close
Connect with us

Hi, what are you looking for?

သတင်း

KIAပစ်ချ၍ မီးလောင်ထားသည့်ရဟတ်ယာဉ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၁၆လောင်းနှင့် လက်နက် ၁၄လက်ထက်မနည်းတွေ့

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ပစ်ချခဲ့သည့် ရဟတ်ယာဉ်အပျက်အစီးရှိရာနေရာသို့ KIA ရဲဘော်များ ထပ်မံသွားရောက်ကြည့်ရှုရာ မီးလောင်နေသည့် ရဟတ်ယာဉ် အပျက်စီးများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများ ထပ်မံတွေ့ရှိခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

KIAပစ်ခတ်မှုကြောင့် တောအတွင်း ပျက်ကျခဲ့သည့် ရဟတ်ယာဉ်အပျက်ကို တွေ့ရစဉ်။ ဓာတ်ပုံ − ပေးပို့

မေ ၂၁၊၂၀၂၅။ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ပစ်ချခဲ့သည့် ရဟတ်ယာဉ်အပျက်အစီးရှိရာနေရာသို့ KIA ရဲဘော်များ ထပ်မံသွားရောက်ကြည့်ရှုရာ မီးလောင်နေသည့် ရဟတ်ယာဉ် အပျက်စီးများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများ ထပ်မံတွေ့ရှိခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

KIAသည် မေလ ၂၀ရက်က ဗန်းမော်မြို့သို့ စစ်ကူလာသည့် စစ်ကောင်စီ ရဟတ်ယာဉ် ၃စီးကို ပစ်ချခဲ့ရာ ၂စီးပျက်စီးခဲ့ပြီး တစ်စီးသည် ရွှေကူမြို့နှင့် ၁၅မိုင်ခန့်အကွာ တောအတွင်း ပျက်ကျခဲ့ပြီး ရွှေကူမြို့သို့ အရေးပေါ် ဆင်းသက်ခဲ့သည့် တစ်စီးကိုလည်း KIAက ယနေ့(မေလ ၂၁ရက်) နေ့လည်တွင် သွားရောက် တိုက်ခိုက်ဖျက်ဆီးခဲ့သည်။

KIAပစ်ခတ်မှုကြောင့် တောအတွင်း ပျက်ကျခဲ့သည့် ရဟတ်ယာဉ်အပျက်ကို တွေ့ရစဉ်။ ဓာတ်ပုံ − ပေးပို့

ယမန်နေ့က တောအတွင်းပျက်ကျသည့် ရဟတ်ယာဉ်ရှိရာသို့ KIAနှင့် KPDF ရဲဘော်များသွားရောက်ကြည့်ရှုရာ မီးလောင်နေသည့် ရဟတ်ယာဉ်ဘေး၌ စစ်ကောင်စီလေတပ်မှ ဗိုလ်ကြီးအဆင့်၏ အလောင်းကို တွေ့ရှိခဲ့ပြီး ယနေ့ ထပ်မံသွားရောက်ကြည့်ရှုရာ မီးလောင်နေသည့် ရဟတ်ယာဉ်အပျက်အစီးကြား၌ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၁၆လောင်းထပ်မံတွေ့ခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ရဟတ်ယာဉ်အပျက်ရှိရာသို့ KIA ရဲဘော်များ သွားရောက်ကြည့်ရှုခဲ့သည့် ရုပ်သံဖိုင်ကိုလည်း သတင်းရင်းမြစ်က ပြသရာ “အဲဒီမှာ လူကတစ်ယောက်၊ နှစ်ယောက်၊ သုံးယောက် အိုး အများကြီးပဲ”ဟု ရဟတ်ယာဉ်နှင့်အတူ မီးလောင်သေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများကို ရဲဘော် တဦးက ရေတွက်နေသံကို ရုပ်သံ၌ ကြားရသည်။

အလောင်းများ စုစည်းရေတွက်သည့် ရုပ်သံဖိုင်၌လည်း ရဲဘော် တစ်ဦးက အလောင်းများကို အမှတ်စဉ်လိုက်ရေတွက်ရာ ၁၆လောင်းရှိသည်ဟု ပြောဆိုသံကို ကြားရသည်။

ဓာတ်ပုံ − ပေးပို့

” မနေ့က မီးလောင်သွားတဲ့ ရဟတ်ယာဉ်ထဲမှာ လက်နက်တွေ အများကြီးပါတယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

ပျက်ကျရဟတ်ယာဉ်မှ ရရှိသည့် မီးလောင်ကျွမ်းနေသည့် လက်နက်အပျက်အစီးများ၏ ရုပ်သံမှတ်တမ်းကိုလည်း ပြသရာ လက်နက်ကြီး၊ လက်နက်ငယ် ၁၄လက်ထက်မနည်းကို ကောက်ယူစုစည်းထားပြီးဖြစ်သည်။

“သေနတ်က ဟိုးမှာ အများကြီးကျန်သေးတယ်”ဟု ရုပ်သံ၌ ရဲဘော်တစ်ဦးက ပြောကြားနေသံကို ကြားရသည်။

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ရဟတ်ယာဉ်အပျက်ထံသို့ KIA ရဲဘော်များ ထပ်မံသွားရောက်မှုကို ယနေ့ နေ့လည်ပိုင်းကပြောထားပြီး အသေးစိတ် အခြေအနေများ ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသပြန်လည်ထိန်းချုပ်နိုင်ရေး ရည်ရွယ်ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ဖားကန့်မြို့နှင့်တဖြေးဖြေးနီးကပ်လာနေပြီး ခုခံတိုက်ပွဲများလည်း နေ့စဉ်ဖြစ်နေသည်ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

သတင်း

စစ်ကောင်စီ၏ ရဟတ်ယာဉ်ပစ်ချမှုတွင် သေဆုံးနေသည့် ဗိုလ်ကြီးတစ်ဦးရုပ်အလောင်း တွေ့ရှိခဲ့ပြီး ရွှေကူမြို့၌ အရေးပေါ်ဆင်းသက်သည့် ရဟတ်ယာဉ်မှာ ပျံတက်နိုင်ခြင်း မရှိသေးကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

သတင်း

ဖားကန့်ကိုဦးတည်နေသည့် စစ်ကြောင်းသည် စစ်ကောင်စီရဟတ်ယာဉ်နှစ်စင်းကို KIAက ပစ်ချသည့်နေ့တွင် ကစဉ့်ကလျားဖြစ်ခဲ့ပြီး နောက်သို့ပြန်ဆုတ်ခွာနေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

သတင်း

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​တော်လှန်​ရေးအဖွဲ့​တွေက စစ်​ကောင်စီကို ခုခံတွန်းလှန်ရင်းပစ်ချနိုင်ခဲ့တဲ့ စစ်တပ်ရဲ့ လေယာဥ် နဲ့ ရဟတ်ယာဥ်အစီး​ရေ အနည်းဆုံး ၉ စီးရှိပြီဖြစ်ပါတယ်။

Facebook