close
Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့နယ် ဂျက်ဖိုက်တာပျက်ကျမှု လေယာဉ်မှူးနှင့် အရပ်သား လေးဦးသေဆုံး

စစ်တပ်တိုက်​လေယာဥ် ရဲ့​လေယာဥ်မှူး​သေဆုံးတာကို PLA အတည်ပြု

ဇွန် ၁၁၊ ၂၀၂၅။ကိုဘီဂျီ၊မေ/People’s Spring

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်မှာပစ်ချမှုကြောင့် စစ်ကောင်စီရဲ့ဂျက်ဖိုက်တာပျက်ကျမှုမှာ လေယာဉ်မှူးသေဆုံးကြောင်း အတည်ပြုနိုင်ပြီး နေအိမ်တစ်အိမ်အတွင်း စစ်တပ်တိုက်လေယာဉ်ရဲ့အပိုင်းအစတွေကျရောက်ခဲ့လို့အရပ်သားလေးဦးပါသေဆုံးခဲ့ပါတယ်။

မနေ့က (ဇွန်လ ၁၀ရက်) နေ့လည်ပိုင်းမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAနဲ့ ပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို ပစ်ချခဲ့ရာမှာ တိုက်လေယာဉ်ဟာ ကျေးရွာတစ်ရွာအတွင်း ထိုးဆင်းပျက်ကျခဲ့ပါတယ်။ အဲဒီတိုက်လေယာဉ်ရဲ့ အစိတ်အပိုင်းအချို့ဟာ နေအိမ်တစ်အိမ်ခြံဝင်းအတွင်းကျရောက်ခဲ့တာလို့PLAက ပြောပါတယ်။

အဲဒီ နေအိမ်ခြံဝင်းအတွင်းမှာ ပျက်ကျမီး​လောင်ခဲ့တဲ့တိုက်လေယာဉ်ရဲ့ အစိတ်အပိုင်းတွေကျရောက်ခဲ့ပြီး နေအိမ်အတွင်းမှာ ရုပ်အလောင်းသုံးလောင်းနဲ့ နေအိမ်အပြင်ဘက်မှာရုပ်အလောင်းတစ်လောင်း စုစုပေါင်းရုပ်အလောင်း လေးလောင်း တွေ့ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLAရဲ့ ပြောရေးဆိုခွင့်ရှိသူကလူထုနွေဦးကိုပြောပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်ပျက်ကျချိန်မှာ မင်းတိုင်ပင်ရွာကနေ စစ်ဘေးရှောင်ဖို့ ရောက်ရှိနေတဲ့ အမျိုးသမီးတစ်ဦးနဲ့ စပါးစေ့ရွာက ဒေသခံသုံးဦး သေဆုံးခဲ့တာလို့ ​​ဒေသခံရဲ​ဘော်အချို့က​ပြောပါတယ်။ဒါ့အပြင် အဲဒီလေယာဉ်ရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ဦးလည်း သေဆုံးခဲ့တယ်လို့သိရပြီး အသေးစိတ်ကို အတည်မပြုနိုင်သေးဘူးလို့ ရဲဘော်တစ်ဦးက ပြောပါတယ်။

“မီးလောင်းထားတော့ အလောင်းတွေက အတော်ဆိုးနေပြီ။ ဖြစ်ဖို့များတာက ဒေသခံ နေအိမ်ကလူတွေဖြစ်ဖို့များပါတယ်”လို့ PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ လေယာဉ်မှူးလည်း သေဆုံးခဲ့တာကို အတည်ပြုနိုင်တယ်လို့ ဆိုပါတယ်။

ဇွန်လ ၁၀ရက်က PLAပူးပေါင်းတပ်တွေက ကန့်ဒေါင့်စခန်းကို ထိုးစစ်ဆင်တိုက်နေချိန်မှာ လေကြောင်းတိုက်ခိုက်ဖို့လာတဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာကို PLAရဲ့ ရှေ့တန်းရဲဘော်တွေက ပစ်ချခဲ့တယ်လို့ PLAရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

စစ်ကောင်စီတပ်အခိုင်အမာတပ်စွဲထားတဲ့ကန့်ဒေါင့်ကျေးရွာက ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ထားနိုင်ပြီး တိုက်ပွဲလည်းဆက်ဖြစ်နေတယ်လို့လည်း PLAက ပြောပါတယ်။

အဲဒီစခန်းကို PLA ဦးဆောင်ပြီးတော်လှန်ရေးတပ်ဖွဲ့တွေက ဇွန်လ ၂ရက်ကတည်းက စီးနင်းတိုက်ခိုက်နေတာလို့ ပြောပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ကန့်ဒေါင့်စခန်းဟာ ပုလဲမြို့ကနေ မကွေးတိုင်း ဂန့်ဂေါမြို့ကိုသွားတဲ့ လမ်းပိုင်းပေါ်မှာရှိပြီး ပုလဲမြို့နဲ့ (၁၄)မိုင်ကွာဝေးပါတယ်။ အဲဒီကျေးရွာက နယ်မြေရဲစခန်းကို စစ်ကောင်စီက တပ်စွဲပြီး အခိုင်အမာပြုလုပ်ထားတဲ့ စခန်းဖြစ်ကာ အင်အား ၁၀၀ခန့်ရှိနေတယ်လို့ PLAရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒါအပြင် ဇွန် ၁၀ ရက်​နေ့မှာ ပုလဲမြို့နယ်ထဲက ဇီဖြူကုန်းရွာ ပျူ​​စောထီးစခန်းကိုသိမ်းဖို့ PDF ခရိုင်ရင်း​တွေ ၊ပကဖ ​တွေနဲ့ပူး​ပေါင်းတပ်​တွေက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ် ။ စစ်တပ်တိုက်​လေယာဥ်ဟာ ဇီဖြူကုန်းရွာက ကို​လေ​ကြောင်းတိုက်ခိုက်ဖို့ ၁၁ နာရီ ၅၃ မိနစ်မှာလာတဲ့တိုက်​လေယာဥ်ကို ပူး​ပေါင်းတပ်​တွေကပစ်ချနိုင်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖ ကလည်း ကနဦးထုတ်ပြန်ပါတယ် ။ညပိုင်းမှာ​တော့ စစ်တပ်တိုက်​လေယာဥ်ဟာ ရာသီဥတုအ​ခြေအ​နေ​ကြောင့် စက်ရှို့ယွင်းပြီးပျက်ကျတာဖြစ်ပြီး တရုတ်နိုင်ငံထုတ် F7 အမျိုးအစား​လေယာဥ်လို့ ​နောက်ဆက်တွဲထုတ်ပြန်ပါတယ်။

စစ်​ကောင်စီတပ်က​တော့တိုက်ခိုက်​ရေးလယာဥ်ဟာစမ်းသက်ပျံ့သန်းရင်း ရုတ်တရက်စက်ရှို့ယွင်းလို့ပျက်ကျတာလို့ ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်၌ စစ်ရေးတင်းမာနေချိန် စစ်တပ်ကအင်အားဖြည့်တင်းလာနိုင်သည့် မိုးကောင်း-ကာမိုင်း -ဖားကန့်လမ်းကို လုံခြုံရေးအခြေအနေအရလတ်တလော အသုံးမပြုကြရန် KIA၊ KPDF ပူးပေါင်းတပ်ကဒေသခံများအားသတိပေးထားသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်က စစ်ကောင်စီတပ် အခိုင်အမာတပ်စွဲထားတဲ့ ကန့်ဒေါင့်ကျေးရွာက ရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့ထားနိုင်ပြီး တိုက်ပွဲလည်းဆက်ဖြစ်နေတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာတစ်စီးကိုပျက်ကျ​အောင် ပစ်ချနိုင်ခဲ့တဲ့ဖြစ်စဥ်မှာ ပစ်ခတ်တဲ့အဖွဲ့​တွေက တစ်ဖွဲ့ထက်မကရှိ​နေပြီ ဘယ်သူပစ်တာပဲဖြစ်ဖြစ် တိုက်​လေယာဥ်ပျက်ကျမှုဟာအ​ရေးကြီးဆုံးပဲဖြစ်တယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဇော်ထက်က​ပြောပါတယ် ။

သတင်း

ဇွန်-၁၀၊ ၂၀၂၅။​​နေ့သစ်/ People’s Spring စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ရွာတိုက်ပွဲကို လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာလေယာဉ်ကို တော်လှန်ရေးတပ်တွေက ပစ်ချနိုင်ခဲ့တယ်လို့ PLA နဲ့ ​မြေပြင်ကရဲ​ဘော်တွေဆီကသိရပါတယ်။ ပုလဲမြို့တွင်ရှိနေတဲ့ ရဲဘော်တစ်ဦးက”ပွိုင့် ၅ နဲ့ ပစ်ချနိုင်ခဲ့တာ”လို့​ပြောပါတယ် ။ “၁၂နာရီ ၁၀မိနစ်...