close
Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၄)က မတိုက်ရ​သေးခင် နယ်စပ်က ငါးရံ့နီစစ်စခန်း ထိုင်းအကူအညီဖြင့် စခန်းစွန့်ခွာ

မြန်မာ-ထိုင်းနယ်စပ် ထီးခီးဒေသ ၌ ကျန်နေသည့်စစ်တပ်စခန်းများထဲမှတစ်ခုဖြစ်​သော ငါးရံ့နီစစ်တပ်စခန်းသည် ထိုင်းနိုင်ငံဘက်ခြမ်း၏ အကူအညီဖြင့် တပ်စခန်း စွန့်ခွာသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောကြားသည်။

ဇွန်-၁၂၊၂၀၂၅။ထားမြတ်/People’s Spring

မြန်မာ-ထိုင်းနယ်စပ် ထီးခီးဒေသ ၌ ကျန်နေသည့်စစ်တပ်စခန်းများထဲမှတစ်ခုဖြစ်​သော ငါးရံ့နီစစ်တပ်စခန်းသည် ထိုင်းနိုင်ငံဘက်ခြမ်း၏ အကူအညီဖြင့် တပ်စခန်း စွန့်ခွာသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောကြားသည်။

နယ်စပ်စခန်းတခုဖြစ်သော ဘောဒီစစ်တပ်စခန်း(ပွိုင့် ၂၅၅၆)ကို တပ်မဟာ(၄) ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်က ဇွန်လ ၁၀ရက် မနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ကျန်နေသည့် နယ်စပ်စခန်း တခုဖြစ်သော ငါးရံ့နီစစ်ကောင်စီစခန်းက ဇွန်လ ၁၂ရက်တွင် စခန်းစွန့်သွားခြင်းဖြစ်သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

“လောလောဆယ်တော့ ကျနော်တို့ သိရတာက ကျနော်တို့ ဘောဒီစခန်းသိမ်းပြီး ဒီငါးရံ့နီက အစီအစဉ်ရှိတယ်။ ကျနော်တို့ မစခင်မှာ သူတို့က စခန်း စွန့်လွှတ်ပြီးတော့ တဖက်နိုင်ငံအကူအညီနဲ့သူတို့စွန့်လွှတ်ပြီး သူတို့ ထွက်သွားတာပေါ့နော်။” ဟု ပဒိုစောအယ်နားက ပြောသည်။

ငါးရံ့နီစခန်းကိုမသိမ်းရသေးမီစစ်ကောင်စီက ထိုင်း၏ စီစဉ်မှုဖြင့် ဆုတ်ခွာသွားရာ လက်နက်ခဲယမ်းများပါ ယူဆောင်သွားမည်ဖြစ်ကြောင်း ပဒိုစောအယ်နားက ပြောသည်။

“ထိုင်းက စီစဉ်ပေးပြီး ကယ်ထုတ်တာပေါ့။ ကားနဲ့လာပြီးတော့ပစ္စည်းရောလူရောသယ်သွားတာပေါ့” ဟု ပဒိုစောအယ်နားက ပြောသည်။

ကရင်သတင်းရင်းမြစ်တဦးကလည်း စစ်ကောင်စီတပ်ကငါးရံ့နီစခန်းကို စွန့်ခွာသွားကြောင်းသတင်းအရ ရဲဘော်များက နယ်မြေရှင်းလင်းမှုပြု လုပ်ခဲ့​သည်ဟုပြောသည်။

KNU တပ်မဟာ(၄)အနေဖြင့် ထီးထဗျူဟာ၊ ထီးခီးစခန်း၊ဘောဒီစခန်းများကို သိမ်းပိုက်ထားပြီး ငါးရံ့နီစခန်းမှ စစ်ကောင်စီတပ်များလည်း ဆုတ်ခွာသွား၍ ထားဝယ် -ထီးခီး အရှေ့ဘက်၌ မေတ္တာစခန်း၊ သုခစခန်း၊ ကျောက်မဲတောင်စခန်း တို့သာကျန်တော့ကြောင်းသိရသည်။

ထိုစခန်းသုံးခုတွင် မြန်မာ-ထိုင်းနယ်စပ်၌သုခစခန်း တခုသာ ကျန်တော့ကြောင်း ပဒိုစောအယ်နားက ရှင်းပြသည်။

KNU ပူးပေါင်းတပ်က ထီးထ၊ ထီးခီး၊ ဘောဒီ စခန်းများ သိမ်းပိုက်စဉ်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုင်းဘက်သို့ ဆုတ်ခွာထွက်ပြေးခဲ့သည်။

(မြန်မာ-ထိုင်းနယ်စပ်ရှိ ဘောဒီစစ်တပ်စခန်း(ပွိုင့် ၂၅၅၆ )ကို KNLA ၊KNDO ၊PDFစ​သောပူး​ပေါင်းတပ်များက ဇွန် ၁၀ ရက်တွင်သိမ်းပိုက်ပြီး​နောက် တော်လှန်​ရေးတပ်ဖွဲ့ဝင်တစ်ဦးက စခန်းသိမ်းတိုက်ပွဲအ​ကြောင်း​ပြောပြစဥ်)

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံကို မြန်မာနိုင်ငံသားတွေ တရားမဝင်လာရောက်မှုနဲ့ တရားမဝင်အလုပ်လုပ်ကိုင်တာကြောင့် ထိုင်းရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခံရမှု ဖြစ်စဉ်တွေ အခုရက်ပိုင်းအတွင်း ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မြန်မာပြည်ဘက်ပြန်ပို့ခံရစဥ် အဓမ္မစစ်မှုထမ်းရသည့် လူငယ်နှစ်ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာကြောင်း ဒေါနတပ်ရင်း၊ ဗျူဟာ ၃၃ ဗျူဟာမှူးစောဒါးကိုက လူထုနွေဦးသို့ ပြောသည်။

သတင်း

ထိုင်းဘက်ထွက်ပြေးပြီး ၂၇၅ထဲ ပြန်စုဖွဲ့နေတဲ့ စစ်သား ၆၀၀လောက်ရှိနေဟုဆို

နိုင်ငံတကာ

ကမ္ဘောဒီးယားနဲ့ ထိုင်းတို့ဟာ နယ်စပ်နဲ့ နီးနီးကပ်ကပ်ထိ တပ်တွေ ဖြန့်ထားတာကို ပြန်ရုပ်သိမ်းပြီး မူလ စခန်းချတဲ့ နေရာတွေဆီ ပြန်ဆုတ်ခွာကြဖို့ သဘောတူခဲ့ပါတယ်။