close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်၊ ဆန်းကြွယ်ရွာအနီး၌ တိုက်ပွဲဖြစ်‌

ဖားကန့်မြို့နယ်ဆန်းကြွယ်ရွာအနီး၌ ယနေ့ ညနေ ၆နာရီကျော်မှစတင်၍ တိုက်ပွဲဖြစ်နေပြီး ဒေသခံများအား လေကြောင်းအန္တရာယ်သတိပြုကြရန် KIAနှင့် KPDF ရဲဘော်များက သတိပေးနေကြသည်။

KIA တပ်ဖွဲ့ဝင်အချို့/ပုံ​​ဟောင်းဖြစ်ပါသည်

ဇွန်-၁၉၊၂၀၂၅။ဇော်ရမ်း/People’s Spring

ဖားကန့်မြို့နယ်ဆန်းကြွယ်ရွာအနီး၌ ယနေ့ ညနေ ၆နာရီကျော်မှစတင်၍ တိုက်ပွဲဖြစ်နေပြီး ဒေသခံများအား လေကြောင်းအန္တရာယ်သတိပြုကြရန် KIAနှင့် KPDF ရဲဘော်များက သတိပေးနေကြသည်။

ဇွန် ၁၈ ရက်ညက မှော်စီစာကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွားပြီးနောက်ညနက်ပိုင်းမှစတင်ကာ ပစ်ခတ်မှုများငြိမ်သက်ခဲ့သည်။ထို​နောက် ဇွန်လ၁၉ရက် နေ့လယ်ပိုင်းမှစ၍ ဆန်းကြွယ်ရွာအနီး တိုက်ပွဲပြန်ဖြစ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

“နေ့ခင်းက ဖြစ်တာထက် ညနေက ပိုဆိုးလာတာပါ။ဆန်းကြွယ်ရွာမှာ ဖြစ်နေတာ။ ထုံးစံအတိုင်း ဒေသခံတွေက ရှောင်ဖို့မလွယ်တော့သတိတော်တော်ထားနေကြရတယ်။လက်နက်ကြီး၊ လက်နက်ငယ်သံ စုံတယ်”ဟု ဆန်းကြွယ်ရွာမှဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက ဖားကန့်ဗျူဟာကုန်းအပြင်၎င်းတို့တပ်စွဲထားသည့်နေရာများမှ လက်နက်ကြီးများပစ်ခတ်နေကာ လက်နက်ကြီးနှင့်လေကြောင်းအန္တရာယ်သတိပြုကြရန် KPDF ရဲဘော်တစ်ဦးကသတိပေးသည်။

“ဒီည အစောပိုင်းကမန္တလေးကရောမြစ်ကြီးနားကပါ လေယာဉ်တွေတက်တယ်။လေကြောင်းသတင်းတွေ နားစွင့်ပြီးနေကြပါ”ဟုအ‌ဆိုပါKPDF ရဲဘော်က ပြောသည်။

ဇွန် ၁၈ ရက် တိုက်ပွဲတွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦး‌ဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့သည်။နေအိမ်ပျက်စီးမှုများလည်း ရှိခဲ့သည်။ ဇွန်လ ၁၆ရက်က ဖားကန့်မြို့နယ်၊ မှော်ဝမ်းလေးနှင့် မှော်ဝမ်းကြီးရွာအနီး တိုက်ပွဲတွင်လည်း အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့သည်။

ဖားကန့်ရောက်စစ်တပ်နှင့် ပြည်သူ့စ်ပူး​ပေါင်းစစ်ကြောင်းကို KIAနှင့် KPDF ပူးပေါင်းတပ်က ဇွန်လ ၅ရက်၊ဇွန်လ ၉ရက်နှင့်ဇွန်လ ၁၀ရက်၌ တိုက်ခိုက်ခဲ့ပြီး ယ‌နေ့အထိ စစ်ရေးဆက်လက်တင်းမာနေသည်။ စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးစဥ်သတ်ဖြတ်ခြင်းများကြောင့် မေလ ၂၈ရက်မှ ဇွန်လ၁၉ ရက်​​နေ့အထိ ​ဒေသခံပြည်သူ သေဆုံးသူ၃၀ဦးနီးပါး ရှိလာသည်။

ဖားကန့်၌ တိုက်ပွဲဆက်လက်ပြင်းထန်နိုင်၍ ဒေသခံများစစ်ဘေးရှောင်နိုင်ရေးအတွက် ဦးစားပေးကြိုတင်ပြင်ဆင်ပေးကြရန် ဒေသခံများနှင့် လူမှုကူညီရေးလုပ်ဆောင်သူများကတောင်းဆိုနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ တနင်္သာရီ-မောတောင်လမ်းအား ပြန်လည်စိုးမိုးနိုင်ရေးစစ်ကြောင်းထိုးလာသည့်စစ်ကောင်စီတပ်ကို KNLA တပ်မဟာ(၄)နှင့်ပူး​ပေါင်းတပ်က ဇွန်လ ၁၇ရက်တွင် တိုက်ခိုက်ခဲ့ရာစစ်တပ်မှအရာရှိ အပါအဝင် သေဆုံးမှုများ ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားကပြောသည်။

ဆောင်းပါး

"အိမ်ပြန်ချင်တာပေါ့။ ဒါပေမယ့် ကျွန်တော်တိုက်ပွဲကနားပြီး တခြားမှာတာဝန်ကျရင်တောင် အိမ်ပြန်ဖို့ကတော့မဖြစ်နိုင်သေးဘူး။ ဒီတော်လှန်ရေးမြန်မြန်ပြီးမှပဲ အဆင်ပြေမယ်"လို့ ကိုသူက သူဆန္ဒကိုပြောပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့ခြမ်းမှာတိုက်ပွဲတွေ ဆက်လက်ပြင်းထန် နေပြီး စစ်တပ်ကအင်အားအများအပြားနဲ့ထိုးစစ်ဆင်နေသလို လေ‌​ကြောင်းတိုက်ခိုက်မှု တွေဆက်တိုက်ပြုလုပ် နေတယ်လို့ဒေသခံ တွေဆီကသိရပါတယ်။‌

သတင်း

ချင်းပြည်မြောက်ပိုင်းတွင် ချင်းပြည်ကောင်စီ အပြင် အခြားတော်လှန်ရေးတပ်များနှင့်ပါပူးပေါင်းစစ်ဆင်​နေ​ကြောင်းအသိ​ပေး