close
Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့နယ် အ​နောက်ပိုင်းက ရွာသုံးရွာမှာတိုက်ပွဲ တွေပြင်းထန်​နေ၊ စစ်တပ်ကရဟတ်ယာဥ်​တွေနဲ့ စစ်ကူ​တွေပို့

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ကန့်ဒေါင့်နယ်ရွာနယ် မြေရဲစခန်းသိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန် နေပြီး ဒီနေ့စစ်တပ်က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရဟတ်ယာဉ် လေးစီးနဲ့အင်အားဖြည့်တင်းထားတယ်လို့ တော်လှန်ရေးတပ် တွေဆီကနေ သိရပါတယ်။

ပုလဲမြို့ နဲ့ တိုက်ပွဲဖြစ်​နေတဲ့ရွာ​တွေကို Google Earth မှာ​တွေ့ရစဥ်

ဇွန်၁၈၊၂၀၂၅၊မေ၊ကိုဘီဂျီ/People Spring

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ကန့်ဒေါင့်နယ်ရွာနယ် မြေရဲစခန်းသိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန် နေပြီး ဒီနေ့စစ်တပ်က ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရဟတ်ယာဉ် လေးစီးနဲ့အင်အားဖြည့်တင်းထားတယ်လို့ တော်လှန်ရေးတပ် တွေဆီကနေ သိရပါတယ်။

ဇွန်လ၁၈ ရက်မနက်၆နာရီ လောက်ကတည်းက ကန်ဒေါင့်ရွာနယ်မြေရဲစခန်းသိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန် နေတာဖြစ်ပြီး စစ်တပ်က ဇွန် ၁၇ ရက်နဲ့ ၁၈ ရက်​နေ့မှာ Mi17နဲ့ လေးကြိမ် အင်မထီးပျူ​စောထီးရွာကို စစ်ကူ​တွေပို့​နေတာလို့သိရပါတယ်။

အင်မထီးရွာကနေ ကန့်‌ဒေါင့်ရွာကို စစ်ကူသွားဖို့အတွက် ဇွန် ၁၈ ရက်မနက်ပိုင်းက​နေ နေ့ခင်းပိုင်းအထိ နှစ်ရွာ ကြားထဲကို စစ်တပ်ကဆက်တိုက် လေကြောင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ချတာက အင်မထီးပျူရွာကိုချတာလေးစီးလုံး။ကန့်​ဒေါင့်စစ်ကူအတွက်ပါ။တချို့တော့ကန့်ဒေါင့်ထဲကိုဝင်သွားနိုင်ပြီ။တချို့လည်းမဝင်နိုင်သေးဘူး”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

ဒါအပြင် ဇွန် ၁၈ ရက်​နေ့ မနက်ပိုင်းကနေ နေ့ခင်း ၁၂နာရီကျော်အထိ စစ်​ကောင်စီရဲ့ တံတားဦး လေတပ်က နေ စုစုပေါင်း ဗုံးအလုံး​ရေ ၅၀ကျော် ကြဲချခဲ့ပါတယ်။ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှု ဆက်လက်ပြုလုပ်​နေဆဲဖြစ်တယ်လို့ အခြားရဲ​ဘော်တဦးက ပြောပါတယ်။

“တိုက်ပွဲကအင်မထီးအားဖြည့်တာကိုပိတ်ထားတာနဲ့ ဇီးဖြူကုန်းပျူရွာကို ဝိုင်းပတ်ထားတာရယ်၊ကန်ဒေါင့် ဝိုင်းတာတွေရယ် ဖြစ်နေပါတယ်”လို့ အထက်ပါရဲ​ဘော်က ပြောပါတယ်။

ပုလဲမြို့နဲ့ (၁၀)မိုင်ကျော်အကွာမှာရှိတဲ့ အင်မထီး၊ဇီးဖြူကုန်း နဲ့ ကန့်ဒေါင့်ကျေးရွာ​တွေမှာ တိုက်ပွဲ​တွေဖြစ်နေတာပါ။ အဲဒီကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ အင်အားပို့ဆောင်ပြီး Y-12 ၊MI-35တို့နဲ့ ပစ်ခတ်ခုခံပေးနေတယ်လို့ ပုလဲဒေသက တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

” မနေ့က လေကြောင်းက လာပစ်နေတာ။ အခုလည်း တမနက်လုံး ဒီသုံးရွာနားကို လာပစ်နေတယ်။ စစ်ဇုန်က ကျယ်နေတော့ အခြေနေအားလုံးကို မသိရသေးဘူး”လို့ ပုလဲဒေသ တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့က ဦးဆောင်သူက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှု မသိရသေးပေမယ့် နေအိမ်တွေ ပျက်စီးမှုရှိတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပုလဲမြို့နယ် ကန့်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ် မြောက် ရေးတပ်မ တော်(PLA)ကဇွန်လ၂ရက် နေ့ကစပြီး ဦးဆောင်တိုက်ခိုက်​နေတာဖြစ်ပါတယ်။ အခြား​တော်လှန်​ရေးတပ်ဖွဲ့​တွေက စစ်ကူ​​တွေ မလာနိုင်​အောင် ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်​နေတာပါ။

စစ်ကောင်စီတပ် အခိုင်အမာတပ်စွဲထားတဲ့ ကန့်ဒေါင့်ကျေးရွာက ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေကဇွန်လ ၁၂ ရက်​နေ့က​တည်းက ဝိုင်းဝန်းပိတ်ဆို့ထားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ကန့်ဒေါင့်စခန်းဟာ ပုလဲမြို့ကနေ မကွေးတိုင်း၊ ဂန့်ဂေါမြို့ကိုသွားတဲ့ လမ်းပိုင်းပေါ်မှာရှိပြီး ပုလဲမြို့နဲ့ (၁၄)မိုင်ကွာဝေးပါတယ်။ အဲဒီကျေးရွာက နယ်မြေရဲစခန်းကို စစ်ကောင်စီက တပ်စွဲပြီး အခိုင်အမာပြုလုပ်ထားကာ အင်အား ၁၀၀ခန့်ရှိနေတယ်လို့ PLAရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ကန့်ဒေါင့်ရွာအရှေ့မြောက်ဘက် (၆) မိုင်ခန့်အကွာမှာရှိတဲ့ ဇီးဖြူကုန်းရွာက ပျူစစ်စခန်းကို NUG၊MOD ​အောက်က PDF ခရိုင်ရင်း​တွေ ၊ပကဖ ​​တွေကက ဇွန်လ ၁၀ရက်မှာ စတင်တိုက်ခဲ့ပါတယ်။

” တိုက်ပွဲဖြစ်တာတွေက မတူကြဘူး။ အဖွဲ့တွေက ဝင်တိုက်ကြတာ။ ဒါပေမယ့် အားလုံးက ဒီလထဲမှာဘဲ စကြတာ”လို့ ပုလဲဒေက တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

၂၀၂၃ ဇန်နဝါရီကလည်း ကန့်ဒေါင့်ရွာရဲစခန်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပေမယ့် အပြီးသတ် မသိမ်းပိုက်နိုင်ခဲ့ပါဘူး။ အဲဒီနောက်ပိုင်းမှာလည်း တိုက်ပွဲတွေ မကြာခဏဖြစ်နေတာကြောင့် ကန့်ဒေါင့်ရွာအပါအဝင် အနီးအနားက ကျေးရွာတွေက ပြည်သူတွေဟာ ဘေးလွတ်ရာတိမ်းရှောင်နေကြရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၀ရက်ကလည်း တိုက်ပွဲဖြစ်ရာနေရာတွေကို လေကြောင်းလာတိုက်ခိုက်တဲ့ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို PLAနဲ့ ပူးပေါင်းအဖွဲ့တွေကပစ်ခတ်ခဲ့ရာ ပုလဲမြို့အနောက်ဘက် (၇)မိုင်ခန့်အကွာမှာရှိတဲ့ စပါးစေ့ကျေးရွာမှာ ပျက်ကျခဲ့ပါတယ်။ နေအိမ်တစ်အိမ်အတွင်း တိုက်လေယာဉ်ရဲ့အပိုင်းအစတွေ ကျရောက်ခဲ့လို့ အရပ်သားလေးဦး သေဆုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊မင်းတိုင်ပင်ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ နေအိမ်၈ အိမ်ခန့် ပျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြော ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်အထိနာပြီးတဲ့နောက် ဒီနေ့ညပိုင်းမှာ ပုလဲမြို့ပေါ်ကို စစ်တပ်က ​လေ​ကြောင်းက​နေစစ်ကူ​တွေပို့တယ်ဆိုတဲ့ သတင်း တွေကြောင့်မြို့​ပေါ်က ပြည်သူ​တွေ ညတွင်းချင်းစစ်ဘေးရှောင် နေရတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

သတင်း

စစ်တပ်တိုက်​လေယာဥ် ရဲ့​လေယာဥ်မှူး​သေဆုံးတာကို PLA အတည်ပြု

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က စစ်ကောင်စီတပ် အခိုင်အမာတပ်စွဲထားတဲ့ ကန့်ဒေါင့်ကျေးရွာက ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ထားနိုင်ပြီး တိုက်ပွဲလည်းဆက်ဖြစ်နေတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက လူထုနွေဦးကို ပြောပါတယ်။