close
Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်မြို့နယ်ကို စစ်တပ်ကစစ်ကူအများအပြားပို့​နေပြီး တိုက်​ပွဲ​တွေပြင်းထန်​နေ

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ကို စစ်တပ်က အင်အားအများအပြားစစ်ကူပို့နေပြီး တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်လို့ ကော့ကရိတ်ဒေသမှ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

အာရှလမ်း​​ပေါ်တွင် ​အောင်​ဇေယျစစ်​ကြောင်းမှ သံချပ်ကာယာဥ်ကို ၂၀၂၄ ခုနှစ်မှာ​တော်လှန်​​ရေးတပ်ဖွဲ့​တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့စဥ်။ဓါတ်ပုံ-​ကော်ဘရာ​ကော်လံ

ဇွန် ၈၊ ၂၀၂၅။ကိုဘီဂျီ/People’s Spring

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ကို စစ်တပ်က အင်အားအများအပြားစစ်ကူပို့နေပြီး တိုက်ပွဲတွေလည်း ပြင်းထန်နေတယ်လို့ ကော့ကရိတ်ဒေသမှ တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

ကော့ကရိတ်မြို့အဝင်က စစ်ကောင်စီရဲ့ အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၂)နဲ့ မြို့ထဲက အမှတ်(၉၇)ခြေလျင်တပ်ရင်းကို စစ်ကူအများအပြားပို့နေတယ်လို့ ဆိုပါတယ်။ကစခ−၁၂ က အင်အားကို ကော့ကရိတ်ကနေ ကျုံဒိုးမြို့သွားတဲ့ လမ်းပိုင်းကို စစ်ကြောင်းထိုး စစ်ကူပို့တာဖြစ်ပြီး ခလရ(၉၇)တပ်ရင်းက အင်အားကိုတော့ အာရှလမ်းပိုင်းမှာ တိုက်ခိုက်ခံနေရတဲ့ အောင်ဇေယျစစ်ကြောင်းဆီ စစ်ကူပို့နေတာလို့ ကော့ကရိတ်ဒေသက တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

ဇွန်လ ၇ရက်မှာ ကော့ကရိတ်မြို့အထွက်အာရှလမ်းမကြီးပေါ်က ကော့နွှဲ့၊တတန်ကူးကျေးရွာတွေမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။ အဲဒီတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်မှုရှိခဲ့ပြီး စစ်ကောင်စီတပ်ကအလောင်းနှစ်လောင်း ကျန်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“အောင်ဇေယျကို အင်အား ၂၀၀ လောက်ထပ်ပို့လာတယ်။အဲတော့တောင်ပေါ်မှာရောပေါင်းရင် စုစုပေါင်း ၄၀၀လောက်တော့ ရှိလာမယ်”လို့ကော့ကရိတ်ဒေသက တော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

ဇွန်လ ၈ရက်မနက်မှာလည်း ကော့ကရိတ်နဲ့ မြဝတီမြို့နယ်အစပ်က ကွင်းကလေးကျေးရွာမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ဒါ့အပြင် ကစခ−၁၂ကနေထွက်သွားတဲ့စစ်ကြောင်း နဲ့ တော်လှန်ရေးတပ်တွေ ကိုးတိုင် နဲ့ ခုနှစ်တိုင် ရွာလမ်းပိုင်းတွေမှာ တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။ကောင်စီတပ်က ကျုံဒိုးမြို့လက်မလွှတ်ရဖို့ စစ်ကူတွေထပ်တိုးပြီးခံစစ်ပြင်​နေတာဖြစ်ပါတယ်။ KNLA၊PDFပူးပေါင်းတပ်တွေ​တွေရဲ့ထိုးစစ်ကို စစ်တပ်က လေကြာင်းကနေ အကြိမ်​ရေများစွာဗုံးကြဲသလို ၊အဆင်မြင့်ဒရုန်းတွေ သုံးခုခံနေတယ်လို့ မြေပြင်ကရဲဘော်အချို့က ပြောပါတယ်။

“အဲဒီဘက်မှာလည်း ကြမ်းနေတာပဲ”လို့ ကော့ကရိတ်ဒေသက အခြားတော်လှန်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ထိုင်း−မြန်မာနယ်စပ်တ​လျှောက်က အရေးပါတဲ့ စစ်ကောင်စီရဲ့တပ်စခန်းတွေကိုဆက်တိုက် သိမ်းပိုက်နေသလို ကုန်သွယ်​ရေးအတွက် အရေးပါလှတဲ့ အာရှလမ်းပေါ် ကော့ကရိတ်မြို့နယ်တစ်ခုလုံးမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့တပ်မဟာ(၆) နယ်မြေက ကော့ကရိတ်မြို့ဝန်းကျင်နဲ့ ကော့ကရိတ်မြို့ကနေ ဒေါနတောင်ပေါ် တောနောရေတံခွန်အထိ နေရာယူထားတဲ့ အောင်ဇေယျစစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊၊PDFပူးပေါင်းတပ်တွေက အပိုင်းလိုက်ဖြတ်တောက်ပိတ်ဆို့ထားပါတယ်။ပြီး​တော့ထိုးစစ်အရှိန်မြှင့်ပြီးတိုက်ခိုက်တာမို့ ပြီးခဲ့တဲ့လပိုင်းကတည်းက အဲဒီနေရာတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ကော့ကရိတ်မြို့တောင်ပိုင်း နဲ့ မြောက်ပိုင်း နေရာတွေရယ် ၊ ကော့ကရိတ်နဲ့ ကျုံဒိုးမြို့လမ်းပိုင်း တလျှောက်မှာပါ တိုက်ပွဲပြင်းထန်နေတယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါအပြင်တော်လှန်ရေးပူးပေါင်းတပ်တွေက ကော့ကရိတ်မြို့ကို ဝန်းရံပိတ်ဆို့ထားပြီလို့ အဲဒီဒေသက PDF တပ်ရင်းမှူးတစ်ဦးက ပြောပါတယ်။

အခုဆိုရင် အောင်ဇေယျစစ်ကြောင်းဟာ တောင်ပေါ်မှာအင်အား နှစ်ရာလောက်ပဲကျန်​တော့တယ်လို့သိရပါတယ်။အဲဒီ အဖွဲ့ကိုလည်း ​တော်လှန်​ရေးအဖွဲ့​တွေက ဖြတ်​တောက်ပိတ်ဆို့ထားတာပါ။ ဒါ့အပြင် ​တော်​နော် ရေတံခွန်ဘက်ခြမ်းမှာရှိတဲ့ စစ်

သား​တွေလည်း ဖြတ်​တောက်ပိတ်ဆို့ခံထားရပြီဖြစ်ပါတယ်။ ဒါ​ကြောင့် ဒီရက်တည်းမှာ စစ်တပ်က​အောင်​ဇေယျ စစ်​ကြောင်းဆီကို စစ်ကူ ၂၀၀ ​ကျော်ထပ်ပို့တာဖြစ်ပါတယ်။

နယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့က မြို့စောင့်တပ်အဖြစ်ရှိနေတဲ့ ခလရ(၂၇၅)တပ်ရင်းကိုလည်း တော်လှန်ရေးတပ်တွေက အခုရက်ပိုင်းအတွင်းမှာ ပစ်ခတ်တိုက်ခိုက်နေပါတယ်။ မေလ ၃၁ရက် ညပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေက ခလရ(၂၇၅)

တပ်ရင်းထဲကို လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေတာလို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နောက်ပြီး ဇွန်လ ၄ ရက်မှာလည်း ဒရုန်းနှစ်စင်းနဲ့ ခလရ၂၇၅တပ်ရင်းထဲကို ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။

ခလရ ၂၇၅ထဲမှာ မြန်မာ – ထိုင်းနယ်စပ်က တပ်စခန်းသိမ်းပွဲတွေကနေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးတဲ့စစ်သားတွေပြန်လည်ဝင်ရောက်ရှိနေကြပါတယ်။စစ်ကောင်စီတပ်သားတွေ စခန်းသိမ်းတိုက်ပွဲတွေကနေ ထိုင်းနိုင်ငံထဲကို ထွက်ပြေးပြီး ပြန်ပို့ရင်ကရင်နယ်ခြားစောင့်တပ်(BGF)ရဲ့ အမှတ်(၄)စစ်ဒေသမှူး ဗိုလ်မှူကြီးမုတ်သုန်ထိန်းချုပ်မှုအောက်က နယ်စပ်ဂိတ်ပေါက်တစ်ခုဖြစ်တဲ့ (၁၆)ဂိတ်ကနေပဲ ပြန်ပို့နေတာလို့ ဆိုပါတယ်။

“သေဘောဘိုးကဟာရောပေါင်းရင် ၂၇၅ထဲမှာ ၅၀၀ကျော်နေပြီ”လို့ ၎င်းက ဆက်ပြောပါတယ်။

ဒါ​ကြောင့် ခလရ (၂၇၅)တပ်ရင်းထဲမှာ စုမိနေတဲ့ စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး စစ်ကြောင်းထိုးဖို့ ဟန်ပြင်နေတယ်လို့ ကော့ကရိတ်ဒေသက PDFတပ်ရင်းမှူးတစ်ဦးက ပြောပါတယ်။

“သူတို့က သင်္ဃန်းညီနောင်ကို အဲဘက်က ထိုးမယ်ပေါ့။ ဒီဘက်က အောင်ဇေယျကလည်း လက်ကျန်နဲ့ တက်မယ်ပေါ့။ သူတို့က အဲလိုပုံစံ စဉ်နေတာ”လို့ ၎င်းက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ − ထိုင်းနယ်စပ် မြဝတီမြို့နယ်၊ ဝေါလေမြို့နားမှာ တိုက်ခိုက်ခံနေရတဲ့ သေဘောဘိုးဗျူဟာတပ်စခန်းကို စစ်ကူလွှတ်ဖို့အတွက် စစ်ကောင်စီတပ်သား ၆၀ကျော်ဟာ ထိုင်းနိုင်ငံကနေတဆင့် ဖြတ်သန်းဝင်ရောက်လာတယ်လို့ ကရင်စစ်ရေသတင်းအရင်းမြစ်တွေက လူထုနွေဦးကို အတည်ပြုပါတယ်။

သတင်း

မန္တလေးတိုင်း ၊ မြင်းခြံခရိုင် ၊ နွားထိုးကြီးမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေပြီး အရပ်သား ပြည်သူ ၇,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တောင်ပိုင်း က ကျေးရွာ ကို စစ်ကောင်စီလေတပ်က မေလ ၂ ရက် နေ့ခင်းပိုင်း ၁ နာရီခွဲ ဝန်းကျင်က ဗုံးကြဲတိုက်ခိုက်ရာမှာ ကလေး တစ်ဦးအပါအဝင်အရပ်သားအချို့ထိခိုက်ဒဏ်ရာရကြတယ်လို့ ကော့ကရိတ်မြို့ ခံသတင်းရင်းမြစ်ထံကသိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ တပ်မဟာ(၆)နယ်မြေအတွင်း တိုက်ပွဲများပြင်းထန်ပြီး တော်လှန်ရေးတပ်များက စစ်ကောင်စီ၏ ရင်ကွဲတောင်စခန်းအပါအဝင် တပ်စခန်းအချို့သိမ်းပိုက်ရရှိကာ ကော့ကရိတ်မြို့နယ်မြို့ကိုလည်း ဝန်းရံပိတ်ဆို့ထားကြောင်း လူထုနွေဦး၏ ကရင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။