close
Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့နယ်က ဉာဏ်တော နဲ့ ရွှေသွန်းရွာမှာ တိုက်ပွဲဆက်ဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့အရှေ့တောင်ဘက်ကဉာဏ်တော နဲ့ ရွှေသွန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဆက်ဖြစ်ပွားခဲ့တယ်လို့တအာင်းတပ်မတော်(TNLA)ကဒီကနေ့(ဇွန်လ ၁၉ရက်)မှာ ထုတ်ပြန်ပါတယ်။

တအာင်းတပ်မတော် -TNLAမှ ရဲဘော်တွေကို တိုက်ပွဲအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ − TNLA

ဇွန်-၁၉၊ ၂၀၂၅။ People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့အရှေ့တောင်ဘက်ကဉာဏ်တော နဲ့ ရွှေသွန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေဆက်ဖြစ်ပွားခဲ့တယ်လို့တအာင်းတပ်မတော်(TNLA)ကဒီကနေ့(ဇွန်လ ၁၉ရက်)မှာ ထုတ်ပြန်ပါတယ်။

ဇွန်လ ၁၈ ရက်နံနက်မှာဉာဏ်တောနဲ့ ရွှေသွန်းရွာတို့မှာတိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ကလက်နက်ကြီး(၃၈)လုံး၊ ဒရုန်းနဲ့ ဗုံး(၁၀)လုံး ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

အခုတိုက်ပွဲဖြစ်ပွားနေတဲ့ဥာဏ်တောနဲ့ ရွှေသွန်းရွာ​တွေဟာ ကံကြီးရွာရဲ့ အရှေ့မြောက်ဘက်မှာ ရှိပြီး နောင်ချိုမြို့နဲ့ (၆)မိုင်ကျော်လောက်သာ ကွာဝေးပါတယ်။ အဲဒီနေရာက စစ်ကောင်စီတပ်စစ်ကြောင်းဟာ ကံကြီးရွာကို ကျော်လွန်နေပြီး နောင်ချိုမြို့နဲ့ ပိုနီးကပ်နေပါတယ်။ ဒါပေမယ့် နောင်ချိုရောက်ဖို့ ကြားမှာကျေးရွာလေးရွာ ရှိနေသေးသည်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ကြောင်းဟာတောင်းခမ်းဒေသကနေ နောင်ချိုမြို့ဆီကိုစစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းနှစ်ခုအနက်ကတစ်ခုဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ ကံကြီးကျေးရွာအရှေ့ဘက်က တောင်းခမ်း − မဲပုတ်−နောင်ချိုကြီးလမ်းပိုင်းအတိုင်းလာနေတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့တိုက်ပွဲဖြစ်နေတာပါ။

“မြို့ထဲလည်းလက်နက်ကြီးထုလို့မနေရဲကြတော့ဘူး။တိုက်ပွဲကမြို့ပတ်ချာလည်မှာအကုန်ဖြစ်နေတာ”လို့နောင်ချိုမြို့ခံတစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ရွှေညောင်ပင်နဲ့ ရေမောင်းတန်းကျေးရွာဘက်ကိုလည်း ပြည်သူလူထုတွေကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီး (၈)လုံးနဲ့ ဒရုန်းနဲ့ဗုံး (၂၃)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့လည်း TNLAက အသိပေးထားပါတယ်။

ဇွန်လ၁၆ရက်နံနက်၁၁ နာရီ၄၁ မိနစ်အချိန်မှာစစ်တပ်က ပြည်သူလူထုတွေကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ဆမ္မဆယ်ကျေးရွာအတွင်းလက်နက်ကြီးပစ်ခိုက်လိုက်တာကြောင့်အမျိုးသားနှစ်ဦးဗုံးစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။

အဲဒီစစ်ကြောင်းကလည်းပြင်ဦးလွင်ကနေနောင်ချိုမြို့ဆီကို စစ်ကြောင်းထိုးနေတဲ့ ပြည်ထောင်စုလမ်းမကြီးအတိုင်း ပြင်ဦးလွင်-ဝက်ဝံ-ဘန့်ဘွေးဆိုပြီး ချီတက်လာနေတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းကပစ်ခတ်နေတာပါ။

အဲဒီဒေသက အုမ္မသီးနဲ့ ရေမောင်းတန်းကျေးရွာတွေမှာလည်းစစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

နောင်ချိုမြို့နယ်မှာနေရာအနှံ့တိုက်ပွဲဖြစ်နေပြီး စစ်မျက်နှာပြင်ကျယ်ပြန့်နေတယ်လို့ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

လက်ရှိမှာနောင်ချိုမြို့တောင်ဘက်ကကျေးရွာအတော်များများမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေပြီး နောင်ချိုမြို့အနောက်မှာလည်း ကျေးရွာအချို့မှာ တိုက်ပွဲဖြစ်နေပါတယ်။နောင်ချိုမြို့နယ်ကအနည်းဆုံး ကျေးရွာ ခုနစ်ရွာမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာပါ။

ညီနောင်မဟာမိတ်သုံးဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကို ထိုးစစ်ဆင်မှာမဟုတ်ဘဲ တဖက်သတ်အပစ်ရပ်ကာလကို နောကထပ် (၁)လ သက်တမ်းထပ်တိုးထားနေစဉ်မှာ စစ်ကောင်စီတပ်ကအခွင့်ကောင်းယူပြီးအဆက်မပြတ်ထိုးစစ်ဆင်နေတာကြောင့် နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့ TNLAရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်အကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ​မှော်စီစာရွာအနီးဇွန်လ ၁၆ရက်နှင့် ၁၇ရက် တိုက်ပွဲများ၌ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများခဲ့ပြီး သေဆုံးသူများထဲတွင် တပ်မ(၃၃) မှ စစ်ဦးစီးမှူး (ဒုတိယတန်း)-ဂျီတူး ဗိုလ်မှူးဖြိုးသက်ဇော်လည်း ပါဝင်ခဲ့ဟု စစ်ရေး သတင်းရင်းမြစ်အချို့က ​ပြောသည်။

သတင်း

ဖားကန့်မြို့နယ်ဆန်းကြွယ်ရွာအနီး၌ ယနေ့ ညနေ ၆နာရီကျော်မှစတင်၍ တိုက်ပွဲဖြစ်နေပြီး ဒေသခံများအား လေကြောင်းအန္တရာယ်သတိပြုကြရန် KIAနှင့် KPDF ရဲဘော်များက သတိပေးနေကြသည်။

သတင်း

တနင်္သာရီတိုင်း၊ တနင်္သာရီ-မောတောင်လမ်းအား ပြန်လည်စိုးမိုးနိုင်ရေးစစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ကို KNLA တပ်မဟာ(၄)နှင့်ပူး​ပေါင်းတပ်က ဇွန်လ ၁၇ရက်တွင် တိုက်ခိုက်ခဲ့ရာစစ်တပ်မှအရာရှိ အပါအဝင် သေဆုံးမှုများ ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားကပြောသည်။

ဆောင်းပါး

"အိမ်ပြန်ချင်တာပေါ့။ ဒါပေမယ့် ကျွန်တော်တိုက်ပွဲကနားပြီး တခြားမှာတာဝန်ကျရင်တောင် အိမ်ပြန်ဖို့ကတော့မဖြစ်နိုင်သေးဘူး။ ဒီတော်လှန်ရေးမြန်မြန်ပြီးမှပဲ အဆင်ပြေမယ်"လို့ ကိုသူက သူဆန္ဒကိုပြောပါတယ်။