close
Connect with us

Hi, what are you looking for?

သတင်း

ကျားဖြန့်ဂိုဏ်းတွေဆီ လူကုန်ကူးခံရတဲ့ ဖိလစ်ပိုင် နိုင်ငံသားတွေ မြန်မာပိုင်နက်ထဲမှာ ပိတ်မိနေဆဲလို့ဆို

မြန်မာနိုင်ငံမှာရှိတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေမှာ ဖိလစ်ပိုင် နိုင်ငံသား လူကုန်ကူးမှု သားကောင်တွေ ပိတ်မိနေဆဲလို့ သိရပါတယ်။

Inquirer

မြန်မာနိုင်ငံမှာရှိတဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေမှာ ဖိလစ်ပိုင် နိုင်ငံသား လူကုန်ကူးမှု သားကောင်တွေ ပိတ်မိနေဆဲလို့ သိရပါတယ်။

အဲဒီ ဖိလစ်ပိုင် နိုင်ငံသားတွေဟာ လိမ်လည်လှည့်စား လူကုန်ကူးတာ ခံခဲ့ရတဲ့နောက် ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ကျားဖြန့် လုပ်ငန်းတွေမှာ ဖိနှိပ် ခိုင်းစေခြင်း ခံနေရသလို ကိုယ်ထိလက်ရောက် ညှင်းဆဲတာ၊ အငတ်ထားတာနဲ့ တခြား နှိပ်စက်မှုတွေကိုပါ ကြုံတွေ့ခဲ့ရပါတယ်။

အမည်လွှဲအဖြစ် မာသာလို့သာ နာမည် ဖော်ပြတဲ့ ဖိလစ်ပိုင် အမျိုးသမီး တစ်ဦးက သူဟာ ဘန်ကောက်မှာ တစ်လကို ဘတ် ၆၀၀၀၀ ကနေ ၇၀၀၀၀ ထိ လစာရနိုင်မယ့် အလုပ်အကိုင်ကောင်း တစ်ခုနဲ့ သွေးဆောင် ခံခဲ့ရပေမယ့် လက်တွေ့မှာတော့ ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့်ဂိုဏ်းတွေဆီ လူကုန်ကူး ခံခဲ့ရကြောင်း ပြောပြခဲ့ပါတယ်။

အဲဒီမှာတော့ သူဟာ နိုင်ငံခြားသားတွေကို ပစ်မှတ်ထားပြီး ချစ်ကျွမ်းဝင်သလို ဟန်ဆောင်ရင်း လိမ်လည်ရတဲ့ တာဝန်ကို ယူခဲ့ရပါတယ်။ သူဟာ လစာ ဘတ် ၂၅၀၀ သာ ရခဲ့ပြီး နှိပ်စက်ညှင်းဆဲတာတွေလည်း ခံခဲ့ရပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ထိုင်းအစိုးရနဲ့ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ် (DKBA)တို့ရဲ့ ဖိအားပေးမှုတွေကြောင့် ကျားဖြန့်ဂိုဏ်းတွေက မာသာကို ပြန်လွှတ်ပေးခဲ့ပါတယ်။ မာသာလိုမျိုး ကျားဖြန့်ဂိုဏ်းတွေရဲ့ သားကောင် ဖြစ်ခဲ့ရတဲ့ ဖိလစ်ပိုင် နိုင်ငံသားတွေ ရာနဲ့ချီ ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၂ ခုနှစ်နောက်ပိုင်းမှာ မြန်မာနဲ့ လာအိုတို့ဆီ လှည့်စား လူကုန်ကူး ခံခဲ့ရပြီး ကျားဖြန့်ဂိုဏ်းတွေရဲ့ အဓမ္မ ခိုင်းစေမှုတွေကို ကြုံတွေ့နေတဲ့ ဖိလစ်ပိုင် နိုင်ငံသား ၈၀၀ ကျော်ကို ကယ်ဆယ်ပြီး နေရပ်ပြန်ပို့နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း နောက်ထပ် ဖိလစ်ပိုင် နိုင်ငံသားတွေဟာ ကျားဖြန့်ဂိုဏ်းတွေရဲ့ ချုပ်နှောင်ခြင်းကို ခံထားရဆဲလို့ ဆိုပါတယ်။

ပြီးတော့ ထိုင်း၊ မြန်မာ၊ ဖိလစ်ပိုင် အာဏာပိုင်တွေကြားက ချိတ်ဆက်မှုတွေမှာ နှေးကွေးတာ၊ အချက်အလက် စိစစ်မှုနဲ့ တခြား လုပ်ငန်းစဉ်တွေ ရှုပ်ထွေးတာတွေကြောင့် ဖိလစ်ပိုင် နိုင်ငံသားတွေကို နေရပ်ပြန်ပို့ရေး ကိစ္စဟာ သီတင်းပတ်တွေနဲ့ချီ ကြာညောင်းလေ့ ရှိပါတယ်။

လက်ရှိ အခြေအနေအရ ထိုင်း-မြန်မာနယ်စပ်မှာ ဖိလစ်ပိုင်နိုင်ငံသား ၁၅၈ ဦးထက်မနည်း ပိတ်မိနေဆဲလို့ ယုံကြည်ရပြီး သူတို့ထဲက ၆၆ ဦးဟာ DKBA ထိန်းချုပ် ဧရိယာတွေထဲမှာ၊ ၉၂ ဦးဟာ ကရင် နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ် ဧရိယာထဲမှာ ရှိနေတယ်လို့ သိရပါတယ်။ အများအပြားဟာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာတွေ ခံခဲ့ရပြီး ကိုယ်ဝန် ဆောင်ထားရသူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ အဲဒီကိုယ်ဝန်တွေဟာ အတူနေ အမျိုးသားတွေနဲ့ လိုလိုလားလား ရခဲ့တာတွေ ပါသလို လူမှောင်ခို သမားတွေက မုဒိမ်းကျင့်ခဲ့လို့ ရခဲ့တာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ထိုင်းအစိုးရက လက်ရှိ အကောင်အထည် ဖော်နေတဲ့ ကျားဖြန့် နှိမ်နင်းရေး လုပ်ငန်းတွေမှာ လူကုန်ကူးခံ နိုင်ငံခြားသား ၈၀၀၀ ကျော်ကို သက်ဆိုင်ရာ နိုင်ငံတွေဆီ ပြန်ပို့ခဲ့ပြီးပြီလို့ ပြောပေမယ့် ဖိလစ်ပိုင်တွေ အပါအဝင် နောက်ထပ် နိုင်ငံခြားသားတွေဟာ နယ်စပ်မှာရှိတဲ့ ကျားဖြန့်ဂိုဏ်း အဆောက်အအုံတွေထဲမှာ လတွေနဲ့ချီ ပိတ်မိနေဆဲ ဖြစ်ပါတယ်။

ကိုးကား: Inquirer

ဆက်စပ်သတင်းများ

သတင်း

ထိုင်း-မြန်မာနယ်စပ်နားမှာ စစ်ကောင်စီတပ်က ဧပြီ ၂၁ ရက်​နေ့မှာဗုံးတွေ ကြဲချခဲ့တာကို ထိုင်းနိုင်ငံဖက်က ရွာသားတွေက တွေ့မြင်ခဲ့ရပါတယ်။

သတင်း

ထိုင်း − မြန်မာနယ်စပ်မှာ လှုပ်ရှားနေတဲ့ မူးယစ်မှောင်ခို အဖွဲ့တစ်ခုနဲ့ ချင်းမိုင်မှာ နှစ်ကြိမ် တိုက်ပွဲဖြစ်ပြီး မှောင်ခိုသမား ၂ ဦးကို ရှင်းလင်းနိုင်ခဲ့သလို မူးယစ်ဆေးဝါးတွေကို သိမ်းဆည်း ရမိခဲ့ကြောင်း ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ် နားက စစ်ကောင်စီတပ်ရဲ့ လေးဝေါ် (မော်ဖားသူး) တပ်စခန်းကို KNU တပ်မဟာ (၇) နဲ့ ပူးပေါင်းတပ်က ဒီနေ့ ဧပြီလ ၁၉ ရက်ညနေပိုင်းမှာ သိမ်းယူလိုက်နိုင်ပြီလို့ ကရင်စစ်ရေးသတင်းရင်းမြစ်ဆီကသိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ် နားက စစ်ကောင်စီတပ်ရဲ့ လေးဝေါ် (မော်ဖားသူး) တပ်စခန်းကို KNU တပ်မဟာ (၇) နဲ့ ပူးပေါင်းတပ်က ဧပြီလ ၁၈ ရက်ညနေပိုင်းမှာ စတင်ပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

Facebook