close
Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမြို့သိမ်းတိုက်ပွဲ ကိုယ်လက်အင်္ဂါပေးဆပ်ခဲ့ရသည့်ရဲဘော်များအတွက် ဆေးကုသစရိတ် ကန်ဒေါ်လာတစ်သိန်းခန့်လိုအပ်ဟု ချင်းညီနောင်ပြော

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်းဒဏ်ရာရရှိခဲ့သည့် ရဲဘော်များအား ခြေတု၊ လက်တု၊ နားကြားကိရိယာများတပ်ဆင်ပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁သိန်းခန့် လိုအပ်ကြောင်း ချင်းညီနောင် စစ်ရေးကော်မတီ အတွင်းရေးမှူး ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြန်ကြားရေးမှူး ဆလိုင်းတင်မီက ပြောသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် မဟာမိတ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့သည့် 96 Soldiers-PDF အညာဒေသတပ်ခွဲမှ ရဲဘော်အချို့။ ဓာတ်ပုံ- 96 Soldiers-PDF အညာဒေသတပ်ခွဲ

ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးအတွင်းဒဏ်ရာရရှိခဲ့သည့် ရဲဘော်များအား ခြေတု၊ လက်တု၊ နားကြားကိရိယာများတပ်ဆင်ပေးနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ ၁သိန်းခန့် လိုအပ်ကြောင်း ချင်းညီနောင် စစ်ရေးကော်မတီ အတွင်းရေးမှူး ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြန်ကြားရေးမှူး ဆလိုင်းတင်မီက ပြောသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ဒဏ်ရာရ ချင်းညီနောင်သူရဲကောင်းများနှင့် မဟာမိတ်များအတွက် ရံပုံငွေ ရှာဖွေမှုကို အွန်လိုင်းမှ ပြုလုပ်ရာ ဆလိုင်းတင်မီက ဒဏ်ရာရ ရဲဘော်များ၏ အခြေအနေကို အသိပေးပြီး ဆေးကုသမှု ကုန်ကျစရိတ်လိုအပ်ချက်ကို ပြောပြခဲ့သည်။

ဒဏ်ရာရ ရဲဘော်များတွင် ခြေထောက်၊ လက် ဖြတ်တောက်ခဲ့ရသူများ ရှိသကဲ့သို့ မျက်မမြင် ၊ နားမကြား ရသူများလည်းရှိကြောင်း၊ ၎င်းတို့အတွက် ခြေထောက်အတု၊ လက်အတု၊ နားကြားကိရိယာ တပ်ဆင်ပေးမှုများ ပြုလုပ်နေကြောင်း ပြောသည်။

Public Service Announcement

Public Service Announcement

” ဖလမ်းတိုက်ပွဲမှာချည်းပဲ ဒဏ်ရာရတဲ့ ရဲဘော် တွေရဲ့ ကုန်ကျစရိတ် လိုအပ်တဲ့ဟာက အမေရိကန်ဒေါ်လာ ၁သိန်းလောက်ရှိပါတယ်။ ဆိုတော့ သူတို့ရဲ့ ခြေတုတပ်ဖို့ အကုန်လုံးပေါ့လေ ဒါတွေကို မိဘပြည်သူများအနေနဲ့ ထောက်ပို့ ပေးဖို့ရန် ဒီကနေ မေတ္တာရပ်ခံပါတယ်”ဟု ဆလိုင်းတင်မီက ပြောသည်။

ဖလမ်းမြို့သိမ်း စစ်ဆင်ရေးအတွင်း ချင်းညီနောင်အဖွဲ့ဝင် တပ်ဖွဲ့များမှ ရဲဘော် ၅၀ကျော်နှင့် မဟာမိတ်များ စုစုပေါင်း တော်လှန်ရေးရဲဘော် ၉၀ ဦးဝန်းကျင် ဒဏ်ရာရရှိခဲ့သည်။

ရဲဘော်များအနေဖြင့် လွတ်မြောက်လို၍ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများ အဆုံးရှုံးခံပြီး တော်လှန်ရေး၌ ပါဝင်နေခြင်းဖြစ်ကြောင်း ဆလိုင်းတင်မီက ပြောသည်။

” စစ်အာဏာရှင်ရဲ့လက်အောက်ကနေ တကယ်ကို လွတ်မြောက်ချင်လို့ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ထိုသို့ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသည့် ရဲဘော်အများစု၏ အသက်အရွယ် မှာ ၁၈နှစ်၊ ၂၀၊ ၂၅ နှစ် ပတ်ဝန်းကျင်ဖြစ်သည်ဟုဆိုသည်။

” တကယ်လို့ ဒီတော်လှန်ရေးထဲမှာ မပါဘူးဆိုလို့ရှိရင် သူတို့က တက္ကသိုလ်ကျောင်းတက်မယ့်အရွယ်တွေ ပညာသင်ကြားပြီးတော့ ကိုယ့်ရဲ့အနာဂတ်အတွက် အများကြီး အနာဂတ်ရှိတဲ့သူတွေဖြစ်တယ်။ ဒီလူတွေက ဘာဖြစ်လို့ အသက်တွေပေးဆပ်ကြသလဲဆိုလို့ရှိရင်တော့ ကိုယ်အင်္ဂါပေးဆပ်ခဲ့ကြသလဲဆိုလို့ရှိရင် တကယ်ကိုလွတ်မြောက်ချင်လို့ ဖြစ်တယ်”ဟု ဆလိုင်းတင်မီက ပြောကြားသည်။

ချင်းညီနောင်အနေဖြင့် ဖလမ်းအပြင် မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေးမြို့များကိုလည်း သိမ်းပိုက်ထားပြီး တီးတိန်မြို့သိမ်းစစ်ဆင်ရေးကိုလည်းဆင်နွှဲမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူလူထုကို သတ်ဖြတ်ပြီးကျေးရွာများ မီးရှို့နေသည့် စစ်ကောင်စီနှင့် ပူးပေါင်းပြီး ပါတီထောင်ရွေးကောက်ပွဲဝင်မည့် ကိစ္စကို စိတ်ကူးပင် မယဉ်ရန် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) အလှည့်ကျသဘာပတိ ဒေါက်တာကင်တန်(Kenton)က ပြောကြားသည်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီ လက်အောက်ခံ ရဲ နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက သတင်းထုတ်ပြန်သည်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့သိမ်းတိုက်ပွဲအတွက် လူငယ်များပူးပေါင်းပါဝင်ကြရန် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါးက ဖိတ်ခေါ်ထားသည်။

သတင်း

အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ဆက်လက်ချီတက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး မဟာမိတ်များနှင့်အတူ လက်တွဲကာ စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်သည့် စစ်ဆင်ရေးများ ဆက်လုပ်မည်ဟု ချင်းဒေသကာကွယ်ရေးတပ်(CDF)-KKG(ကလေး-ကဘော်-ဂန့်ဂေါ) ဥက္ကဋ္ဌ ဆလိုင်း ဇာဘွေထောင် က ပြောကြားသည်။