ဇွန် – ၁၂ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring
ပြည်တွင်း အခေါက်ရွှေစျေး ကျပ်သိန်း ၈၀နား ထိမြင့်တက်လာချိန်မှာ မန္တလေးမြို့က ရွှေဆိုင်အချို့အရောင်းပိတ်ထားတယ်လို့ စျေးကွက်ကနေ စုံစမ်းသိရပါတယ်။
မန္တလေးမြို့က နာမည်ရရွှေဆိုင်အချို့ ဒီနေ့ ညနေပိုင်း ၃ နာရီခန့်ကစတင်ပြီး အရောင်းပိတ်လိုက်ပြီး အဝယ်ကိုတော့ ပေါက်စျေးရဲ့ ကျပ်၂ သိန်း ခန့်ခွာပြီး အရောင်းအဝယ်ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
” ဒီနေ့တော့ ရွှေစျေးပိတ်ခါနီးမှာ အရောင်းပိတ်တယ်ဆိုပြီးကြားလာရတယ်၊ မနက်ဖြန်တော့ ဆက်ပြီးစောင့်ကြည့်ရမှာပေါ့”လို့ ရွှေဝယ်ယူစုဆောင်းသူတစ်ဦးကပြောပါတယ်။

Public Service Announcement
ဒီနေ့ ညနေပိုင်းစျေးကွက်မပိတ်ခင် အထိ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၇,၉၅၀,၀၀၀ထိ ပေါက်စျေးရှိနေပါတယ်။
