close
Connect with us

Hi, what are you looking for?

သတင်း

ပညာသင်ကြားမှု နှောက်ယှက်ဟန့်တားသူများအား အရေးယူမည်ဟု CDF-Asho သတိပေး

မကြာမီ အခြေခံပညာကျောင်းများဖွင့်လှစ်တော့မည်ဖြစ်ရာ ပညာသင်ကြားရေးကို နှောက်ယှက်ဟန့်တားသည့် မည်သူ့ကိုမဆို တားမြစ်အရေးယူသွားမည်ဟု ချင်းကာကွယ်ရေးတပ်- အရှို(CDF-Asho)က ယနေ့(မေလ ၁၉ ရက်) သတိပေး ထုတ်ပြန်သည်။

ချင်းကာကွယ်ရေးတပ်- အရှို(CDF-Asho)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − CDF-Asho

မေ-၁၉၊ ၂၀၂၅။ ကျော်ဇော/People’s Spring

မကြာမီ အခြေခံပညာကျောင်းများဖွင့်လှစ်တော့မည်ဖြစ်ရာ ပညာသင်ကြားရေးကို နှောက်ယှက်ဟန့်တားသည့် မည်သူ့ကိုမဆို တားမြစ်အရေးယူသွားမည်ဟု ချင်းကာကွယ်ရေးတပ်- အရှို(CDF-Asho)က ယနေ့(မေလ ၁၉ ရက်) သတိပေး ထုတ်ပြန်သည်။

၂၀၂၅-၂၀၂၆ အခြေခံပညာသင်နှစ်အတွက် အခြေခံကျောင်းများ စတင်ဖွင့်လှစ်‌တော့မည်ဖြစ်ရာ ကျောင်းနေအရွယ် ကလေးသူငယ်များ ပညာသင်ကြားရန်လိုအပ်လျှက်ရှိ‌ကြောင်း တွေ့ရှိနေရသည်ဟု ဖော်ပြသည်။

သို့သော် စစ်ဆင်ရေးလှုပ်ရှားရာ နယ်မြေများနှင့် ထိစပ်လျှက်ရှိသော မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တောင်ပေါ်ဒေသနှင့်‌ မြေပြန့်ဒေသကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်လျှက်ရှိသည့် အခြေခံပညာအဆင့် ကျောင်းဆရာ၊ဆရာမများအား ခြိမ်းခြောက်ခြင်း၊ နှောက်ယှက်ဟန့်တားခြင်း၊ ဖမ်းဆီးထိန်း သိမ်းခြင်း၊ ပညာသင်ကြားမှု ကျောင်းကိစ္စများအား ဝင်ရောက်စွက် ဖက်ခြင်းအား လုံး၀ပြုလုပ်မည်မဟုတ်ကြောင်း၊ ထို့သို့ပြုလုပ်သူ မည်သူမဆိုအား တားမြစ်အရေးယူမည်ဖြစ်ကြောင်း CDF-Asho က သတိပေးသည်။

Public Service Announcement

Public Service Announcement

“စစ်ရေးလှုပ်ရှားနယ်မြေထဲက ကျနော်တို့နဲ့ဆက် စပ်တဲ့ တောင်ပေါ်ဒေသ၊ မြေပြန့်ဒေသ အားလုံးကို ရည်ညွှန်းပါတယ်။ ရွာနာမည်တွေတော့ အ သေးစိပ် မဖော်ပြတော့ပါဘူးခင်ဗျာ”ဟု ပညာ ရေးဆိုင်ရာ သတိပေးချက်နှင့်စပ်လျဥ်းပြီး CDF-Asho မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho)အနေဖြင့် အရွယ်ရောင်ပြီးသည့် ကလေးငယ်တိုင်း ပညာသင်ကြားခွင့်ရမည်ဟူသည့်မူကို လက်ကိုင်ထားကြောင်းလည်း ၎င်းက မှတ်ချက်ပေးသည်။

ထို့ကြောင့် အခြေခံပညာအဆင့် ပညာရေးဝန် ထမ်းများအနေဖြင့် ကျောင်းနေအရွယ် ကလေးများအား စေတနာ၊ ဝါသနာ၊ အနစ်နာ (၃)ချက်ကို ခံယူအလေးထားလျှက် လွတ်လပ်စွာသင်ကြားမှု ပြုလုပ်ရန် CDF-Asho က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်းဒဏ်ရာရရှိခဲ့သည့် ရဲဘော်များအား ခြေတု၊ လက်တု၊ နားကြားကိရိယာများတပ်ဆင်ပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁သိန်းခန့် လိုအပ်ကြောင်း ချင်းညီနောင် စစ်ရေးကော်မတီ အတွင်းရေးမှူး ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြန်ကြားရေးမှူး ဆလိုင်းတင်မီက ပြောသည်။

သတင်း

ပြည်သူလူထုကို သတ်ဖြတ်ပြီးကျေးရွာများ မီးရှို့နေသည့် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ပါတီထောင်ရွေးကောက်ပွဲဝင်မည့် ကိစ္စကို စိတ်ကူးပင် မယဉ်ရန် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) အလှည့်ကျသဘာပတိ ဒေါက်တာကင်တန်(Kenton)က ပြောကြားသည်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီ လက်အောက်ခံ ရဲ နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်သည်။

သတင်း

စစ်သား ၉ ဦးသေ၊ ​တော်လှန်​ရေးတပ်ကသေနတ် ၉ လက်နှင့် ခဲယမ်းများ​ရ

Facebook