close
Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယ သမုဒ္ဒရာထဲ နစ်မြုပ်သွားတဲ့ သင်္ဘောပေါ်က မြန်မာတွေ အပါအဝင် အမှုထမ်း အားလုံးကို ကယ်ဆင်နိုင်ခဲ့

အိန္ဒိယ သမုဒ္ဒရာထဲမှာ နစ်မြုပ်နေတဲ့ သင်္ဘော တစ်စီးပေါ်ကနေ မြန်မာနိုင်ငံသားတွေ အပါအဝင် ရေယာဉ် အမှုထမ်း ၂၃ ဦးစလုံးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။

အိန္ဒိယ သမုဒ္ဒရာထဲမှာ နစ်မြုပ်နေတဲ့ သင်္ဘော တစ်စီးပေါ်ကနေ မြန်မာနိုင်ငံသားတွေ အပါအဝင် ရေယာဉ် အမှုထမ်း ၂၃ ဦးစလုံးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရပါတယ်။

ပနားမားအလံ လွှင့်ထူထားတဲ့ ဝမ်းပြား ကုန်တင်ရေယာဉ် (bulk carrier) အမျိုးအစား Run Fu 3 သင်္ဘောဟာ စင်ကာပူ နိုင်ငံကနေ ထွက်ခွာလာပြီး တိုဂိုနိုင်ငံဆီ ဦးတည် ခုတ်မောင်းလာတဲ့အချိန် ဇွန်လ ၁၁ ရက်နေ့တုန်းက အိန္ဒိယ သမုဒ္ဒရာရဲ့ ကမ်းဝေးရေပြင်မှာ ပြဿနာကြုံပြီး စတင် နစ်မြုပ်ခဲ့တာပါ။

၁၉၉၇ ခုနှစ်မှာ တည်ဆောက် ပြီးစီးခဲ့ပြီး ၁၇၂ မီတာ ရှည်လျားတဲ့ ရေယာဉ်ကို ရေပေါ်ဆက်ပြီး ပေါ်နေအောင် ထိန်းသိမ်းထားဖို့ ဘယ်လိုမှ မဖြစ်နိုင်တာ သေချာခဲ့တဲ့နောက် မြန်မာ ၂ ဦးနဲ့ ဗီယက်နမ် ၂၁ ဦးတို့ဟာ အသက်ကယ် ဖောင်တွေကို စီးနင်းပြီး သင်္ဘောကို စွန့်ခွာခဲ့ပါတယ်။

နောက်တော့ ပင်လယ်ပြင်မှာ မျောပါနေတဲ့ ရေယာဉ် အမှုထမ်းတွေကို ကိုရီးယား bulk carrier တစ်စီးဖြစ်တဲ့ Maple Harbourက တွေ့ရှိပြီး ကယ်ဆယ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

Run Fu 3 ဟာ တင်ဆောင်လာတဲ့ ကုန်စည်တွေထဲက အရည်တစ်မျိုး ဖိတ်လျှံထွက်ရာကနေ သင်္ဘောကိုယ်ထည်ထဲ ပြည့်သွားပြီး မော်လ်ဒိုက်ဗ်ကျွန်းစု တောင်ဖက် ရေမိုင် ၅၀၀ ဝန်းကျင် အကွာမှာ နစ်မြုပ်ခဲ့တာလို့ သိရပါတယ်။

Run Fu 3ရဲ့ အမှုထမ်းတွေဟာ ရေယာဉ်ကို အဖတ်ဆယ်နိုင်ဖို့ အစွမ်းရှိသမျှ အားထုတ်ခဲ့ပြီး လုံးဝ မဖြစ်နိုင်တော့တာ သေချာသွားတော့မှ ရေယာဉ်မှူးက သင်္ဘောကို စွန့်ခွာဖို့ အမိန့်ပေးခဲ့တာ ဖြစ်တယ်လို့ Maple Harbourရဲ့ မိခင် ကုမ္ပဏီ CTMက ဆိုပါတယ်။

အောင်မြင်တဲ့ ကယ်ဆယ်ရေး မစ်ရှင် အပြီးမှာတော့ Maple Harbourဟာ မော်ရီးရှပ်စ် နိုင်ငံရဲ့ လူးဝစ်ဆိပ်ကမ်းဆီ ဆက်လက် ခုတ်မောင်းပြီး မြန်မာတွေ အပါအဝင် Run Fu 3ရဲ့ သင်္ဘောသားတွေကို ချထားပေးခဲ့တယ်လို့ သိရပါတယ်။

ဇွန်လ ၉ ရက်နေ့တုန်းကလည်း အိန္ဒိယနိုင်ငံ ကမ်းလွန်က အိန္ဒိယ သမုဒ္ဒရာထဲမှာ စင်ကာပူအလံ လွှင့်ထူထားတဲ့ Wan Hai 503 ကုန်တင်သင်္ဘော မီးလောင်မှု ဖြစ်ပွားခဲ့ပြီး သင်္ဘောသား ၁၈ ဦးကို ကယ်တင်နိုင်ခဲ့ပေမယ့် မြန်မာ ၁ ဦးအပါအဝင် ၄ ဦး ပျောက်ဆုံးနေခဲ့ပါတယ်။

ကိုးကား: Maritime Executive

ဆက်စပ်သတင်းများ

သတင်း

ပင်လယ်ပြင်မှာ မီးစွဲလောင်ပြီး မြန်မာ သင်္ဘောသား အပါအဝင် ၄ ဦး ပျောက်ဆုံးနေတဲ့ ကုန်တင်သင်္ဘောပေါ်က မီးတွေကို ငြှိမ်းသတ်ဖို့ ရုန်းကန်နေရဆဲလို့ အိန္ဒိယ ကမ်းခြေစောင့် တပ်က ပြောပါတယ်။