close
Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့ရှိ ရှေ့တန်းကာကင်းစခန်းအချို့ကို တော်လှန်ရေးတပ်များ ပြန်သိမ်းပိုက်

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့မှ ရှေ့တန်းကာကင်းစခန်းအချို့ကို ပြန် လည်သိမ်းပိုက်ယူနိုင်ခဲ့ကြောင်း Mobye Local PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မိုးဗြဲမြို့တိုက်ပွဲအတွင်း တွေ့ရသည့် ပျက်စီးနေသော အဆောက်အဦများ။ ဓာတ်ပုံ − Mobye people defense force - Local PDF

မေ ၂၄၊၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့မှ ရှေ့တန်းကာကင်းစခန်းအချို့ကို ပြန် လည်သိမ်းပိုက်ယူနိုင်ခဲ့ကြောင်း Mobye Local PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

မိုးဗြဲမြို့ဗျုဟာ အမှတ်(၂)လှုပ်ရှားနယ်မြေတွင် လက်လွတ်လိုက်ရသော ရှေ့ကာကင်းနေရာတစ်ချို့ကို Mobye People Defense Force – Local PDF၊DMO Local PDF၊ KNAနှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)နှင့်အတူ ယမန်နေ့(မေလ ၂၃ရက်)က ပြန်လည်ခြေကုပ်ယူနိုင်ခဲ့ခြင်းဟု ဆိုသည်။

ထိုသို့ ပြန်လည်ခြေကုပ်ယူမှုအပြီး စစ်ကောင်စီတပ်က စနိုက်ပါဖြင့် ချောင်းမြောင်းပစ်ခတ်မှုကြောင့် Mobye Local PDF ရဲဘော်တစ်ဦးမှ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

“ကျနော်တို့ လက်လွတ်လိုက်ရတဲ့ကာကင်တစ်ချို့ကို ပြန်လည်ခြေကုပ်ယူတာ”ဟု Mobye Local PDF တာဝန်ရှိသူက ပြောသည်။သို့သော် ပြန်လည်ရရှိသည့် ကာကင်းစခန်းအသေးစိတ် အချက်အလက်ကိုမူ ဖြေကြားခြင်းမရှိပေ။

မိုးဗြဲမြို့ကိုပြန်ထိန်းချုပ်ရန် စစ်ကောင်စီ၏ ထိုးစစ်ခုခံရာတွင် လူထုနွေဦးက သိရှိထားသည့် စစ်ရေးအချက်အလက်များအရ ကရင်နီတပ်ပေါင်းစု၏ ရှေ့တန်းကာကင်းစခန်း ၁၀ခုထက်မနည်း ရှိသည်။

ထို့အပြင် ဧပြီနောက်ဆုံးပတ်တွင် အင်အားသုံးမြေပြင်ထိုးစစ်ကြောင့် မိုးဗြဲရှေ့တန်းကာကင်းစခန်းနေရာတစ်ခုကို စစ်ကောင်စီတပ်က ရရှိခဲ့သည်။ယခု ပြန်လည်သိမ်းပိုက်နိုင်သည့် ရှေ့တန်းကာကင်းစခန်းသည် အဆိုပါစခန်း ဟုတ်၊မဟုတ်ကိုမူ အတည်မပြုနိုင်ပေ။

စစ်ကောင်စီတပ်က မိုးဗြဲမြို့အတွင်း လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်သောကြောင့် လူနေအိမ်တစ်ချို့ မီးလောင်ပျက်စီးနေကြောင်းလည်း Mobye Local PDFက ဖော်ပြသည်။

မိုးဗြဲမြို့ကို စစ်ကောင်စီ၏ထိုးစစ်အစပိုင်း ဇန်နဝါရီအတွင်းက ပေးလိုက်ရသည့် ကာကင်းစခန်းအချို့ကို ကရင်နီပူးပေါင်းတပ်က ဖေဖော်ဝါရီ ၂၇ရက်တွင် ပြန်သိမ်းပိုက်ခဲ့ဖူးသည်။

၂၀၂၃နှစ်ကုန်ပိုင်းက မိုးဗြဲထိုးစစ်တွင် စစ်ကောင်စီအထိုင်ချ တပ်စွဲထားသည့်နေရာဖြစ်သည့် မြို့စောင့်တပ် ခမရ (၄၂၂)တပ်ရင်းမှလွဲ၍ စစ်ကောင်စီတပ်စွဲခဲ့သော ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း ၃၊ ပွဲကုန်း ၁၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း ၊ စည်ကား ၂နှင့် ကတော်ရာတောင်ကုန်း (ခ)ဗျူဟာကုန်းတို့ကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ပြီး မိုးဗြဲမြို့ကိုထိန်းချုပ်ထား ခြင်းဖြစ်သည်။

မိုးဗြဲမြို့ကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်နေသည်မှာ ကရင်နီပြည်နယ်၏ မြို့တော်လွိုင်ကော်နှင့် မိုးဗြဲမြို့ဆက်ထားသည့် လမ်းမကြီးထိန်းချုပ်၍ ထိုမှတဆင့် ရှမ်းတောင်မှ ကရင်နီပြည်နယ်အတွင်းသို့ အလွယ်တကူ စစ်ကူပို့နိုင်သည့် အခြေအနေမျိုးဖြစ်လာရန် ကြိုးပမ်းခြင်းဟု ကရင်နီစစ်ဘက်သတင်း ရင်းမြစ်အချို့က ပြောထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊မိုးဗြဲမြို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက တိုက်ပွဲအတွင်း အဆိပ်ငွေ့ဗုံးများကြဲ တိုက်ခိုက်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)စစ်ဗျူဟာ အမှတ် (၁)က ယနေ့(မေ ၆ ရက်) ထုတ်ပြန်သည်။

သတင်း

စစ်​ကောင်စီက ​ရေကိုအဆိပ်ခတ်ခြင်းဖြစ်နိုင်​ကြောင်း​ဒေသခံ နှင့်​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့သုံးသပ်

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့တိိုက်ပွဲအတွင်း ရဲဘော်တစ်ဦးကျဆုံးခဲ့ရကြောင်း မိုးဗြဲ PDF(၁၀၀၁)တပ်ရင်း၊ ကျွဲချိုတပ်ခွဲက ယနေ့(ဧပြီ ၂၈ ရက်)ညပိုင်းတွင် ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့၌တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက လေ ကြောင်းပစ်ကူသုံးနေကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ PDF အမှတ်(၁)ဗျူဟာတာဝန်ရှိသူက လူထုနွေဦးသို့ ​ပြောသည်။