close
Connect with us

Hi, what are you looking for?

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၀) ပြည့်မွေးနေ့ မန္တလေးမြို့ လူထုလှုပ်ရှားမှု

မန္တလေးမြို့ လူစည်ကားရာစျေးတစ်ခုတွင် သပိတ်အင်အားစုက လူငယ်များ ဦးဆောင်ကာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၀) ပြည့်မွေးနေ့ လူထုလှုပ်ရှားမှုကို ယနေ့ နံနက်က ပြုလုပ်ခဲ့သည်။

ဇွန်-၁၉၊ ၂၀၂၅။ သုည/People’s Spring

မန္တလေးမြို့ လူစည်ကားရာစျေးတစ်ခုတွင် သပိတ်အင်အားစုက လူငယ်များ ဦးဆောင်ကာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၀) ပြည့်မွေးနေ့ လူထုလှုပ်ရှားမှုကို ယနေ့ နံနက်က ပြုလုပ်ခဲ့သည်။

ယင်းလူငယ်များက ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံနှင့် ပန်းများကို ကိုင်ဆောင်ပြီး “Happy birthday အမေစု” ၊ “အမေစု ကျန်းမာပါစေ”၊ “Freedom from Fear” ၊ “ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ တပြည်လုံး လွတ်မြောက်ရေးအတွက် ဆက်ရုန်းကြ” စာသားတို့ကို ဖြန့်ကျဲ၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

ထို့အပြင် ပြည်သူများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဇွန် ၁၉ ပန်းသပိတ်တွင် ပူးပေါင်းပါဝင်ကြရန်နှင့် အကြမ်းဖက်စစ်အာဏာရှင်ကို ဆန့်ကျင်ကြရန် တိုက်တွန်းလှုံ့ဆော်ခဲ့သည်။

Public Service Announcement

Public Service Announcement

ရုပ်သံ – မန္တလေးသပိတ်အင်အားစု

ဆက်စပ်သတင်းများ

သတင်း

မကွေး၊ စစ်ကိုင်းနှင့် ဖားကန့်မြို့နယ်တွင် သပိတ်အင်အားစု၊ ဒေသခံပြည်သူများ စုပေါင်း၍ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်နှင့် လူထုသပိတ်လှုပ်ရှားမှုများကို ယနေ့ ပြုလုပ်ခဲ့ကြသည်။

သတင်း

မြန်မာပြည်သူအားလုံး လွတ်မြောက်ချိန်တန်ပြီ၊ တော်လှန်ရေး အလုပ်များဗျူဟာမြောက်လုပ်ရန် တိုက်တွန်း

ဆောင်းပါး

ဇွန်လ ၁၉ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ပြည့်နှစ်မွေးနေ့ဟာ စစ်အုပ်စုရဲ့ အာဏာသိမ်းမှု ရက်ပေါင်း ၁,၆၀၀ ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ တနည်းအားဖြင့် အာဏာသိမ်းစစ်တပ်က ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင်တစ်ဦးကို တရားလက်လွတ် မတရားဖမ်းဆီးချုပ်နှောင်ထားတာရက်ပေါင်း ၁,၆၀၀ ပြည့်မြောက်တဲ့​နေ့လည်း ဖြစ်ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မတရားဖမ်းဆီးခံထားရသူများအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဗြိတိန်တောင်းဆို