close
Connect with us

Hi, what are you looking for?

သတင်း

စစ်သားများသေမည့်နေ့ကိုသာစောင့်နေရခြင်းမျိုးမဟုတ်ဘဲ အလင်းဝင်၍ အသက်ရှင်ခွင့်ရွေးချယ်နိုင်ဟု KNLA ထံ အလင်းဝင်စနိုက်ပါအကူတပ်သားပြော

စစ်ကောင်စီတပ်သားများအလင်းဝင်ပါကအသက်ရှင်သန်ခွင့်ကိုရွေးချယ်စရာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ထံအလင်းဝင်လာသည့်အောင်ဇေယျစစ်ကြောင်းမှ ထွက်ပြေးအလင်းဝင်ခဲ့​သော စစ်သားသစ် တပ်သား မောင်ဖြိုးက ပြောသည်။

ဇွန်-၄၊၂၀၂၅။ထားမြတ်/People’s Spring

စစ်ကောင်စီတပ်သားများအလင်းဝင်ပါကအသက်ရှင်သန်ခွင့်ကိုရွေးချယ်စရာရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ထံအလင်းဝင်လာသည့်အောင်ဇေယျစစ်ကြောင်းမှ ထွက်ပြေးအလင်းဝင်ခဲ့​သော စစ်သားသစ် တပ်သား မောင်ဖြိုးက ပြောသည်။

တပ်မ ၅၅ လက်အောက်ခံ ခမရ(၁၁၂)မှ တပ်သား မောင်ဖြိုးသည် စနိုက်ပါ တွဲဘက်အဖြစ် တာဝန်ယူသူဖြစ်ပြီး လက်နက် ၂လက် ယူလာခဲ့ဟု အသိပေးသည်။

“အစောပိုင်းကလည်းလုပ်ချင်လို့လုပ်လာတာ မဟုတ်ပါဘူး။ အခုအလင်းဝင်လာရတာကလည်း ကိုယ့်အတွက် ရွေးချယ်စရာရှိတယ်ဆိုတဲ့ဟာလေးသိရလို့ ဝင်လာခဲ့တာပါ။ကျနော့်ရဲ့စနိုက်ပါတလက်ရယ် MA 1တလက်ရယ် ပါဗျ” ဟု တပ်သားမောင်ဖြိုးကပြောသည်။

Public Service Announcement

Public Service Announcement

ထို့ပြင်ကျန်နေသည့်စစ်ကောင်စီတပ်သားများအနေဖြင့်လည်း စိတ်ဓာတ်ကျရန်မလိုကြောင်း၊ စစ်ကောင်စီ တပ်မှအရာရှိများဝါဒဖြန့်သကဲ့သို့ တော်လှန်ရေးရဲဘော်များထံ အလင်းဝင်ပါက အသတ်ခံရမည်ဆိုသည်မှာမမှန်ကန်ကြောင်း၎င်းတို့ကသက်သေဖြစ်သည်ဟု တပ်သားမောင်ဖြိုးက ပြောသည်။

“စိတ်ဓာတ်မကျပါနဲ့မင်းတို့ ထင်သလိုသေမယ့်နေ့ကို ထိုင်စောင့်နေရတာမျိုးမဟုတ်ပါဘူး။ တကယ်လို့ ရွေးချယ်ချင်တယ်ဆိုရင် မင်းတို့ ငါတို့ အရာရှိတွေ ငါတို့ စီနီယာတွေ ငါတို့ရဲ့ ဆရာကြီးတွေ ပြောသလိုမျိုး အဲဒီကိစ္စတွေ ချည်းပဲအဲဒီလိုစကားတွေ ချည်းက အမှန်တွေချည်းကမဟုတ်ပါဘူးလို့ ။ မင်းတို့ထင်ထားတဲ့ဟာ မင်းတို့ မျှော်လင့်ထားတဲ့ဟာ အဲဒါတကယ်ပါပဲလို့။ မင်းတို့ တွေးနေတဲ့ဟာ တကယ်ပဲရှိပါတယ်။အခုလက်ရှိငါတို့ကိုပဲကြည့်ပါလို့” ဟု တပ်သား မောင်ဖြိုးက ပြောသည်။

ဖြစ်နိုင်သည့် ဟာ ဖြစ်သင့်သည်ဟု ယူဆသည့်အတိုင်း အလင်းဝင်လာခဲံရာ လက်ရှိတွင် ကောင်းမွန်စွာ နေထိုင်နေကြရကြောင်း ၎င်းကပြောသည်။

အလားတူ ကျန်သည့် စစ်ကောင်စီတပ်သားများလည်း ထိုအခြေအနေကို လုပ်ယူ၍ရကြောင်း တပ်သားမောင်ဖြိုးကဆက်​ပြောသည်။

အလင်းဝင်ရောက်ရန် ကြိုးပမ်းစဥ် တော်လှန်ရေးတပ်ရဲဘော်များကကောင်းမွန်စွာကြိုဆိုကြပြီးမူလက စိုးရိမ်စိတ်ရှိသော်လည်း ယခင်အလင်းဝင်ထားကြသည့် ရဲဘော်ရဲဘက်များ ကို ကောင်းမွန်စွာ တွေ့ရှိရ၍ စိုးရိမ်စိတ်လျော့ပြီဖြစ်ကြောင်း တပ်သားမောင်ဖြိုးက ပြောပြသည်။

“ကိုယ်စိုးရိမ်သလို တခြားစီပါပဲ။စိုးရိမ်မှုတွေအခုက တော်တော်များများ ပျောက်နေပါပြီ။ကျနော့်သူငယ်ချင်းတွေ ရှေ့မှာ ကျနော်တို့ ရဲဘော် ရဲဘက်တွေ တော်တော်များများလည်း ဒီလို သာသာယာဖြစ်နေတာ ပျော်နေရွှင်နေတာတွေ အကုန်လုံးပြန်တွေ့ရတော့ စိတ်ဒုံးဒုံးချလိုက်ပါပြီ။” ဟု တပ်သားမောင်ဖြိုးကပြောသည်။

တပ်သားမောင်ဖြိုးကဲ့သို့ပင်ခမရ(၁၁၂)မှတပ်သားဇင်ကိုကိုကလည်း KNLAထံ အလင်းဝင်ခဲ့ရာ ၎င်းအနေဖြင့် ညအချိန် အပြင်ထွက်စဉ် စစ်ကောင်စီ လှည့်ကင်းနှင့်တွေ့ရှိအဖမ်းခံခဲ့ရခြင်းဖြစ်သည်ဟု ပြောသည်။ ဓားမြောင်တလက် ပါလာသည်ကို စစ်ကောင်စီတပ်က ထောင်ကျခံမလား၊ စစ်တပ်ထဲဝင်မလားဟုမေး၍စစ်တပ်ထဲရောက်လာခြင်းဖြစ်သည်ဟုဇင်ကိုကို က စစ်သားသစ်အဓမ္မ​ခေါ်ယူခံခဲ့ရပုံကိုပြောပြသည်။

“စစ်တပ်ထဲ ကိုယ့်သဘောဆန္ဒနဲ့ကိုယ်ဝင်တာ မဟုတ်ဘူးဆိုတော့ သူများတကာကိုလည်း ကျနော်တို့ မပစ်ချင်ဘူး ကျနော်တို့ကိုလည်း အပစ်မခံချင်ဘူး အဲဒါကြောင့်မို့ အလင်းဝင်လိုက်တာဗျ”ဟု တပ်သား ဇင်ကိုကိုက ပြောသည်။

တပ်သား ဇင်ကိုကိုသည်လည်း အလင်းဝင်လာစဉ်​သေနတ် ၁ လက်နှင့် ကျည်ဘောက်အချို့ ယူလာခဲ့သူဖြစ်သည်။ကျန်နေသည့် စစ်ကောင်စီတပ်သားများ အလင်းဝင်လာကြရန်လည်း တပ်သား ဇင်ကိုကိုက တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ကော့သောင်းခရိုင်၊အခြေစိုက်စစ်ကောင်စီတပ်ခမရ(၃၄၂)မှတပ်သားနှစ်ဦး ‌ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ထံဆက်သွယ်၍ အလင်းဝင်ရောက်လာကြောင်း ပကဖ တာဝန်ရှိသူက ပြောသည်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်း ၅ခုကို တော်လှန်ရေးပူးပေါင်းတပ်က မေလ နောက်ဆုံးပတ်အတွင်း တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများစွာ ရရှိခဲ့သည်။

သတင်း

မြန်မာ − ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက် နဲလေးကျေးရွာက စစ်ကောင်စီရဲ့ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDF ပူးပေါင်းတပ်တွေက မနေ့ညပိုင်းမှာ သိမ်းပိုက်ခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။

သတင်း

မြန်မာ − ထိုင်းနယ်စပ် မြဝတီမြို့တောင်ဘက် ကနဲလေးကျေးရွာက စစ်ကောင်စီရဲ့ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDF ပူးပေါင်းတပ်တွေက မနေ့ညပိုင်းမှာ သိမ်းပိုက်ခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။

Facebook