာ ပြင်ပဒဏ်ရာမတွေ့ရဘူးလို့ ကနဦးသိထားရပြီးသေဆုံးရတဲ့အကြောင်းရင်းကိုတော့မသိရသေးပါဘူး။

Public Service Announcement

Public Service Announcement

ဇူလိုင်လ ၃၀ ရက် နေ့ခင်းပိုင်း ၂ နာရီခွဲခန့်ကလည်း အမရမြို့နယ် ၊ စွယ်တော်ဘုရားအနီးမှာ အသက် ၂၈ နှစ်အရွယ် အမျိုးသား တစ်ဦး လမ်းဘေးမှာ လဲကျနေလို့ လူမှုကူညီရေးအသင်းက ဆေးရုံပို့ပေးပေမယ့် ဆုံးပါးသွားတယ်လို့သိရပါတယ်။

” အဟာရပြတ်ပြီးသေဆုံးသွားတာ၊သူ့ကို ဆေးရုံမှာလိုအပ်တာ ကူညီလုပ်ဆောင်ပေးခဲ့ပါတယ် ၊အခုထိတော့ လူနာရှင်မပေါ်သေးဘူးဗျ”လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။

အဲဒီအမျိုးသားဟာ ဆေးရုံရောက်ပြီး နောက်ရက် ဇူလိုင် ၁ ရက် ည ၉ နာရီ ၄၀ မိနစ်သေဆုံးသွားတာလို့သိရပါတယ်။ ဒေသခံအချို့ ရဲ့ပြောပြချက်အရတော့ သူဟာ အိမ်ခြေရာမဲ့တစ်ဦးလို့သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှာ လမ်းဘေးမှာ အာဟာရပြတ်လပ်သေဆုံးတဲ့ရုပ်အလောင်းတွေ ၊ ဓားဒဏ်ရာ ၊ ရိုက်နှက်ညှင်းပန်းထားတဲ့ ဒဏ်ရာဒဏ်ချက်တွေ နဲ့စွန့်ပစ်ထားတဲ့ ရုပ်အလောင်းတွေကိုဒေသခံတွေ မကြာခဏ တွေ့လာရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးPDFက ယခုလိုစစ်ဆေးမှုတွေပြုလုပ်အပြီးမှာ စစ်ကောင်စီတပ်တချို့နဲ့ပြည်သူ့စစ်တွေအဲဒီနေရာကိုရောက်လာသေးတယ်လို့ ပြည်သူတွေဆီကသိရပါတယ်။

သတင်း

ရန်ကုန် − မန္တလေး အမြန်လမ်း မိုင်တိုင်(၃၁၉)ရှိ စစ်ကောင်စီ၏ တဇောက်ချောင်းတံတားရဲကင်းစခန်းအား တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

သတင်း

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် တက်နေလင်းခရီးသည်တင်ကားတိမ်းမှောက်ပြီး အမျိုးသမီး နှစ်ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရခဲ့​သည်။

သတင်း

ရန်ကုန် - မန္တလေးအမြန်လမ်းတွင် ရမည်းသင်းရေဘေးလှူဒါန်းပြီး ပြန်လာသည့်သံဃာတော်များ၏ ကားတစ်စီး တိမ်းမှောက်ခဲ့ရာ ကားပေါ်ပါ သံဃာတော်များ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။