close
Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့တွင် ပန်းသပိတ်နှင့် Blue Shirt ကမ်ပိန်း ပြုလုပ်ရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း

လာမည့်ဇွန်လ ၁၉ ရက်တွင် ကျရောက်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၈၀) နှစ်ပြည့် မွေးနေ့တွင် ပန်းသပိတ်နှင့် Blue Shirt ကမ်ပိန်းပြုလုပ်ရန် တော်လှန်ရေးအင်အားစုများ ယနေ့ (ဇွန်လ ၁၂)တိုက်တွန်းနှိုးဆော်သည်။

ဇွန်-၁၂၊၂၀၂၅။ သုည/People’s Spring

လာမည့်ဇွန်လ ၁၉ ရက်တွင် ကျရောက်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၈၀) နှစ်ပြည့် မွေးနေ့တွင် ပန်းသပိတ်နှင့် Blue Shirt ကမ်ပိန်းပြုလုပ်ရန် တော်လှန်ရေးအင်အားစုများ ယနေ့ (ဇွန်လ ၁၂)တိုက်တွန်းနှိုးဆော်သည်။

“လာမယ့် ဇွန် (၁၉)ရက်နေ့ဟာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် (၈၀)ပြည့်မွေးနေ့ရက်မြတ် ဖြစ်ပါတယ်။စစ်အုပ်စုရဲ့ အဓမ္မ ဖမ်းဆီးအကျဥ်းချခံထားရတဲ့ ဒေါ်စုဟာ ကမ္ဘာ့အသက်အကြီးဆုံးသောနိုင်ငံရေးအကျဉ်းသားပဲဖြစ်ပါလိမ့်မယ်။ဖက်ဆစ်တပ်ဟာရရှိထားတဲ့ အချက်အလက်တွေအရ လူထုခေါင်းဆောင် ဒေါ်စုနဲ့ သမ္မတကြီးဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးအကျဉ်းသား စုစုပေါင်း (၂၂၁၂၂) ဦးကို အဓမ္မ ချုပ်နှောင်ဖမ်းဆီး အကျဉ်းချထားတယ်လို့ သိရပါတယ်။ ဒီအရေအတွက်ကြောင့်ပဲ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ နိုင်ငံရေးအကျဉ်းသား အများဆုံးဖမ်းဆီးခံထားရတဲ့တိုင်းပြည်တခု ဖြစ်ပါလိမ့်မယ်” ဟုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက​ရေးသားထားသည်။

ထို့အပြင် ဒေါက်တာတေဇာဆန်းက “စစ်အုပ်စုဟာ ဒီနှစ်ကုန် ဒီဇင်ဘာလထဲမှာ လုပ်ပွဲ တခု ထပ်ဖန်တီးဖို့လည်း ရှိနေပါတယ်။ “အတုအယောင် ဟန်ပြ ရွေးကောက်ပွဲ”ဆိုတာပါပဲ။ဒီကနေ အာဏာသိမ်းစစ်တပ်မှသည် တရားဝင်ရွေးကောက်ခံအစိုးရ ဆိုတာကြီး ဖြစ်သွားလိမ့်မယ်ပေါ့။ ဒါက လူထုကို အထင်သေးခြင်း၊ စော်ကားခြင်းသာ ဖြစ်ပါတယ်။ စစ်ကျွန်သက်ဆိုး ရှည်စေမယ့် ဒီလုပ်ပွဲကိုလည်း ပြည်သူလူထုတရပ်လုံးက ပြတ်ပြတ်သားသား ဆန့်ကျင် သပိတ်မှောက်ကြဖို့ သိပ်ကို အရေးကြီးပါတယ်။ ဒေါ်စုဟာ သူ့ယုံကြည်ချက်အတွက်၊ စစ်အာဏာရှင်လက်က တိုင်းပြည်လွတ်မြောက်ရေးအတွက် ဒီအသက်အရွယ်ထိ ကြိုးပမ်းထမ်းရွက်နေဆဲပါ။ အကျဉ်းထောင်တွေထဲက ခေါင်းဆောင်တွေ၊ ရဲဘော်တွေကတောင် တိုက်ပွဲဝင်နေကြချိန်မှာ အကျယ်ထောင်က လူထုအနေနဲ့ကလည်းတော်လှန်ရေးမှတပါး အခြားမရှိပါဘူး။လက်နက်ကိုင်ပြီးတိုက်နိုင်မှတော်လှန်ရေးလုပ်နိုင်တာ မဟုတ်ပါဘူး။ ပြည်သူအားလုံး ပါဝင်ဆင်နွှဲနိုင်တဲ့ အခြားသော အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု၊ လူထုတိုက်ပွဲနည်းနာအားလုံးကလည်း တော်လှန်ရေးလုပ်ငန်းစဥ်တွေပါပဲ” ဟုနှိုးဆော်သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် (၈၀) ပြည့်မွေးနေ့ကို ဂုဏ်ပြုကြိုဆိုတဲ့အထိမ်းအမှတ်အဖြစ် မွေးနေ့ရှင်နှင့်တကွ အဓမ္မဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးခြွင်းချက်မရှိအမြန်ဆုံးလွတ်မြောက်ရေး၊စစ်အုပ်စုဖန်တီးနေသည့်အတုအယောင် တရားမဝင်ရွေးကောက်ပွဲကို သပိတ်မှောက်သည့်အနေဖြင့် လူထုလှုပ်ရှားမှုကြီး (၂) ခု ဆင်နွှဲကြရန်အထွေထွေသပိတ်အင်အားစု (GSCB) က တိုက်တွန်းနှိုးဆော်လိုက်သည်။

ပထမလှုပ်ရှားမှုသည် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့နှင့် ပန်းသပိတ်ဖြစ်ပြီး နှင်းဆီနီအပါအဝင် လက်လှမ်းမီရာပန်းများကို ဘုရားပန်း တင်ခြင်း၊ ဆံကေသာမှာ အမြတ်တနိုး ပန်ဆင်ခြင်း၊ အလှပန်းအိုး ထိုးခြင်း၊ အပြန်အလှန် ပန်းလက်ဆောင် ပေးခြင်း၊ မြေပြင်မှာလည်းပန်းသပိတ်လူထုလှုပ်ရှားမှုတွေကို (လုံခြုံရေး အသိ၊ သတိ အပြည့်နဲ့) ဖော်ဆောင်မည် ဖြစ်ကြောင်းသပိတ်အင်အားစုက ဆိုသည်။

ဒုတိယလှုပ်ရှားမှုအဖြစ်အင်္ကျီပြာလှုပ်ရှားမှု(Blue Shirt Campaign) တွင်လည်းနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရည်ရွယ်သည့် အင်္ကျီအပြာ၊ ပုဆိုးအပြာ၊ ဘောင်းဘီအပြာ၊ ဦးထုတ်အပြာ အစရှိသည့် အပြာရောင် အဝတ်အစား၊ အသုံးအဆောင်များကို ဝတ်ဆင် အသုံးပြုရန် ဖြစ်ကြောင်း သပိတ်အင်အားစုများက ဖော်ပြခဲ့သည်။

ယင်းလှုပ်ရှားမှုများကို လာမည့် ဇွန် (၁၄) ရက်မှ (၂၁) ရက်ထိ စုစုပေါင်း (၈) ရက်တာကာလအတွင်း အဆင်ပြေရာ တရက်ရက်၌ ပါဝင်ဆင်နွှဲနိုင်ကြောင်း တော်လှန်ရေးအင်အားစုများက နှိုးဆော်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဇွန် ၁၉ တွင်ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ဆုတောင်းဗီဒီယိုပေါင်းရှစ်သောင်းရရှိကာ ဂင်းနစ်မှတ်တမ်းတင်နိုင်ရန်ရည်ရွယ်ထားသော ကြောင့် ပြည်သူများပါဝင်ပေးရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

သတင်း

လူမျိုးစုအချင်းချင်းအကြား ညီညွတ်ရေးမှသည် တော်လှန်ရေးအင်အားစုအားလုံး ညီညွတ်ရေးသို့ ရှေ့ရှုကြရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

သတင်း

တော်လှန်ရေးအင်အားစုများ မညီညွတ်ပါက တစ်ဖွဲ့ချင်းစီကို ဖဲ့ထုတ်ပြီး သွေးခွဲရေးလမ်းစဉ်ဖြင့် တော်လှန်ရေးကို အင်အားချိနဲ့အောင် စစ်အာဏာရှင်များက လုပ်ဆောင်လိမ့်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးပြောကြားသည်။

သတင်း

ပြည်သူများဒုက္ခကြုံရမှုများပြားနေ၍ တော်လှန်ရေးအင်အားစုများ စုစည်းကာ တော်လှန်ရေးကို အမြန်ဆုံးအမြစ်ဖြတ်နိုင်ရန် လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။