Hi, what are you looking for?
မန္တလေး၊ စစ်ကိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်အပါအဝင်နိုင်ငံတစ်ဝန်းမှာ သပိတ်အဖွဲ့တွေ၊ဒေသခံပြည်သူတွေကဒီကနေ့ (ဇွန်လ ၁၉)မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀) ပြည့်နှစ် မွေးနေ့အဖြစ် ပန်းသပိတ်နဲ့"ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံးလွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ"ဆိုတဲ့ကြွေးကြော်သံနဲ့ဆန္ဒပြပွဲတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
ဇွန်-၁၉၊ ၂၀၂၅။ People’s Spring ရန်ကုန်မြို့လယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ (၈၀) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေဖြင့် ရေဘဝဲ(ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှ “SUU 80th” စာသားအားကိုင်ဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့သည်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း လူထုနှင့်အတူ မွေးနေ့ဆုမွန်ကောင်းတောင်းအပ်ကြောင်း ရေဘဝဲအဖွဲ့က ဖော်ပြသည်။ ရုပ်သံ...
ရှစ်ဆယ်သက်ပြည့်သည်ကနေ့အားလုံးမမေ့ဆုတောင်းပွေ့သူမကိုဖမ်းပြည်ညှိုးနွမ်းပြည်သူ့စိတ်ဝမ်းလွန်ပင်ပမ်း၏ဖမ်းသည့်အပြစ်မှန်ဆန်းစစ်တိုင်းပြည်ကိုချစ်အဲ့ဒါပြစ်တဲ့ပြောသည့်စကားပိုင်နိုင်များအမှန်အမှားလွန်ထင်ရှား၏ကမ္ဘာတလွှားခေါင်းမော့သွားနေရာမရှားချစ်သူများ၏သူမအတွက်မပျက်ကွက်အများတွဲလက်မြန်ပြည်တွက်ကျန်းမာရွှင်လန်းပြည့်သဲပန်းရာကျော်သက်တမ်းရှည်စေသော်။ ◼︎ ဇော်