မေ ၂၁၊၂၀၂၅။ သုည/People’s Spring
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ တရုတ်သံရုံးရှေ့တွင် ပြည်ပရောက်မြန်မာများစုပေါင်း၍ မြန်မာစစ်တပ်အားအားပေးကူညီနေသည့် တရုတ်အစိုးရကို ရှုတ်ချကြောင်း ယမန်နေ့(မေလ ၂၀) ဆန္ဒပြခဲ့ကြသည်။
ယင်းဆန္ဒပြပွဲကို Myanmar Unity Movement Teamက ဦးဆောင်ခဲ့ပြီး ပြည်ပရောက်မြန်မာများ ပူးပေါင်းပါဝင်ခဲ့ကြသည်။
၎င်းတို့က “No Place For Genocide, Barbaric Myanmar Military in this World” ၊ “Kick Myanmar Military Attaché Out of UK Now” ၊ “ဆက်ချီတက်မည် အောင်ပွဲဆီ” ၊ “ပြည်သူ့တော်လှန်ရေး ဘယ်ပွဲစားမှ ကြေးဖြတ်ခွင့်မရှိ” ၊ “Free Aung San Su Kyi” စသည့် စာသားများကိုင်ဆောင်ပြီး ဆန္ဒပြခဲ့သည်။

Public Service Announcement
ထို့အပြင် တရုတ်အစိုးရအနေဖြင့် စစ်ကောင်စီကို တဖက်တလမ်းမှ အားပေးထောက်ခံမှု ပြုလုပ်နေခြင်း၊ ပြည်တွင်းရေးကို အတိအလင်းဝင်ရောက်စွက်ဖက်နေခြင်းတို့ကို လုံးဝမလိုလားကြောင်း၊ မြန်မာ့ပြည်တွင်းရေးကို ကူညီသယောင်နှင့် နှောက်ယှက်ဖျက်ဆီးနေသော ကိစ္စရပ်များအတွက် မြန်မာပြည်သူများက မကြိုက်၊ မနှစ်သက်ကြောင်းလည်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
