close
Connect with us

Hi, what are you looking for?

သတင်း

Adidas ဖိနပ်ချုပ်သော ချန်းရိစက်ရုံလုပ်သားများ ကျပ် ၉၀၀သာတိုးပေး၍ ဆက်လက် ဆန္ဒပြ

ရန်ကုန်မြို့၊လှိုင်သာယာစက်မှုဇုန်တွင် Adidas ဖိနပ်များချုပ်​နေ​သော ချန်းရိ(Tsang Yih)ဖိနပ်စက်ရုံလုပ်သားများကလုပ်အားခတိုး​ပေးရန် ​တောင်းဆိုမှုကို တစ်ရက်လျင်ကြက်ဥနှစ်လုံးစာ ၉၀၀ ကျပ်သာ လုပ်ခတိုးပေး၍ က ဆက်လက်ဆန္ဒထုတ်ဖော်နေသည်။

Adidasဖိနပ်များချုပ်လုပ်သော ချန်းရိ(Tsang Yih)စက်ရုံလုပ်သားများ လုပ်ငန်းခွင်မဝင်ဘဲ ဆန္ဒပြနေစဉ်။ ဓာတ်ပုံ − CJ

မေ ၁၉၊၂၀၂၅။ရဲ​ခေါင်/People’s Spring

ရန်ကုန်မြို့၊လှိုင်သာယာစက်မှုဇုန်တွင် Adidas ဖိနပ်များချုပ်​နေ​သော ချန်းရိ(Tsang Yih)ဖိနပ်စက်ရုံလုပ်သားများကလုပ်အားခတိုး​ပေးရန် ​တောင်းဆိုမှုကို တစ်ရက်လျင်ကြက်ဥနှစ်လုံးစာ ၉၀၀ ကျပ်သာ လုပ်ခတိုးပေး၍ က ဆက်လက်ဆန္ဒထုတ်ဖော်နေသည်။

တစ်ရက်အခြေခံလုပ်ခ(​နေ့ကြေး) အချိန်ပိုကြေး၊ လုပ်သက်ကြေး နှင့် ရက်မှန်ကြေး စုစုပေါင်း ၇၆၀၀ကျပ်သာရ​နေ၍ တစ်ရက် ၁၂,၀၀၀ကျပ်တိုးမြှင့်ပေးရန်စက်ရုံလုပ်သားများက ​မေလ ၁၄ ရက်နေ့ကစ၍ တောင်းဆိုခဲ့ကြသည်။

သို့သော်စက်ရုံဘက်ကမူ လက်ရှိပေးနေသော တစ်ရက်အခြေခံလုပ်ခ ၅,၂၀၀ကျပ်ကို အပိုထောက်ပံ့ကြေး ၂,၀၀၀ ကျပ်၊အခြားထောက်ပံ့ကြေး ၄၀၀ ကျပ်ကို ထပ်ဆောင်းထောက်ပံ့ကြေး ၉၀၀ ကျပ်ပေးချေကာစုစုပေါင်းတစ်ရက်လုပ်ခ ၈,၅၀၀ကျပ် ပေးမည်ဟု မေလ ၁၇ ရက်က ဆန္ဒထုတ်ဖော်သည့်အလုပ်သမားကိုယ်စားလှယ်ဆိုသူများနှင့်စာချုပ်

Public Service Announcement

Public Service Announcement

ချုပ်ဆိုခဲ့သည်။ထို​ကြောင့် စက်ရုံလုပ်သားများ၏ ​တောင်းဆိုမှုကို ထပ်ဆောင်းထောက်ပံ့ကြေး​ခေါင်းစဥ်ဖြင့် ၉၀၀ ကျပ်သာတိုး​ပေးခဲ့ခြင်းဖြစ်သည်။

ရက်မှန်ကြေးကို ယခင် ၂၀,၀၀၀ ကျပ်မှ ထပ်တိုး ၂၀,၀၀၀ ကျပ် တိုးမည်ဆိုသော်လည်းလုပ်သက်

ခွင့်မှလွဲ၍ ပျက်ကွက်ပါကရှေ့ ၁၅ ရက်မှ ၂၀,၀၀၀ ကျပ်နောက် ၁၅ ရက်မှ၂၀,၀၀၀ ကျပ်ဖြတ်တောက်မည်ဟု စာချုပ်၌ ဖော်ပြသည်။အချိန်ပိုကြေး တစ်နာရီ ၁,၆၀၀ ကျပ်ကိုလည်း ယခင်နှုန်အတိုင်းပေး

ချေမည်ဟုပါရှိသည်။

ထို့အပြင် ​နေ့ကြေး၊ အချိန်ပိုကြေး၊ ရက်မှန်ကြေး

နှင့် လုပ်သက်ကြေးများကို တနှစ်အတွင်း တိုးမြှင့်တောင်းဆိုခြင်း ထပ်မံမပြုလုပ်ရဟူ​သောအချက်ကို စာချုပ်၌ထည့်သွင်းထားသည်ကိုလည်း​တွေ့ရသည်။

ထိုစာချုပ်သည်၎င်းတို့၏သဘောထားဆန္ဒမဟုတ်ဘဲ လက်မှတ်ထိုးခဲ့သည့်သူများဖြေရှင်းပေးရန် မေလ ၁၉ ရက်တွင်စက်ရုံလုပ်သားများက ဆက်

လက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထို့အပြင် ယနေ့ နံနက်ပိုင်းကစက်ရုံအလုပ် သမား ဆန္ဒပြပွဲကို အာဏာသိမ်းစစ်ကောင်စီ၏ အလုပ် သမား ဒုဝန်ကြီး ဦးဝင်းရှိန်လာရောက်ပြီးအလုပ်

သမားများကို လုပ်ငန်းခွင်ပြန်ဝင်ရန် ပြောဆိုခဲ့ကြောင်းချန်းရိစက်ရုံလုပ်သားအချို့ကအသိပေးသည်။

“စာချုပ်တွေနဲ့ အလုပ်သမားဥပဒေအကြောင်း ပြောတာ။ကျွန်မတို့ တောင်းဆိုတဲ့ ဒေးကြေးကိစ္စကိုတော့ ဘာမှမပြောဘူး။အလုပ်ထဲ ပြန်ဝင်ဖို့ပြောတယ်။အခုစက်ရုံဘက်ကတိုးပေးတယ်ဆိုတဲ့ ငွေ ၉၀၀ က ကျပ်ဥ နှစ်လုံးစာပဲရှိတယ်။တချို့နေရာတွေဆိုအဲဒီငွေနဲ့ ဝယ်တောင်မရဘူး”ဟု ချန်းရိစက်ရုံလုပ်သားတစ်ဦးက ၎င်းတို့ ဆန္ဒထုတ်ဖော်သည့်အခြေအနေကို လူထုနွေဦးသို့ရှင်းပြသည်။

ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊အပြင်ပဒံရပ်ကွက်၊အနော်ရထာစက်မှုဇုန်အပိုင်း၂ တွင်ရှိသည့် ချန်းရိစက်ရုံတွင်လုပ်သား ၅,၀၀၀ ထက်မနည်းရှိသည်ဟုသိရသည်။

အထည်ချုပ်ကဏ္ဍ၌ တရားဝင်အနိမ့်ဆုံးလုပ်ခလစာကို ပြန်လည်သုံးသပ်ရန် ဥရောပကုန်သည်ကြီးများအသင်း(EuroCham Myanmar)က တိုက်တွန်းထားသည်။

ထို့အပြင် မြင့်တက်နေသည့် ကုန်ဈေးနှုန်းကြောင့် ပြည်တွင်းအလုပ်သမားများ၏ အနည်းဆုံးလုပ်ခလစာကို ရှစ်နာရီ (တစ်ရက်) အလုပ်ချိန်အတွက် ၁၂,၀၀၀ မှ၁၇,၀၀၀ကျပ်ထိတိုးမြှင့်ပေးရန်အလုပ်သမားသမဂ္ဂအဖွဲ့များကလည်းတောင်းဆိုထားသည်။

စစ်ကောင်စီက ပြည်တွင်း၌ တစ်ရက်အနည်းဆုံးလုပ်ခလစာကိုတစ်ရက်လျှင် ၆,၈၀၀ ကျပ် သတ်မှတ်ထားသည်။

ဆက်စပ်သတင်းများ

ဘာသာပြန်ဆောင်းပါး

မြန်မာနိုင်ငံက ရန်ကုန်မြို့မှာ Pou Chen ကုမ္ပဏီက တည်ဆောက်ထားတဲ့ အထည်ချုပ် စက်ရုံရဲ့ ဝန်ထမ်း ၇၈၀၀ လောက်ကို ဒီမေးခွန်း သွားမေးမယ် ဆိုရင်တော့ သူတို့က တစ်နေ့ကို မြန်မာငွေ ၄၈၀၀ ကျပ် ရတယ်လို့ ပြောပြကြမှာပါ။