close
Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်အတွင်း စစ်ကောင်စီနှင့်ပူးပေါင်းပြီး ပါတီထောင်ရွေးကောက်ပွဲဝင်ရေး စိတ်ကူးမယဉ်ရန် ICNCC သဘာပတိ သတိပေး

ပြည်သူလူထုကို သတ်ဖြတ်ပြီးကျေးရွာများ မီးရှို့နေသည့် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ပါတီထောင်ရွေးကောက်ပွဲဝင်မည့် ကိစ္စကို စိတ်ကူးပင် မယဉ်ရန် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) အလှည့်ကျသဘာပတိ ဒေါက်တာကင်တန်(Kenton)က ပြောကြားသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြနေသည့် ချင်းပြည်နယ် မင်းတပ်မြို့ခံများအား ၂၀၂၂ဖေဖော်ဝါရီ ၂၂ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မေ ၄၊၂၀၂၅။ထားမြတ်/People’s Spring

ပြည်သူလူထုကို သတ်ဖြတ်ပြီးကျေးရွာများ မီးရှို့နေသည့် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ပါတီထောင်ရွေးကောက်ပွဲဝင်မည့် ကိစ္စကို စိတ်ကူးပင် မယဉ်ရန် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) အလှည့်ကျသဘာပတိ ဒေါက်တာကင်တန်(Kenton)က ပြောကြားသည်။

ချင်းပြည်မြောက်ပိုင်း နောက်ဆုံးလှိုင်း Live Session ကို ယနေ့(မေလ ၄ရက်)တွင် ကျင်းပရာ ICNCC အလှည့်ကျ သဘာပတိဖြစ်ပြီး ချင်းညီနောင်အဖွဲ့ဝင် ZFU/PDF ဇိုလဲန်း ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာကင်တန်က အဖွင့်မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးလေးနှစ်တာအတွင်း လူငယ်များ တောတောင်ထဲ အသက်စွန့်နေကြရသည့် အကြောင်းအရင်းမှာ မတရားအာဏာသိမ်းမှုကြောင့်ဖြစ်ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

” မတရားလွန်းလို့ အဓမ္မကို ပြန်ပြီးတော့ ဆန့်ကျင်ဖို့ရန်အတွက်ရှိတဲ့နေရာ ရတဲ့လက်နက်နဲ့ တူမီးနဲ့ ရသလိုမျိုး တကမ္ဘာလုံးမှာရှိတဲ့ ဓမ္မဘက်မှာ ရပ်တည်တဲ့ သူတွေလုပ်နေကြခြင်းဖြစ်တယ်”ဟု ဒေါက်တာကင်တန်က ပြောသည်။

ထို့ကြောင့် အားလုံး ဓမ္မဘက်ရပ်တည်ပါဝင်ရန် ဖိတ်ခေါ်ခဲ့ပြီး ဓမ္မဘက်ရပ်တည်ရန် ခက်ပါက ဓမ္မဘက် ရပ်တည်သူများကို မနှောက်ယှက်ရန် ဒေါက်တာကင်တန်က ပြောကြားသည်။

” အနည်းဆုံးတော့ ရွာတွေကို မီးရှို့ ၊ လူတွေကို သတ်ဖြတ်၊ CDM တွေကို ရာဇဝတ်သားလို ဆက်ဆံပြီးတော့ တနိုင်ငံလုံးပျက်စီးအောင် လုပ်တဲ့ SACနဲ့ ပူးပေါင်းပြီးတော့ ပါတီထောင်တာတွေ ရွေးကောက်ပွဲဝင်ဖို့၊ ပြင်ဆင်တာတွေတော့ လုံး၀ လုံး၀ မလုပ်ဖို့။ ကျနော်တို့ ချင်းပြည်မှာ လုံး၀ မလာကြဖို့၊ စလည်းမစကြနဲ့ စိတ်ကူးလည်းမယဉ်ကြပါနဲ့။ လုပ်တဲ့သူတွေအတွက် အနာဂတ်မကောင်းဘူးဆိုပြီးတော့ စေတနာနဲ့ ကျနော်တို့ ပြောလိုပါတယ်”ဟု ဒေါက်တာကင်တန်က ပြောသည်။

ထိုသို့ ပြောဆိုခြင်းမှာ ရန်ဘက်အနေဖြင့် ပြောဆိုခြင်းမဟုတ်ဘဲ စစ်ကောင်စီ အာဏာရှင်၏ မှတ်ပုံတင်ရုံဖြင့် အာဏာရမည်ထင်ပြီး လူမျိုး ထိန်းသိမ်းရန် စိတ်ကူးယဉ်ခြင်းသည် နည်းလမ်းမှားနေ၍ ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒါကြောင့် ဒီနည်းလမ်းတွေကို ရှောင်ရှားပေးကြပါ။ အောင်မြင်မှာလည်း မဟုတ်ပါဘူး။ စေတနာနဲ့ ကျနော်တို့ သတိပေးခြင်းဖြစ်ပါတယ်”ဟု ဒေါက်တာကင်တန်က ပြောသည်။

ချင်းပြည်မြောက်ပိုင်း နောက်ဆုံးလှိုင်း Live Session ပါဝင်ပြီး ရန်ပုံငွေရှာဖွေမှုလုပ်ဆောင်နေသည့် တာဝန်ရှိသူတဦးကလည်း တော်လှန်ရေး အတွက် တိုက်ပွဲဝင်ရာ၌ အဆုံးအထိ နိုင်သည်အထိ တိုက်ပွဲဝင်သွားရန် သံဓိဌာန်ချထားကြောင်း ပြောသည်။

လက်ရှိတွင် တောင်ပေါ်မြေပြန့်အားလုံး တပ်အင်အားစုပုံစံ အရွေ့စတွေ့လာပြီဖြစ်ဟု ၎င်းက ပြောသည်။

ချင်းမြောက်တွင် အထူးသဖြင့် တီးတိန်မြို့သာကျန်တော့ပြီး တီးတိန်မြို့သိမ်းပြီးပါကလည်း တော်လှန်ရေးကို မရပ်ဘက်ဆက်လက်ချီတက် သွားမည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

ICNCCနှင့် ချင်းညီနောင်တို့သည် နိုင်ငံရေး စစ်ရေးပူးပေါင်းဆောင်ရွက်နေသည့် စုဖွဲ့မှု ပြုလုပ်ထားပြီး ချင်းညီနောင်သည် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေး၊ ဖလမ်းမြို့များကိုတိုက်ခိုက်သိမ်းပိုက်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် ယမန်နေ့(​မေ-၃)ညနေမှ ညပိုင်းအထိ မန္တလေး၊ စစ်ကိုင်း၊မကွေးတိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ အနည်းဆုံး ၉ မြို့နယ်ကို လေကြောင်းမှ ဗုံးကြဲခဲ့ရာ ကလေးငယ်အချို့အပါအဝင်အရပ်သားသေဆုံးမှုများရှိခဲ့သည်။

ဆောင်းပါး

စစ်ကိုင်းငလျင်ကြီးအပြီးမှာ ​တော်လှန်​ရေးတပ်​တွေ နဲ့ စစ်​ကောင်စီတို့က ယာယီအပစ်ရပ်တယ်လို့အသီးသီး​ကြေညာခဲ့​ပေမယ့် ​​မြေပြင်မှာ​တော့တိုက်ပွဲ​တွေပိုပြင်းထန်လာတဲ့အ​ကြောင်း ဒီတစ်ပါတ်​ပြောပြပါမယ် ။

နိုင်ငံတကာ

ကျိန်စာတစ်ခုလို့တောင် ရည်ညွှန်းခံရတဲ့ ရွေးကောက်ပွဲရောက်တိုင်း လက်ရှိ အစိုးရ အဖွဲ့တွေ ရုန်းကန်ရလေ့ရှိတဲ့ အစဉ်အလာဆိုးကို ဩစတြေးလျ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်နိဇ်က ကျော်လွှားနိုင်ခဲ့ပြီး သောင်ပြိုကမ်းပြို ရလဒ်နဲ့ အောင်ပွဲခံသွားခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီ လက်အောက်ခံ ရဲ နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်သည်။

Facebook