close
Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့အနီး ပကဖအဖွဲ့ဝင် ၁၀ ဦးသတ်ဖြတ်ခံရမှု အမှုမှန်​ပေါ်​ပေါက်​​ရေး အိန္ဒိယနှင့်ပူး​ပေါင်းဆောင်ရွက်​နေဟု NUG ထုတ်ပြန်

မြန်မာ-အိန္ဒိယ နယ်စပ် တမူးမြို့အနီး ပကဖအဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့သည့်ဖြစ်စဥ်နှင့်ပက်သက်၍အိန္ဒိယအစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အမှုမှန်ပေါ်ပေါက်ရန်ညှိနှိုင်းဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေး အစိုးရက ယ​နေ့(​မေ ၁၉) ညတွင်သတင်းထုတ်ပြန်သည်။

ပကဖ များထံမှ သိမ်းဆည်းခံရ​သောလက်နက်ခဲယမ်းနှင့်ဆက်စပ် ပစ္စည်းများ။ဓါတ်ပုံ-File Photo

​မေ-၁၉၊၂၀၂၅။ကဖေး၊ထားမြတ်/People’s Spring

မြန်မာ-အိန္ဒိယ နယ်စပ် တမူးမြို့အနီး ပကဖအဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့သည့်ဖြစ်စဥ်နှင့်ပက်သက်၍အိန္ဒိယအစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အမှုမှန်ပေါ်ပေါက်ရန်ညှိနှိုင်းဆောင်ရွက်နေကြောင်း အမျိုးသားညီညွတ်ရေး အစိုးရက ယ​နေ့(​မေ ၁၉) ညတွင်သတင်းထုတ်ပြန်သည်။

မေလ ၁၄ရက်နေ့က တမူးမြို့နယ်နဲ့ထိစပ်နေသောမြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်အနီးတစ်နေရာတွင် တမူးခရိုင် ပြည်သူ့ကာကွယ်အဖွဲ့မှရဲဘော်များကို အိန္ဒိယနိုင်ငံ၊ အာသံရိုင်ဖယ်တပ်ဖွဲ့များက ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်​ကြောင်း ဒေသခံသတင်းရင်းမြစ်များက​ပြောသည်။

အဆိုပါဖြစ်စဉ်အတွက် အိန္ဒိယအစိုးရကို နှစ်နိုင်ငံနယ်စပ်ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ပြင်းပြင်းထန်ထန်ဝေဖန်နေစဉ် NUG နိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၁၉ရက်ညတွင် သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အိန္ဒိယ – မြန်မာ နယ်စပ် တမူးမြို့ အနီး ပကဖ အဖွဲ့ဝင် (၁၀) ဦး ကျဆုံးခဲ့ရသည့်ကိစ္စ နှင့်ပတ်သက်၍အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများ အနေဖြင့် လက်ခံရရှိသည့် သတင်းပေးပို့ တိုင်ကြားချက်များ အပြင် ကနဦး မြေပြင်အခြေအနေ ကြားနာ စစ်ဆေးမှု အစီရင်ခံစာ တွေ့ ရှိချက်များ အရ အိန္ဒိယ အစိုးရ တာဝန်ရှိသူများ နှင့် တွေ့ဆုံ ၍ အမှုမှန်ပေါ်ပေါက်စေရေး ညှိနှိုင်းဆောင်ရွက်လျှက်ရှိသည်ဟု ​ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အိန္ဒိယ-မြန်မာ နယ်စပ်နားက ချန်ဒဲလ် ခရိုင်၊ ခန်ဂျိုင်တာဆဲလ် ဒေသမက ဆမ်တဲလ် ရွာသစ်အနီးတွင် လက်နက်ကိုင် အင်အားစုများ လှုပ်ရှားနေကြောင်း တိကျ​သော ထောက်လှမ်းရေး သတင်းများကို အခြေပြုပြီး အာသံရိုင်ဖယ် နယ်ခြားစောင့် ယူနစ်များက မေလ ၁၄ ရက်နေ့တွင်စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့သည်။ထိုစစ်ဆင်ရေးအတွင်း လက်နက်ကိုင်များဖက်မှ ပစ်ခတ်သည်ကို ခံခဲ့ရ​သောကြောင့် အာသံရိုင်ဖယ် တပ်ဖွဲ့ဝင်များက သတ်မှတ်ထားတဲ့ စံနှုန်းများနှင့် အညီ မြန်မြန်ဆန်ဆန် တုံ့ပြန်ခဲ့ရာ လက်နက်ကိုင် ၁၀ ဦးကို ရှင်းလင်းနိုင်ခဲ့ပြီး လက်
နက်နဲ့ ခဲယမ်းမီးကျောက်တွေလည်း သိမ်းဆည်းရရှိခဲ့သည်ဟု Eastern Command-Indian Army က မေလ ၁၅ ရက်၌ ထုတ်ပြန်ခဲ့သည်။

မြေပြင်အခြေအနေမှာတိုက်ပွဲဖြစ်ပွားခဲ့ခြင်မဟုတ်ဘဲ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သေဆုံးခဲ့သည့်ရဲဘော်များ၏ ရုပ်အလောင်းများအားတွေ့ရှိခဲ့သည့် ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

“ဆယ်ယောက်စလုံးအလောင်းက အဖမ်းခံရပြီးမှ သေနတ်ဒဏ်ရာတွေနဲ့ လုပ်ကြံသတ်ဖြတ်ခံရတာပါ” ဟု ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိဘဲ ဖမ်းဆီးနှိပ်စက်ပြီး ရက်ရက်စက်စက်သတ်ခဲ့ခြင်းဖြစ်​ကြောင်း အဆိုပါရဲဘော်ကဆက်ပြောသည်။

လက်ရှိတွင် အိန္ဒိယအစိုးရသည် နယ်စပ်ခြံစည်းရိုးကိုကာရန်နေပြီး မြန်မာနိုင်ငံပိုင်နက်ဖက်သို့ တိုးကာနေ၍ တမူးခရိုင်မှပြည်သူ့ကာကွယ်ရေးရဲဘော်များက ကန့်ကွက်တားဆီးမှုများရှိခဲ့သည်။ ထိုအခြေအနေ၌ ပြည်သူ့ကာကွယ်ရေးရဲဘော်များအားသတ်ဖြတ်သည့်လုပ်ရပ်သည် တရားလွန်ကြောင်း တမူးဒေသခံတစ်ဦးကပြောသည်။

“တိုက်ပွဲ မဖြစ်ပဲ နယ်စပ်မှာစစ်သွေးကြွလို့ သတ်မှတ်ခံရပြီး တစ်ဖက်နိုင်ငံနယ်ခြားစောင့်စစ်တပ်ရဲ့မှားယွင်းစွာ စွပ်စွဲသတ်ဖြတ်မှုကို တစ်ဖက်သတ်ခံလိုက်ရတာပါ ။ဒီတိုင်း ပါးစပ်ပိတ်နေလို့ လုံးဝ မရပါဘူး။ ဒါကျမတို့ တော်လှန်ရေး ရဲဘော်တွေပါ” ဟု တော်လှန်ရေးလုပ်​နေသူတဦးက လူမှုကွန်ရက်တွေရေးသားထားသည်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်မှုအောက်တွင်လည်း အဆိုပါအမှုအား ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းပေးရန် တောင်းဆိုမှုများရှိနေသည်။

“အမှုမှန်ပေါ်အောင် သေချာ ကိုင်တွယ် ဖြေရှင်းပေးဖို့ လေးစားစွာတောင်းဆိုပါတယ်။ကျနော်
တို့ နိုင်ငံသားတွေကို ဒီလိုပုံစံနဲ့ လက်လွတ်စပါယ်လုပ်တာကိုလုံးဝလက်သင့်မခံနိုင်ပါဖူး။အိန္ဒိယအစိုးရအနေနဲ့ သူ့စစ်တပ်ရဲ့ လူသတ်မှုအတွက် လုံးဝတာဝန်ယူမှု တာဝန်ခံမှု ရှိရပါမယ်။ တော်လှန်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ကျနော်တို့ ရဲဘော်တွေ ဒီလို ဖြစ်သွားမှုအတွက် တရားမျှတမှု လုံးဝလိုအပ်ပါတယ်”ဟု လူငယ်တဦးကရေးသားထားသည်။

အိန္ဒ်ိယသည်ပြီးခဲ့သည့် ဧပြီလကတမူးမြို့အနောက်ဘက်ရှိ နယ်စပ် မှတ်တိုင် ၅၉-၆၀ကြား၊ ၇၅-၇၆ကြားတွင် မြန်မာဘက်ခြမ်းသို့ ပေ ၆၀၀ခန့်ကျူးကျော်ပြီး ခြံစည်းရိုးခတ်နေ၍ တမူးခရိုင်အမှတ်(၁)တပ်ရင်းက သွားရောက်တားမြစ်ခဲ့သည်။
ယင်းနေရာတွင် ယာယီရပ်တန့်ထားသော်လည်း မှတ်တိုင် ၈၂-၈၃ ကြား၌ မြန်မာဘက်သို့ဝင်ပြီးခြံစည်းရိုး ဆက်ကာနေ၍တမူးခရိုင်အမှတ်(၃) တပ်ရင်းက ထပ်မံတားမြစ်ခဲ့သည်။

စစ်အာဏာရှင်ကို ပြဘ်သူများကတော်လှန်တိုက်ခိုက်နေချိန် အိန္ဒ်ိယက ယခုကဲ့သို့ ခြံစည်းရိုးကာနေမှုကို တမူးဒေသခံများကလည်း ကန့်ကွက်နေကြသည်။

တမူးမြို့နယ်တွင် မြို့‌ပေါ်ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး တစ်မြို့နယ်လုံး၏ ၈၀
ရာခိုင်နှုန်းကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားခြင်းဖြစ်သည်။

တော်လှန်ရေးတပ်များအနေဖြင့်တမူးမြို့ကို၂၀၂၅ခုနှစ်အတွင်း သိမ်းပိုက်နိုင်ရေးအတွက် ကြိုးစားသွားမည်ဖြစ်ကြောင်း တမူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်များကဧပြီ ၂၉ရက်ကပြုလုပ်သည့် ကဘော်ညီနောင်ကမ်ပိန်း၌ ပြည်သူများ ပါဝင်စေရေး နှိုးဆော်သည့် စကားဝိုင်း ဆွေးနွေးပွဲတွင် ပြောကြားသည်။

တမူးခရိုင်အတွင်း စစ်ဆင်ရေးသည် အခြားခရိုင်များနှင့်မတူဘဲ တော်လှန်ရေးတပ်များအနေဖြင့် စစ်ကောင်စီကိုသာမက ပျူစောထီး၊ ကသည်း၊ နာဂ၊ ရှမ်းနီ SNA တို့ကိုပါ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း တမူးခရိုင် PDF များက ပြောသည်။


တမူးမြို့တွင် စစ်ကောင်စီလက်ပါးစေ ပျူစောထီးအားကောင်းသကဲ့သို့ ကသည်း နှင့် နာဂလက်နက်ကိုင်များသည် အိန္ဒိယနိုင်ငံအတွင်း သွားလာနိုင်သည့် အခြေအနေရှိကြောင်း၊ တမူးမြို့ရရှိရေးအတွက် တိုက်ခိုက်ရန် စိတ်ခေါ်မှုများစွာရှိသော်လည်း အမြန်ဆုံး သိမ်းပိုက်ထိန်းချုပ်နိုင်မှသာ အခြား ခရိုင်များသိမ်းပိုက်ရေးများစွာ အထောက်အကူဖြစ် စေမည်ဟု တမူးခရိုင် PDF ရဲဘော်များက ပြောခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

တော်လှန်ရေးအရှိန်မြှင့်ရန်ဆိုကာ မကွေးတိုင်း၊ ပခုက္ကူခရိုင်အတွင်းရှိ ရေစကြို၊မြိုင်နှင့် ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အဖွဲ့များ ပူးပေါင်းမည်ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

သတင်း

ဒဏ်ရာရသူ ၄၅ဦးအတွက် တစ်ဦး ကျပ် ၁၅သိန်းစီ၊ ပျက်စီးခဲ့သည့် နေအိမ် ၄၂လုံးအတွက် တစ်လုံးလျင် ကျပ်သိန်း ၂၀ ပေးအပ်

သတင်း

ထိုင်းတွင်ဖမ်းဆီးခံရပြီးပြန်ပို့ခံရသောမြန်မာလုပ်သားများကို စစ်​ကောင်စီက စစ်သားသစ်စု​​ဆောင်းပြီးစစ်သင်တန်းသို့ ပို့ဆောင်ရာတွင် မြိတ်မြို့မှ ခရိုနီလုပ်ငန်းရှင်များအနေဖြင့် ဆက်လက်ပူးပေါင်းခြင်းမပြုရန် မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ သတိပေးလိုက်သည်။

Facebook