close
Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်အသက် (၈၀) ပြည့် မွေးနေ့အထိမ်းအမှတ် ရန်ကုန်မြို့တွင် “၈၀ချစ်တယ်” စာတန်းချိတ်ဆွဲ

ရန်ကုန်မြို့ ကမ္ဘာ​အေးဘုရားလမ်း​ပေါ်ရှိ ကမ္ဘာအေးဘုရားနှင့် ဂမုန်းပွင့်ကုန်တိုက် လူကူးဂုံးကျော်တံတားတွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် “၈၀ ချစ်တယ်”ဆိုသော စာတန်းကို ယနေ့ (ဇွန် ၁၉) နေ့လည်က ချိတ်ဆွဲခဲ့သည်။

ဓာတ်ပုံ - CJ

ဇွန်-၁၉၊၂၀၂၅။ သုည/People’s Spring

ရန်ကုန်မြို့ ကမ္ဘာ​အေးဘုရားလမ်း​ပေါ်ရှိ ကမ္ဘာအေးဘုရားနှင့် ဂမုန်းပွင့်ကုန်တိုက် လူကူးဂုံးကျော်တံတားတွင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် “၈၀ ချစ်တယ်”ဆိုသော စာတန်းကို ယနေ့ (ဇွန် ၁၉) နေ့လည်က ချိတ်ဆွဲခဲ့သည်။

အဆိုပါစာသားချိတ်ဆွဲ လှုပ်ရှားမှုကို ရန်ကုန်ပစ်တိုင်းထောင်သပိတ်အဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယနေ့ ကျ​ရောက်​သော ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့် မွေးနေ့တွင် စစ်ကောင်စီက လုံခြုံရေးများ တင်းတင်းကျပ်ကျပ်ချထားပြီး ဘုရားများတွင်လည်း လူထုခေါင်းဆောင်၏ မွေးနေ့ဆုတောင်းပွဲများ မပြုလုပ်နိုင်​စေရန် အရပ်ဝတ်နှင့်ပျူစောထီးများကို ​နေရာချထားကြောင်း ကင်းထောက်အဖွဲ့များက ဆိုသည်။

Public Service Announcement

Public Service Announcement

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် နိုင်ငံတဝန်းရှိ ပြည်သူများက မွေးနေ့ရှင် ကျန်းမာပါစေကြောင်း ဆုတောင်းမေတ္တာပို့သပြီး ဇွန် ၁၉ ပန်းသပိတ်ကိုလည်း နည်းလမ်းမျိုးစုံဖြင့် ပါဝင်ဆင်နွှဲနေကြသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်ဘေးစစ်ဒဏ် ခံနေရတဲ့ စစ်ကိုင်းနယ် ရွာတရွာကအသက် (၇၅)နှစ်အရွယ် ဒေါ်မြ(အမည်လွှဲ)ဟာ ဒီကနေ့ ဇွန်လ (၁၉)ရက် မနက်ပိုင်းက ဘုရားရှိခိုးတာ အရင်နေ့ကထက် ပိုကြာခဲ့တယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ဟာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)ပြည့် မွေးနေ့ဖြစ်တာကြောင့် သူမအတွက် ဘုရားမှာ ဆုတောင်းပေးနေလို့ပါလို့ ဒေါ်မြက ပြောတယ်။

သတင်း

မကွေး၊ စစ်ကိုင်းနှင့် ဖားကန့်မြို့နယ်တွင် သပိတ်အင်အားစု၊ ဒေသခံပြည်သူများ စုပေါင်း၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်နှင့် လူထုသပိတ်လှုပ်ရှားမှုများကို ယနေ့ ပြုလုပ်ခဲ့ကြသည်။

သတင်း

မန္တလေးမြို့ လူစည်ကားရာစျေးတစ်ခုတွင် သပိတ်အင်အားစုက လူငယ်များ ဦးဆောင်ကာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၀) ပြည့်မွေးနေ့ လူထုလှုပ်ရှားမှုကို ယနေ့ နံနက်က ပြုလုပ်ခဲ့သည်။

သတင်း

မြန်မာပြည်သူအားလုံး လွတ်မြောက်ချိန်တန်ပြီ၊ တော်လှန်ရေး အလုပ်များဗျူဟာမြောက်လုပ်ရန် တိုက်တွန်း