close
Connect with us

Hi, what are you looking for?

သတင်း

ထိုင်းတွင် ဖမ်းဆီးခံရပြီး ပြန်ပို့ရာမှ စစ်သားသစ်စု​ဆောင်းခံရသူနှင့် ရန်ကုန်တွင်​ ပေါ်တာဆွဲခံရ​​ပြီး စစ်သားသစ်ဖြစ်လာသူများ PDF ထံ အလင်းဝင်

ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မြန်မာပြည်ဘက်ပြန်ပို့ခံရစဥ် အဓမ္မစစ်မှုထမ်းရသည့် လူငယ်နှစ်ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာကြောင်း ဒေါနတပ်ရင်း၊ ဗျူဟာ ၃၃ ဗျူဟာမှူးစောဒါးကိုက လူထုနွေဦးသို့ ပြောသည်။

ဒေါနတပ်ရင်းနှင့် တပ်ခွဲ(၄)ထံ လက်နက်နှင့်အတူ အလင်းဝင်လာသူများနှင့် တပ်ရင်း၊ တပ်ခွဲတာဝန်ရှိသူတို့ကို တွေ့ရစဥ်။ ဓာတ်ပုံ-ဒေါန

​ဇွန်-၁၁၊၂၀၂၅။​ နေ့သစ်/People’s Spring

ထိုင်းနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးပြီး မြန်မာပြည်ဘက်ပြန်ပို့ခံရစဥ် အဓမ္မစစ်မှုထမ်းရသည့် လူငယ်နှစ်ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်လာကြောင်း ဒေါနတပ်ရင်း၊ ဗျူဟာ ၃၃ ဗျူဟာမှူးစောဒါးကိုက လူထုနွေဦးသို့ ပြောသည်။

အဓမ္မစစ်မှုထမ်းခဲ့ရပြီး အလင်းဝင်လာသည့် လူငယ်နှစ်ဦးသည် ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့သို့ လွှဲပြောင်းခံရပြီးနောက် မွန်ပြည်နယ်၊ သံဖြူဇရပ်အခြေစိုက် စစ်ကောင်စီ၏ ဝဲဂလိ အမှတ် (၄)တန်းမြှင့် လေ့ကျင့်ရေးကျောင်းသို့ ပို့ဆောင်ခံရခြင်းဟု ဆိုသည်။

ဒေါနတပ်ရင်းနှင့် တပ်ခွဲ(၄)ထံ လက်နက်နှင့်အတူ အလင်းဝင်လာသူများနှင့် တပ်ရင်း၊ တပ်ခွဲတာဝန်ရှိသူတို့ကို တွေ့ရစဥ်။ ဓာတ်ပုံ-ဒေါန

“လူငယ်တွေကတော့ သူတို့နေရပ်ပြန်ရမယ် ထင်တာပေါ့။ ဒါပေမယ့် ကော့သောင်းရောက်ပြီး တစ်ပါတ်လောက် သူတို့ကို ထိန်းသိမ်းထားတယ်။ပြီးတော့ ဝဲဂလိ ကိုခေါ်ပြီး လေ့ကျင့်ရေးလုပ်ခိုင်းပြီး စစ်မှုထမ်းရမယ်ဆိုပြီးလုပ်တာ”ဟု စောဒါးကို က အလင်းဝင်လာသည့်လူငယ်နှစ်ဦး၏ ဖြစ်စဥ်ကို ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ထိုင်းနိုင်ငံက ဖမ်းဆီးလွှဲပြောင်းပြီး အဓမ္မစစ်မှု ထမ်း ရသူများအနက် ထွက်ပြေးနိုင်သူအချို့ရှိသော်လည်း စစ်ကောင်စီတပ်တွင်းပိတ်မိနေသူများလည်းကျန်ရှိနေသည်ဟု သိရသည်။

“ထိုင်းနိုင်ငံအနေနဲ့ ဒီလိုဖြစ်စဥ်တွေရှိနေတာ မသိဘူးမဟုတ်ဘူး။သိသိချည်းနဲ့လုပ်တာ။ဒီလောက်အခက် အခဲ ဖြစ်နေတဲ့ အိမ်နီးချင်းက ပြည်သူတွေအတွက် လူသားချင်းစာနာ မှုတော့ ရှိစေချင်တယ်”ဟု ဒေါနတပ်ရင်း ဗျူဟာမှူးက မေတ္တာရပ်ခံသည်။

ကော့သောင်းမြို့ခံတစ်ဦးကလည်း”သိရသလောက် ရနောင်းဘက်ကနေ ကော့သောင်းကို လစဥ် ပြန်ပို့ခံရတဲ့ သူ ၁၀၀ နဲ့ ၁၅၀ လောက်ရှိတယ်။အဲဒီအထဲကမှ အသက်ကြီးတဲ့သူတွေနဲ့ အမျိုးသမီးတွေကို ဖယ်တယ်။ကျန်တဲ့သူတွေအကုန်လုံးလိုလိုက စစ်မှုထမ်းထဲပါသွားတာ”ဟု လူထုနွေဦးသို့​ပြောသည်။

အလင်းဝင်လာ လူငယ်နှစ်ဦးသည် ဝဲဂလိသင်တန်းကျောင်းမှ ရေးမြို့အခြေစိုက် ခလရ (၂၉၉ )သို့ ရောက်ရှိခဲ့သည်။

ထို့နောက် ဇွန်လ ၉ ရက်နေ့တွင် ဒေါနတပ်ရင်း၊ ဗျူဟာ (၃၃) နယ်မြေအတွင်းသို့ MA1 တစ်လက် ၊ ကျည်ဘောက်သုံးခု၊ ကျည် ၁၂၃ တောင့်ဖြင့် ဗျူဟာ (၃၃) နယ်မြေအတွင်းရှိ ဒေါနတပ်ရင်း၊ စစ်ကြောင်း (၂) ထံသို့ပူးပေါင်းခဲ့သည်။

၎င်းတို့နှစ်ဦးသည် ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ကြသူများဖြစ်ပြီး ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခံရကာ မြန်မာပြည်ဘက် ပြန်ပို့ခံရစဥ် အတင်းအဓမ္မ စစ်သားစုဆောင်းခံရသည်ဟု ဒေါနတပ်ရင်းက သီးခြားထုတ်ပြန်ထားသည်။

■ရန်ကုန်တွင် ညအချိန် အပြင်ထွက်ရင်း​ပေါ်တာဆွဲခံရပြီး စစ်သားသစ်စု​ဆောင်းခံရသူအလင်းဝင်

ထိုအပြင် မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ အခြေစိုက် ခလရ(၃၁)၌ တာဝန်ထမ်းဆောင်နေသည့် စစ်သားတစ်ဦးမှာလည်း ဇွန်လ ၁ရက်တွင် MA 1 ၁လက်၊ ကျည်ဘောက်နှင့် ကျည်များ ယူလာပြီး အလင်းဝင်လာခြင်းဖြစ်သည်ဟု ဒေါနတပ်ရင်း တပ်ခွဲ(၄)က ထုတ်ပြန်သည်။

အလင်းဝင်လာသော စစ်ကောင်စီတပ်သားသည် ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြိုနယ်တွင် နေထိုင်သူဖြစ်ပြီး ညအချိန် အပြင်ထွက်ရင်း ပေါ်တာဆွဲခံရခြင်းဖြစ်ကြောင်း၊ စစ်သင်တန်း အပတ်စဉ်(၇) သင်တန်းဆင်းတစ်ယောက်ဖြစ်ပြီး ခေါဇာမြိုနယ်ခွဲ ခလရ ၃၁ တွင် ၇ လခန့် တာဝန်‌ထမ်းဆောင်ခဲ့ရာ ညဘက် ကင်းတာဝန်ကျချိန် ထွက်ပြေးပြီး ဒေါနတပ်ခွဲ-၄ သို့ ဆက်သွယ်လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။

ထိုသို့ ဆက်သွယ်လာ၍ လမ်းပိုင်းတစ်နေရာမှတဆင့် ဗျူဟာ ၃၃နယ်မြေအတွင်းသို သွားရောက်ခေါ်ဆောင်ပေးခဲ့ပြီး ဆုငွေပေးအပ်ကာ လွတ်မြောက်နယ်မြေ တနေရာသို့ ဘေးကင်းစွာ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါတပ်သား အပါအဝင် ဒေါနတပ်ရင်း တပ်ခွဲ(၄)သို့ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သား ၄ဦးရှိဟု တပ်ခွဲ(၄) တာဝန်ရှိသူက ပြောသည်။

“အာဏာရှင်တစုရဲ့ အလိုကျ ပြည်သူတွေကို မနှိပ်စက်နေတော့ဘဲ ပြည်သူကို ကာကွယ်တဲ့ ပြည်သူ့ဘက်တော်သားတွေအဖြစ် အမြန်ဆုံး ကူးပြောင်းကြဖို့ တိုက်တွန်းလိုပါတယ်”ဟု တပ်ခွဲ(၄) တာဝန်ရှိသူက စစ်ကောင်စီတပ်၌ ကျန်နေသူများအား တိုက်တွန်းသည်။

ဒေါနတပ်ရင်း တပ်ခွဲ(၄)အပါအဝင် ဒေါနတပ်ရင်းတခုလုံးသို့ အလင်းဝင်ပူးပေါင်းလာသူ ၆၀ ကျော်ရှိသည်ဟု ဗျူဟာ (၃၃) စစ်ဆင်ရေးမှူး စောဒါးကို၏ ပြောပြချက်အရ သိရသည်။

ဒေါနတပ်ရင်း အနေဖြင့် အလင်းဝင်ရောက်လာမည့် စစ်ကောင်စီတပ်သားများအား အစဉ် နွေးထွေးစွာကြိုဆိုလျှက်ရှိကြောင်းလည်း အသိပေးသည်။ အတင်းအဓမ္မ တပ်သားစုဆောင်းခံရသော တပ်သားများနှင့် စစ်ကောင်စီတပ်သားများအနေဖြင့်လည်း စစ်ကောင်စီလက်အောက်မှ အမြန်ဆုံးရုန်းထွက်၍ နီးစပ်ရာ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံကြရန်လည်း တပ်ခွဲ(၄)က တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်၌ စစ်ရေးတင်းမာနေချိန် စစ်တပ်ကအင်အားဖြည့်တင်းလာနိုင်သည့် မိုးကောင်း-ကာမိုင်း -ဖားကန့်လမ်းကို လုံခြုံရေးအခြေအနေအရလတ်တလော အသုံးမပြုကြရန် KIA၊ KPDF ပူးပေါင်းတပ်ကဒေသခံများအားသတိပေးထားသည်။

သတင်း

ပဲခူးတိုင်း၊ပေါက်ခေါင်းမြို့နယ်အတွင်းရှိကျေးရွာများကို မီးရှို့ဖျက်ဆီးပြီးပြန်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ သေနတ်ရှစ်လက်နှင့် ခဲယမ်းများရရှိခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၁ မှ ပြန်ကြား ရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား ယမန်နေ့ (ဇွန်လ ၉ရက်) နံနက်ပိုင်းတွင် KIA၊ KPDF ပူးပေါင်းတပ်က တိုက်ခိုက်ရာ ၁၈ဦးထက်မနည်းသေဆုံးပြီး စစ်ကြောင်းလိုက် ထွက်ပြေးသွားကြောင်း သတင်းရရှိသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့အနီးက ကံကြီးကျေးရွာကနေ ဆုတ်ခွာလိုက်ရတဲ့ စစ်ကောင်စီတပ်နဲ့ ကံကြီးရွာအနီးပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)က ထုတ်ပြန်ပါတယ်။