close
Connect with us

Hi, what are you looking for?

သတင်း

ဖား​ဆောင်းတိုက်ပွဲတွင် ရဲ​ဘော်တဦးကျဆုံး​ကြောင်းဖား​ဆောင်းPDF ထုတ်ပြန်

ကရင်နီပြည်နယ်၊ဖားဆောင်းမြို့တိုက်ပွဲတွင် ရဲဘော်တစ်ဦးကျခဲ့ကြောင်း ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် က ယနေ့(ဇူလိုင် ၁ ရက်)တွင် ထုတ်ပြန်သည်။

ဖား​ဆောင်းမြို့တိုက်ပွဲတွင် ကျဆုံးခဲ့​သော ရဲ​ဘော်​ကျော်စိုး ၏ နာ​ရေးအခမ်းအနား။ ဓါတ်ပုံ-ဖား​ဆောင်းPDF

ဇူလိုင်-၁၊၂၀၂၅။ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ဖားဆောင်းမြို့တိုက်ပွဲတွင် ရဲဘော်တစ်ဦးကျခဲ့ကြောင်း ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ် က ယနေ့(ဇူလိုင် ၁ ရက်)တွင် ထုတ်ပြန်သည်။

ဇွန်လ ၂၆ ရက်နေ့တွင်ဖားဆောင်းပြည်သူ့ကာ ကွယ်ရေးတပ်မှ အသက် ၄၀ အရွယ် ရဲဘော်ကျော်စိုး(ခ)ဆိုင်မောင်းသည် စစ်တပ်၏ အမှတ် (၁၃၄)​ခြေလျင်တပ်ရင်း( ခလရ -၁၃၄)ကိုတိုက်ခိုက်​သောတိုက်ပွဲ၌မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ခြင်းဟု ​ဖော်ပြထားသည်။

“တိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်း။မနေ့က(ဇွန်လ ၃၀ ရက်)ဆို ဂျက်လေယာဥ်နှစ်စီးနဲ့ကို ဗုံးလာကြဲ တယ်လိုသိရတယ်”ဟု ကရင်နီစစ်ဘက်သတင်းဘရင်းမြစ်က ဖားဆောင်းတိုက်ပွဲနှင့်ပတ်သက်၍ လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ဇွန်လ ၂၅ ရက် နံနက်ပိုင်းက ကရင်နီပူးပေါင်းတပ်များသည် ဖားဆောင်းမြို့တွင် ကျန်ရှိသော ခလရ ၁၃၄ နှင့် ၁၃၅ တပ် နှစ်ခု ကို ထိုးစစ်အရှိန်မြှင့်ခဲ့ ကြောင်း စစ်ဘက်သတင်းရင်းမြစ်များက​ပြောထားသည်။

တိုက်ပွဲရက်များတွင်ရဲဘော်သုံးဦးကျဆုံးခဲ့သည်ဟြ ကရင်နီပြည် ပြည်သူ့လွတ် မြောက်ရေးတပ်မတော် KPLA တပ်ရင်းများက ထုတ်ပြန်ထားသည်။

ဖားဆောင်းမြို့တွင် စစ်တပ်၏အခြေစိုက်စခန်း ခလရ ၁၃၄၊၁၃၅ သည် ဓားလွယ်ခုတ်အနေအထားရှိပြီး တပ်နှစ်ခုကြား ပေ ၃၀၀၀ ဝန်းကျင်ကွာဝေး သည်။ဘောလုံးကွင်းသုံးကွင်းကျော် အကျယ်စီရှိသည့် ထိုတပ်နှစ်ခုတွင် ဘန်ကာ များစွာဖြင့် အခိုင်အမာခံစစ် ပြင်ထားကြောင်း သိရသည်။

ဖားဆောင်းမြို့နယ်၏အရှေ့ဘက်ခြမ်းတွင် ကရင်နီတပ်ပေါင်းစုကသိမ်းပိုက်ထားပြီးဖြစ်သောမယ်စဲ့မြို့နယ်ရှိကာအနောက်ဖက်ခြမ်းတွင်ကရင် ပြည်နယ်သံတောင်ကြီး၊တောင်ဘက်ခြမ်းတွင်ဖာပွန်နှင့် မြောက်ဘက်ခြမ်းတွင်ဘောလခဲမြို့နယ်တို့ရှိသည်။

၂၀၂၄ ဖေဖော်ဝါရီ ၂၉ရက်တွင်စတင်သည့် ဖားဆောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်း ၉ ခုနှင့် ကာကင်းနေရာသုံးခုကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ပြီး အခြေစိုက်တပ် ရင်း(၂)ခု ဖြစ်သော ခလရ(၁၃၄)နှင့် ခလရ (၁၃၅) တပ်ရင်းသာ ကျန်ရှိနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ဖားဆောင်းမြို့သိမ်းတိုက်ပွဲ တကျော့ပြန်၍ ပြင်းထန်နေသည်။

သတင်း

ကရင်နီပူးပေါင်းတပ်ပိတ်ဆို့ထားသည့် ဖားဆောင်းမြို့၏ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် ခလရ (၁၃၄)နှင့် (၁၃၅)တပ်ရင်းအတွက် သောက်သုံးရေကိုပင်လေကြောင်းမှ ပို့နေရကြောင်း ကရင်နီပြည်ပြည်သူ့လွတ် မြောက်ရေးတပ်မတော် ဗဟိုစစ်ဦးစီး အမှတ်(၆၂၆)တပ်ရင်းတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

ဖားဆောင်းမြို့သိမ်းတိုက်ပွဲတွင် ကျန်ရှိသော စစ်ကောင်စီတပ်သားများအား တပ်ပေါင်းစုနှင့်အတူ ၀န်းရံပိတ်ဆို့ တိုက်ခိုက်လျှက်ရှိပြီး အဖက်ဖက်မှ စစ်ကူများမလာနိုင်ရန်လည်း ကြိုးပမ်းနေကြောင်း ဖားဆောင်း PDF က အသိပေးသည်။

သတင်း

လွိုင်ကော်မြို့​ပေါ်ရှိ မိုင်းလုံး (၁၁)ထပ်တိုက်၊ GTC ကျောင်း၊ နန့်ဘော်ဝမ်ရပ်ကွက် နှင့် နောင်ယားရပ်ကွက်တို့တွင် စစ်ကောင်စီက တပ်စွဲထားသည်။

Facebook