close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်အပြီး တစ်လအကြာ မန္တလေးမှာ စစ်ဆေးမှုတွေ စတင်လာ

ငလျင်ကြီးအပြီး တစ်လကျော်အကြာ မန္တလေးမြို့မှာ ယာဉ်စစ်ဆေးတာတွေကို ပြန်လည်စတင်လာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

၂၀၂၁ ခုနှစ် ၊ နှစ်ကုန်ပိုင်းက မန္တလေးမှာ ယာဉ်စစ်ဆေးမှုကိုတွေ့ရပုံ(ပုံဟောင်း)

မေ – ၁၈ ၊၂၀၂၅၊ ဆိုင်းမင်း/People’s Spring

ငလျင်ကြီးအပြီး တစ်လကျော်အကြာ မန္တလေးမြို့မှာ ယာဉ်စစ်ဆေးတာတွေကို ပြန်လည်စတင်လာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ယာဉ်ထိန်းရဲ ၊ ရဲ ၊ထွေအုပ်နဲ့ ပျုစောထီးတွေ ပါဝင်တဲ့ အဖွဲ့ စုံက လူစည်ကားရာ လမ်းတွေမှာ အသင့်စောင့်ဆိုင်းပြီး ယာဉ်စစ်တာတွေ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်လည်စတင်လာတာပါ။

မန္တလေးမြို့ ၃၅ လမ်း နဲ့ ၆၆ လမ်းထောင့် ၊ ၃၅ လမ်းနဲ့ ၅၈ လမ်းထောင့် ၊ သိပ္ပံလမ်း ၊ မြို့ပတ်လမ်းထောင့် နေရာတွေမှာ စစ်ဆေးတာကိုတွေ့ရတယ်လို့မြို့ခံအချို့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ယာဥ်ထိန်းရဲ၊ ထွေအုပ်၊ ရဲ ၊ ပြည်သူ့စစ်တွေပါဝင်တဲ့အဖွဲ့ပေါင်းစုံက လူစည်ကားတဲ့ လမ်းမတွေမှာ စစ်ဆေးမှု ပြုလုပ်နေတာလို့ သိရပါတယ်။

အဓိကအားဖြင့် ယာဉ်မောင်းလိုင်စင် ၊ ယာဉ်နဲ့ပတ်သက်တဲ့အထောက်အထားတွေကို စစ်ဆေးတာဖြစ်ပြီး အထောက်အထားမပြည့်စုံရင် တစ်မှုကိုကျပ် ငါးသောင်းကစပြီး ဒဏ်ရိုက်တာလို့ မြို့ခံအချို့က အသိပေးပါတယ်။

ဒဏ်ငွေကို စစ်ဆေးတဲ့နေရာမှာ မဆောင်နိုင်ရင် ချလံဖြတ်ပြီး စည်ပင်တရားရုံးဆီ ဒဏ်ကြေးသွားဆောင်စေတယ်လို့သိရပါတယ်။

မနက်ပိုင်းအလုပ်သွားချိန်ကို ပစ်မှတ်ထားပြီး စစ်ဆေးလာတာဖြစ်သလို ဖုန်းတွေကိုပါ ပျုစောထီးတွေက ယူစစ်တာရှိတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ချမ်းမြသာစည်မြို့နယ်အတွင်း ကိုယ်တွေ့ကြုံခဲ့ရသူ အမျိုးသားတစ်ဦးကပြောပါတယ်။

ငလျင်ဒဏ်သင့်မန္တလေးမြို့မှာ ပြန်လည်ထူထောင်ရေးမစတင်နိုင်သေးမယ့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးပိုင်းက လာမယ့် စစ်မှုထမ်းအပတ်စဉ်အတွက် လူသစ်စုဆောင်းတာတွေလည်းရှိလာတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ပင်လယ်ပြင်အတွင်း ရစ်ခ်တာစကေး ၅ဒဿမ ၁ အဆင့်ရှိငလျင် ယနေ့ (မေလ ၁၉ရက်) နံနက်အစောပိုင်းက လှုပ်ခတ်သွားခဲ့သည်။

သတင်း

မန္တ​လေးမြို့မှာ မေလ ၁၇ ရက်ည ၁၀ နာရီ ၂၅ မိနစ်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အား အသင့်အတင့်ရှိ ​မြေငလျင်လှုပ်ခတ်ချိန် မြင်ကွင်း​တွေပဲဖြစ်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ကျောက်ဆည်မြို့အနောက်တောင်ဘက် ၂၁ ကီလိုမီတာ(၁၃ မိုင်​ကျော်)အကွာကိုဗဟိုပြု၍ ​မေလ ၁၇ ရက်ည ၁၀နာရီ ၂၅ မိနစ်တွင်ရစ်ချ်တာစကေး ၅.၂ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသည့် ​နောက်ဆက်တွဲ​မြေငလျင်လှုပ်ခတ်ရာ မန္တ​လေးမြို့တွင်သိသိသာသာခံစားခဲ့ရပြီး ပြည်သူများလမ်း​ပေါ်ထွက်​ပြေးခဲ့ကြရသည်။

သတင်း

ဒီနေ့ (မေလ ၁၇ ) ညနက်ပိုင်း ၁၀ နာရီခွဲခန့်မှာ မန္တလေးတိုင်း ၊ကျောက်ဆည်မြို့ အနီး ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ပြင်းအား မဂ္ဂနီကျု့ ၅.၂ ရှိတဲ့ ငလျင်ကြောင့် မန္တလေးမြို့ခံတွေ လမ်းပေါ် ပြေးဆင်းခဲ့ရပါတယ်။