close
Connect with us

Hi, what are you looking for?

သတင်း

ဟင်းအိုးတူးနံ့ကိုအလုံပိတ်ခန်းတွင်ကြာရှည်ရှုမိရာ အမျိုးသမီး နှစ်ဦးအသက်ရှူကြပ်သေဆုံး၊ အမျိုးသားတစ်ဦးကို​လည်းဆေးရုံတင်ထားရ

ရန်ကုန်မြို့၊ဗိုလ်တထောင်မြို့နယ် ၄၃ လမ်းတွင် တိုက်ခန်းတစ်ခန်း၌ ဟင်းအိုးတည်ကာ အဲကွန်းဖွင့်အိပ်ရာမှ အသက်ရှုကြပ်၍ အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

​သေဆုံးသွားသူများကို ကား​ပေါ်သို့တင်​နေစဥ်။ဓါတ်ပုံ- အဖြူရောင်ကမ်းလက်လူမှုကူညီ​ရေးအသင်း

ဇွန်-၈၊၂၀၂၅။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊ဗိုလ်တထောင်မြို့နယ် ၄၃ လမ်းတွင် တိုက်ခန်းတစ်ခန်း၌ ဟင်းအိုးတည်ကာ အဲကွန်းဖွင့်အိပ်ရာမှ အသက်ရှုကြပ်၍ အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“သူတို့က ဟင်းအိုးတည်ထားတာကိုမေ့ပြီး တူးသွားတာ။ အဲကွန်းခန်းထဲမှာဆိုတော့ အဲဒီ့အနံ့ကိုရှုမိပြီး အ‌ဆိပ်သင့်သွားတာပါ” ဟု ယင်းနေရာသို့ သွားရောက်ကူညီခဲ့သည့် ပရဟိတအဖွဲ့ဝင်တစ်ဦးကပြောသည်။

ဇွန် ၈ ရက် နံနက် ၁၀ နာရီခန့်တွင် သတင်းရခဲ့ခြင်းဖြစ်ပြီး ယင်းအိမ်ရှိ အမျိုးသမီး နှစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦးကို ဂျပန်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

“အမျိုးသားကတော့ ICU ထဲမှာပဲရှိပါသေးတယ်” ဟုအထက်ပါပရဟိတအဖွဲ့ဝင်ကပြောသည်။

အဆိုပါဖြစ်စဉ်သို့ဘိုကလေးဈေးပရဟိတအသင်း ၊အဖြူရောင်ကမ်းလက် ၊လင်းလက်၊ ရှင်သန်ရေး ၊ ပီတိ‌မေတ္တာ လူမှူကူညီရေး အသင်းတို့ သွားရောက်ကူညီခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် လပိုင်းကလည်း ရန်ကုန်မြို့ရှိ မြို့နယ် နှစ်ခုတွင် မီးပျက်နေ၍ မီးစက်မောင်းကာ အဲကွန်းဖွင့် အိပ်ရာမှ ကာဘွန်မို​နောက်ဆိုက် အဆိပ်သင့်ပြီးလူ​သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ