close
Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါမြို့နယ် လာပို့ရွာစာသင်ကျောင်း စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြန်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် လာပို့ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ယမန်နေ့(မေလ ၁၄ရက်) ည ၁၁နာရီခွဲခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းဆောင်ပျက်စီးသွားသော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် လာပို့ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မေ ၁၅၊၂၀၂၅။ဇော်ရမ်း/People’s Spring

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် လာပို့ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီက ယမန်နေ့(မေလ ၁၄ရက်) ည ၁၁နာရီခွဲခန့်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းဆောင်ပျက်စီးသွားသော်လည်း လူထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကျောင်းကို ပေါင် ၂၅၀ဗုံးကြဲတာ။ ကလေးတွေမရှိတော့ အထိအခိုက်မရှိဘူး။ ကံကောင်းတာပါ။ ကျောင်းဆောင်ကတော့ ပျက်စီးသွားတယ်”ဟု ဂန့်ဂေါနယ် ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ဂန့်ဂေါမြို့နယ်အတွင်း မြေပြင်စစ်ကြောင်းလည်းထိုးနေပြီး လေကြောင်းကပါ ဗုံးကြဲနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဂန့်ဂေါမြို့ပေါ်ရှိ ခြေလျင်တပ်ရင်း ခလရ(၅၀)မှ စစ်ကောင်စီတပ်စစ်ကြောင်းသည် မေလ ၁၂ရက်က မြို့အရှေ့တောင်ဘက်ရှိ လယ်မကျေးရွာကို စီးနင်းဝင်ရောက်ပြီးနောက် (၆)နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သား ၁၁ဦးကို သတ်ဖြတ်သွားပြီး ၁၁ဦးအား ဖမ်းဆီးသွားခဲ့သည်။

” ဖမ်းသွားတာက ၂၀ကျော်။ ၁၀ယောက်ပြန်လွတ်လာပြီး ၁၁ယောက်ပြန်လွတ်မလာသေးဘူး။ အဖမ်းခံထားရတဲ့သူတွေထဲမှာ အသက်၁၇နှစ်အရွယ် မိန်းကလေးလည်းပါနေတယ်ဗျ”ဟု ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် စာသင်ကျောင်းများ၊ ဘုန်းကြီးကျောင်းများကို ပစ်မှတ်ထား၍ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်နေသည်။

မေလ ၁၂ရက်ကလည်း စစ်ကောင်စီသည် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာစာသင်ကျောင်း တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆရာမ (၂)ဦး နှင့် ကျောင်းသား ကျောင်းသူ ၂၂ဦး သေဆုံးခဲ့သည်။ ထို့အပြင် ကလေးငယ် ၁၀၀ဦး ဒဏ်ရာရရှိခဲ့သည်။

ယမန်နေ့က လာပို့ကျေးရွာစာသင်ကျောင်းအား ဗုံးကြဲတိုက်ခိုက်မှုမှာ ကျောင်းဖွင့်ချိန်မဟုတ်၍ ကလေးငယ်များ ကံကောင်းခဲ့ခြင်းဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ဧပြီ ၃ ရက်မှ မေလ ၁၃ရက်အထိ တိုင်းနှင့်ပြည်နယ် ၁၁ခုသို့ လေကြောင်းမှ ၁၈၁ကြိမ်တိုက်ခိုက်ခဲ့ရာ အရပ်သား ၁၈၂ဦးသေဆုံးပြီး ၂၉၈ဦးဒဏ်ရာရခဲ့ကြောင်း လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (HRDT-NLD)က ယနေ့ (မေလ ၁၅ရက်) ထုတ်ပြန်သည်။

အပစ်ရပ်ရေးထုတ်ပြန်ချက်များချိုးဖောက်ပြီး အရပ်သားပြည်သူအများအပြားကို ပစ်မှတ်ထားတိုက်ခိုက်ကာ အစုလိုက်၊အပြုံလိုက် သေဆုံးစေသော လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှု (Crime Against Humanity) နှင့် စစ်ရာဇဝတ်မှုများ (War Crimes)ကို ဆက်တိုက်ကျူးလွန်နေသော စစ်ကောင်စီကို ကုလသမဂ္ဂနှင့်အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက တားဆီးအရေးယူရန် NLD ပါတီက တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က လယ်မကျေးရွာသား လူငယ် ၁၁ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ခလရ(၅၀)တပ်ရင်းဟာ ဒီကနေ့(မေလ ၁၃ရက်) နေ့လည်းမှာ ကျေးရွာတွေကို ထပ်မံစစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဂန့်​ဂေါမြို့နယ် လယ်မကျေးရွာကို ယနေ့(မေလ ၁၂ရက်) နံနက် ၂နာရီခန့်တွင် စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာပြီး ကလေးလူငယ်အပါအဝင် အရပ်သား ၁၁ဦးကို သတ်ဖြတ်ကာ ၂၀ကျော် ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကောင်စီက စစ်ကိုင်းတိုင်းရှိ ကောလင်းမြို့ သဲချောင်းရွာသစ်အား ယနေ့ (ဧပြီ ၁၁ရက်) နံနက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် မပေါက်ကွဲဘဲကျန်နေသည့် ဗုံးတစ်လုံးအား ကောလင်းခရိုင် အမှတ်(၁)တပ်ရင်းမှ ရဲဘော်များက တူးဖော်ခဲ့သည်။ ယမန်နေ့က လေ ကြောင်းတိုက်ခိုက်ခံရ၍ အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့သော ကောလင်းမြို့နယ်ကို စစ်ကောင်စီက ထပ်မံ၍ လေကြောင်းထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ကယန်း​အမျိုးသား​နေ့​ပြုလုပ်​သည့် ရှမ်းပြည်တောင်ပိုင်း၊ဖယ်ခုံမြို့နယ် သိကျိတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

Facebook