close
Connect with us

Hi, what are you looking for?

သတင်း

ခမရ(၃၄၂)မှသင်တန်းဆင်းစစ်သားသစ်နှစ်ဦး ကော့သောင်း ပကဖ ထံ အလင်းဝင်

တနင်္သာရီတိုင်း၊ကော့သောင်းခရိုင်၊အခြေစိုက်စစ်ကောင်စီတပ်ခမရ(၃၄၂)မှတပ်သားနှစ်ဦး ‌ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ထံဆက်သွယ်၍ အလင်းဝင်ရောက်လာကြောင်း ပကဖ တာဝန်ရှိသူက ပြောသည်။

အလင်းဝင်စစ်သားသစ်နှစ်ဦးနှင့် ပကဖ တာဝန်ရှိသူတစ်ဦးအားတွေ့ရစဥ်။ဓာတ်ပုံ -ကော့သောင်း ပကဖ

ဇွန်-၂၊ ၂၀၂၅။​ကျော်စွာ/People’s Spring

တနင်္သာရီတိုင်း၊ကော့သောင်းခရိုင်၊အခြေစိုက်စစ်ကောင်စီတပ်ခမရ(၃၄၂)မှတပ်သားနှစ်ဦး ‌ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ထံဆက်သွယ်၍ အလင်းဝင်ရောက်လာကြောင်း ပကဖ တာဝန်ရှိသူက ပြောသည်။

ကော့သောင်းပကဖ ထံဆက်သွယ်အလင်းဝင်လာသူနှစ်ဦးမှာ ကိုဇင်မင်းသူ နှင့် ကိုနေမျိုးထွန်းတို့ဖြစ်ပြီးစစ်ကောင်စီ၏စစ်မှုထမ်းသင်တန်းအပါတ်စဥ်(၈) သင်တန်းဆင်းများဖြစ်ကြောင်း ၎င်းက ပြောသည်။

“လက်နက်ခဲယမ်းတော့မပါဘူးဗျ။ ရေချောင်းထဲ လွှင့်ပစ်ခဲ့တယ်ပြောတယ်။မကိုင်ချင်တော့လို့တဲ့ဗျာ”ဟု အလင်းဝင်တပ်သားနှစ်ဦးနှစ်စပ်လျဥ်းပြီး ကော့သောင်းမြို့နယ် ပကဖ မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တပ်သားသစ်နှစ်ဦးသည်၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် စစ်ကောင်စီ၏ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခြင်းကိုခံရကာ စစ်မှုထမ်းသင်တန်းအပါတ်စဥ်(၈)ကို တပ်မတော် အမှတ်(၃)တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ တက်ရောက်ခဲ့ရသည်ဟု ကော့သောင်း ပကဖ ထံမှ သိရသည်။

ထို့နောက် သင်းတန်းဆင်းချိန်တွင် ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီ၏ နန္မသွန်ရှေ့တန်းခြေကုတ်စခန်းခမရ(၃၄၂)တပ် ရင်း၌ တာဝန်ချထားခံရပြီး ယခုနှစ် မေလ ၂၇ ရက်နေ့တွင်ကော့သောင်းမြို့နယ် ပကဖ နှင့်ချိတ်ဆက်ကာ ထွက်ပြေးလာခြင်းဖြစ်သည်။

စစ်ကောင်စီလက်အောက်၌ တာဝန်ထမ်းဆောင်နေကြသော ရဲနှင့် စစ်သားများအနေဖြင့်လည်း ပြည်သူ့ရင်ခွင်ခိုလှုံမည်ဆိုပါက ကော့သောင်းမြို့နယ် ပကဖ ထံဆက်သွယ်နိုင်ပြီး ပြည်သူဘက်ပူးပေါင်းလာမည့်သူများကိုလက်ခံကြိုဆိုသွားမည်ဖြစ်ကြောင်း ဖိတ်ခေါ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ဖက်ရည်ဆိုင်လုပ်သားနှင့် တောင်သူဖြစ်ပြီး အရပ်သားဘ၀ဖြင့်နေလို၍ အလင်းဝင်လာဟုဆို

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦး လက်နက်ခဲယမ်းများယူလာပြီး အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) - ဟားခါးက ယနေ့(မေလ ၁၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်းမြို့နယ်(မူးမြို့နယ်)တွင် ရန်ကုန်တွင်YBS ယာဥ်​မောင်း​နေရာမှစစ်သားသစ်အဖြစ်စု​ဆောင်းခံရ​သောစစ်သား တဦးလက်နက်နှင့်အတူ အလင်းဝင်လာကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

သတင်း

လက်တဆုပ်စာ ဗိုလ်ချုပ်ကြီးတို့၏ အကျိုးစီးပွားကို ကာကွယ်နေရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် စစ်ကောင်စီတပ်ကို စွန့်ခွာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)တပ်ဖွဲ့ထံ အလင်းဝင်ရောက်ကြရန် KNLA ဌာနချုပ်က ထပ်မံ တိုက်တွန်းခဲ့သည်။

Facebook