close
Connect with us

Hi, what are you looking for?

သတင်း

ငဖဲတွင် လမ်းလုံခြုံရေးယူနေသော စစ်သားများ တိုက်ခိုက်ခံရ

စစ်သား ၉ ဦးသေ၊ ​တော်လှန်​ရေးတပ်ကသေနတ် ၉ လက်နှင့် ခဲယမ်းများ​ရ

CDF-Asho တပ်ဖွဲ့ဝင်များကသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-CDF-Asho

မေ-၁၊ ၂၀၂၅။ ကျော်ဇော/People’s Spring

ငဖဲမြို့နယ်၊ မင်းဘူး-အမ်းလမ်းရှိ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၏ ကာကင်းစခန်းဖြစ်သော ပဇီရွာဘုန်းကြီးကျောင်းမှ စစ်ကောင်စီတပ်သားများ လမ်းလုံခြုံရေးယူရန်ထွက်လာစဥ် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ်(CDF-Asho)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယမန်နေ့(ဧပြီ ၃၀ ရက်)နံနက် ၈ နာရီခန့်ကငဖဲမြို့နယ်၊ ပဇီရွာတပ်စခန်းမှ လမ်းလုံခြုံရေးယူရန်လာသော အင်အား ၂၀ ခန့်ပါ စစ်ကောင်စီတပ်သားများကို ဖြတ်တောက်တိုက်ခိုက်ခဲ့ခြင်းဟု၎င်းတာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၉ ဦး ပွဲချင်းပြီးသေဆုံး၍ MA အမျိုးအစားသေနတ် ၉ လက်၊ ကျည်ဘောက်နှင့် ခဲယမ်းများအပါ အဝင် လက်နက်ကြီးကျည်များလည်းရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ် (CDF-Asho)က အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအခြေအနေအပြည့်အစုံအား သိရှိနိုင်ရန် လူထုနွေဦးက အရှိုချင်းကာကွယ်ရေးတပ် (CDF-Asho)ထံ ဆက်သွယ်ခဲ့သော်လည်း ခရီး သွားနေသည်ဖြစ်၍ နောက်မှသာဖြေကြားပေးနိုင်မည်ဟု အကြောင်းပြန်ကြားခဲ့သည်။

နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၏ ကာကင်းစခန်းဖြစ်သောပဇီရွာဘုန်းကြီးကျောင်း၌ စစ်ကောင်စီ ကပစ များဖြစ်သော ကပစ(၂)၊ (၁၀)၊ (၁၃)နှင့် (၁၄)တို့အပြင် တပ်မ (၉၉)တပ်များအပါအဝင် အင်အား ၁၃၀ ခန့် အထိုင်ချတပ်စွဲထားခြင်းဟု CDF-Asho က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး မြို့ဧရိယာအများစုကို KIA ပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်ကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်က ရုံး ဌာန အဆောက်အဦးတွေ ကို ပြန်လည် ပြုပြင် တည်ဆောက်ရာမှာ မူလက ဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေကို ပြန်ဆောက်လုပ်ခိုင်းမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ကြေညာပါတယ်။

သတင်း

နိုင်ငံသဘာဝဘေးအန္တရာယ်ကိစ္စများ လုပ်ဆောင်ရာတွင် အသုံးပြုရန် ရဟတ်ယာဉ်ငှားရမ်းသည့်ကိစ္စဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်၁၅နှစ်အထိ ချမှတ်နိုင်သည့် အဂတိပုဒ်မဖြင့် တရားစွဲထားသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြီးခဲ့သည့် ပြည်ပခရီးစဥ်တွင် အသုံးပြုခဲ့သည့် Airbus XY-ALK လေယာဉ်ကို ၎င်းသွားလာရာတွင် အသုံးပြုရန် စစ်ကောင်စီအဖွဲ့က အပြီးသတ်ဝယ်ယူလိုက်သည်။

သတင်း

စစ်တပ်စစ်​ကြောင်း ၅ ဦး​သေ၊ ၂ ဦးဖမ်းမိပြီး၊လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ

Facebook