Hi, what are you looking for?
စက်တင်ဘာ−၂၉၊၂၀၂၅၊နေ့သစ်/People’s Spring ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်က လေးကေ့ကော်မြို့သစ်ကိုစစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ၉ရက်မြောက်နေ့အဖြစ် တိုက်ပွဲဆက်ပြင်းနေပါတယ်။ စစ်ကောင်စီတပ်ဟာ ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ တပ်ရင်းတချို့ရဲ့ အကူအညီနဲ့ အပြင်းအထန်စစ်ကြောင်းထိုးနေတယ်လို့ တပ်မဟာ(၆)နယ်မြေက တော်လှန်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။ဒါကြောင့် တိုက်ပွဲ ၉ ရက်မြောက်နေ့ဖြစ်တဲ့စက်တင်ဘာ ၂၉ ရက်မှာလည်းတိုက်ပွဲအလွန်ပြင်းထန်နေတယ်လို့တော်လှန်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ မြဝတီမြို့စောင့်စစ်တပ် ခလရ(၂၇၅)တပ်ရင်းကနေလည်း...
ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက် ရှိ လေးကေကော်မြို့သစ်ကို သိမ်းဖို့ မြေပြင်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ KNU နဲ့ပူးပေါင်းတပ်ရဲ့ ခုခံတိုက်ခိုက်မှုကြောင့် စစ်ကြောင်းလန်ကျသွားတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။