close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ နောက်ဆက်တွဲငလျင်ကြောင့် ပြည်သူတွေ နေအိမ်ပေါ်က ဆင်းပြေးရပြန်

မန္တလေးမြို့မှာ ဒီကနေ့မနက်က လှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲငလျင် သိသာစွာ ခံစားလိုက်ရပြီး ပြည်သူတွေ နေအိမ်နဲ့ တိုက်ခန်းတွေပေါ်ကနေ ဆင်းပြေးခဲ့ရပြန်ပါတယ်။

မတ်လ ၂၈ရက် လှုပ်ခတ်သော စစ်ကိုင်းငလျင်ကြီးကြောင့် ပျက်စီးသွားသော မန္တလေးမြို့တနေရာအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မေ ၂၅၊ ၂၀၂၅။မေရီ/People’s Spring

မန္တလေးမြို့မှာ ဒီကနေ့မနက်က လှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲငလျင် သိသာစွာ ခံစားလိုက်ရပြီး ပြည်သူတွေ နေအိမ်နဲ့ တိုက်ခန်းတွေပေါ်ကနေ ဆင်းပြေးခဲ့ရပြန်ပါတယ်။

ဒီကနေ့ မေလ(၂၅)ရက် မနက် ၅ နာရီ ၅၂မိနစ်ခန့်က မန္တလေးမြို့မှာ လှုပ်ခတ်ခဲ့တဲ့ နောက်ဆက်တွဲ ငလျင်ဟာ အနည်းငယ်ပြင်းပြီး သိသာစွာ ခံစားလိုက်ရတာကြောင့် ပြည်သူတွေ နေအိမ်ပေါ်ကနေ ဆင်းပြေးခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“တော်တော်ကြမ်းတယ်။ အိမ်ကို ဆောင့်တွန်းလိုက်သလို ရမ်းခါသွားတာ။ အကုန်ဆင်းပြေးရတယ်။”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနကတော့ ဒီမနက် လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ အင်အား ၄.၂ ရစ်(ခ်)တာစကေးရှိပြီး အနက် ၁၀ကီလိုမီတာကနေ မန္တလေးမြို့ရဲ့ အနောက်ဘက် (၁၂) မိုင်ခန့်အကွာနေရာကို ဗဟိုပြုလှုပ်ခတ်သွားတာလို့ ဆိုပါတယ်။

မန္ဆလေးမြို့မှာ မေလလယ်ပိုင်းကလည်း နောက်ဆက်တွဲ ငလျင်တွေထပ်လှုပ်နေလို့ ပြိုလက်စ အဆောက်အဦးတချို့ ထပ်မံပြိုကျခဲ့ပါသေးတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကတော့ ဒီမနက် လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ အရှေ့မြောက်ဘက် ၂၃ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၁ အဆင့်နဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားတာလို့ ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖျက်အားပြင်းငလျင်ကြီးကြောင့် ဘုရား ၊ စေတီ ၊ သာသနိက အဆောက် အအုံတွေအပါအဝင် ရှေးဟောင်းအဆောက်အဦး စုစုပေါင်း ၆,၇၀၀ ကျော် ထိခိုက်ပျက်စီးသွားတယ်လို့ စစ်ကောင်စီရဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ငလျင်ဒဏ်ကြောင့် ပြိုကျသွားတဲ့ မန္တလေးမြို့ ၊ Sky Villa ကွန်ဒိုကနေ ရုပ်အလောင်း ၁၅၀ ကျော် တွေ့ရှိ ထားပြီးပြီလို့ မီးသတ်နဲ့ ရှာဖွေကယ်ဆယ်ရေးသမားတွေဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့မှာ မိုးများလို့ ​ငလျင်ကြောင့် ပြိုလက်စ အဆောက်အဦးတစ်လုံး ထပ်မံ ပြိုကျခဲ့ပါတယ်။

သတင်း

ငလျင်ကြီးအပြီး တစ်လကျော်အကြာ မန္တလေးမြို့မှာ ယာဉ်စစ်ဆေးတာတွေကို ပြန်လည်စတင်လာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

Facebook