close
Connect with us

Hi, what are you looking for?

သတင်း

PDFတွေဖမ်းထားတဲ့ဗိုလ်ကြီးနှစ်ဦးဟာ ငွေးကြေးအရှုပ်အရှင်းနဲ့ လူမှုရေးပြဿနာကြောင့် ခွင့်မဲ့ပျက်ကွက်နေသူတွေလို့ စစ်ကောင်စီဝါဒဖြန့်

မန္တလေးတိုင်း၊ ပုဂံ၊ညောင်ဦးမြို့နယ်မှာ PDFတွေရဲ့ဖမ်းဆီးမှုခံလိုက်ရတဲ့ ဗိုလ်ကြီးနှစ်ဦးဟာ ငွေးကြေးအရှုပ်အရှင်းနဲ့ လူမှုရေးပြဿနာတွေကြောင့် ခွင့်မဲ့ပျက်ကွက်နေသူတွေလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချီရေးအဖွဲ့တွေက ဒီကနေ့(ဇွန်လ ၈ရက်)မှာ ဖော်ပြလာပါတယ်။

ဖမ်းဆီးရမိသော စစ်ကောင်စီဗိုလ်ကြီး၂ဦး ဓာတ်ပုံ-Bagan Bocho

“ဖမ်းမိတဲ့အတွက် ခွင့်မဲ့လို့ထွက်သွားတာပါ။ခွင့်မဲ့ဆိုပြီးတော့ပြေးတယ်ဆိုကျနော်တို့ကထိန်းသိမ်းထားပါ့မလား။ ကျနော်တို့ဖမ်းမိတာကြာပြီလေသူတို့ကခွင့်မဲ့ပျက်ကွက်တာလို့ထင်နေတာ။”

— ပုဂံဗိုလ်ချို PDF မှတာဝန်ရှိသူ

ဇွန်-၈၊၂၀၂၅။ကိုဘီဂျီ၊​ဇေ​အောင်/People’s Spring

မန္တလေးတိုင်း၊ ပုဂံ၊ညောင်ဦးမြို့နယ်မှာ PDFတွေရဲ့ဖမ်းဆီးမှုခံလိုက်ရတဲ့ ဗိုလ်ကြီးနှစ်ဦးဟာ ငွေးကြေးအရှုပ်အရှင်းနဲ့ လူမှုရေးပြဿနာတွေကြောင့် ခွင့်မဲ့ပျက်ကွက်နေသူတွေလို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်ချီရေးအဖွဲ့တွေက ဒီကနေ့(ဇွန်လ ၈ရက်)မှာ ဖော်ပြလာပါတယ်။

ကျန်းမာရေး နဲ့ ရောဂါနှိမ်နင်းရေးတပ်(ကရတ)ကသူနာပြုဗိုလ်ကြီး ညီညီမျိုးဆွေ နဲ့ ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ဟာ မေလ ၁၇ရက်ကတည်းက တပ်ကနေ ခွင့်မဲ့ပျက်ကွက်နေသူတွေလို့ စစ်ကောင်စီအဖွဲ့က ဆိုပါတယ်။

မေလ ၂၀ရက်မှာ အဖမ်းခံလိုက်ရတယ်ဆိုပြီး PDFတွေက ဇွန်လ ၇ရက်မှာ ထုတ်ပြန်လာတာဟာ ရိုးသားမှုမရှိဘူးလို့လည်း စစ်ကောင်စီအဖွဲ့က ဆိုပါတယ်။ ဒါ့အပြင် အဖမ်းခံရတဲ့ ဗိုလ်ကြီးနှစ်ဦးဟာ ချောက်မြို့ဘက်ကို ထွက်ပြေးပြီး PDFတွေနဲ့ သွားရောက်ပူးပေါင်းတာလို့လည်း စွပ်စွဲဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်သားနှစ်ဦးကိုဖမ်းဆီးထားတဲ့ ပုဂံ ဗိုလ်ချို (Bangan Bocho )PDFအဖွဲ့တာဝန်ရှိသူက​ “မဟုတ်ပါဘူး။ ဖမ်းမိတဲ့အတွက် ခွင့်မဲ့လို့ထွက်သွားတာပါ။ ခွင့်မဲ့ဆိုပြီးတော့ပြေးတယ်ဆိုကျနော်တို့ကထိန်းသိမ်းထားပါ့မလား။ ကျနော်တို့ဖမ်းမိတာကြာပြီလေသူတို့ကခွင့်မဲ့ပျက်ကွက်တာလို့ထင်နေတာ။”ဟုတုံ့ပြန်ပြောကြားပါတယ် ။

ပြီးခဲ့တဲ့မေလ၂၀ရက်​ မနက်က ပုဂံ၊ညောင်ဦးမြို့နယ်၊ ညောင်ဦး-ချောက် ကားလမ်းပိုင်းတနေရာမှာ ကာကွယ်ရေးအဖွဲ့တွေက အရပ်ဝတ်နဲ့ စစ်ဆေးနေတဲ့အချိန် ချောက်မြို့ဘက်ကို မောင်းနှင်လာတဲ့ အိမ်စီးကားတစ်စီးကို စစ်ဆေးခဲ့ကြပါတယ်။

အဲဒီကားပေါ်မှာ နေပြည်တော်ကလာတဲ့ ကျန်းမာရေးနဲ့ ရောဂါနှိမ်နင်းရေးတပ်(ကရတ)ကသူနာပြုဗိုလ်ကြီး ညီညီမျိုးဆွေ နဲ့ ဗိုလ်ကြီး စိုးထွဋ်ကျော်တို့ကို အရပ်ဝတ်နဲ့ ဖမ်းဆီးရမိခဲ့တာဖြစ်

ကြောင်း Bagan Bo Cho PDFအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ အဲဒီ ဗိုလ်ကြီးနှစ်ဦးဟာ အရပ်ဝတ်နဲ့ PDFရဲဘော်တွေကို စစ်သားတွေထင်မှတ်ပြီး ဝန်ထမ်းကတ်ထုတ်ပြရာကနေ အဖမ်းခံလိုက်ရတာလို့ Bagan Bo Cho PDFအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဖမ်းမိတဲ့ဗိုလ်ကြီးနှစ်ဦးကို စစ်သုံ့ပန်းဥပ‌ဒေအရ သက်ဆိုင်ရာ ညောင်ဦးမြို့နယ် ပကဖ တာဝန်ခံထံဆီ လွှဲအပ်ထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်​ရောက်​နေတဲ့ မဲပုတ်ရွာတိမ်ပင်လယ်နဲ့ ​နောင်ချိုက လူသိများတဲ့ နောင်ချိုကြီးရွာတိမ်ပင်လယ်ဟာမတူပဲ (၈)မိုင်ကျော် ကွာ​ဝေးပါတယ်

သတင်း

အထက်ပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ MA လက်နက်ငယ် ၁၅ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ ပစ္စတို ၁ လက် နှင့် လက်နက်ခဲယမ်းကျည်ဆံများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း PNLA က ထုတ်ပြန်သည်။

သတင်း

စခန်းသိမ်းတိုက်ပွဲမှာ နံနက် ၅နာရီ ၁၅မိနစ်အချိန်မှ နံနက် ၁၁နာရီ ၄၅မိနစ်ခန့်အထိ ၆နာရီခွဲကျော်ကြာမြင့်ခဲ့ပြီး ရန်သူအကြမ်းဖက်စစ်တပ်မှ ဗိုလ်ကြီး တစ်ဦးအပါအဝင် ၁၀ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

သတင်း

စခန်းသိမ်းတိုက်ပွဲဖြစ်ပွားပြီးစစ်တပ်က ​လေ​ကြောင်းမှလာ​ရောက်တိုက်ခိုက်ခဲ့​သော်လည်း CNDF တပ်ဖွဲ့ဝင်များထိခိုက်မှုမရှိ​ဟု တပ်ဖွဲ့ဝင်တစ်ဦးက​ပြောသည်။