close
Connect with us

Hi, what are you looking for?

သတင်း

တာလယ်ဗျူဟာစခန်းသိမ်းပိုက်မှု စစ်ကောင်စီတပ် ဗိုလ်ကြီးအပါအဝင် ၉ဦးသေ၊ ဒုတပ်ရင်းမှူးနှင့်အဖွဲ့ထွက်ပြေးဟု KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်အးရုံး(KNU) ဖားအံ(ဘားအံ)ခရိုင် လှိုင်းဘွဲ့မြို့နယ် တပ်မဟာ(၇) နယ်မြေအတွင်းနှစ်ပေါင်း ၄၀နီးပါးတပ်စွဲထားသည့် စစ်ကောင်စီ၏ တာလယ်ဗျူဟာစခန်းကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KNU ဗဟိုက ယနေ့ (မေလ ၁၅ရက်) ထုတ်ပြန်သည်။

တာလယ်ဗျူဟာစခန်းသိမ်းပိုက်မှုအတွင်း ရရှိသော လက်နက်ခဲယမ်းများနှင့် စခန်းမြင်ကွင်း။ ဓာတ်ပုံ - KNU

▪️တပ်မဟာ(၇)နယ်မြေအတွင်း နှစ် ၄၀နီးပါး သက်တမ်းရှိဗျူဟာစခန်း KNU ပြန်လည် သိမ်းပိုက်

မေ ၁၅၊၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်အးရုံး(KNU) ဖားအံ(ဘားအံ)ခရိုင် လှိုင်းဘွဲ့မြို့နယ် တပ်မဟာ(၇) နယ်မြေအတွင်းနှစ်ပေါင်း ၄၀နီးပါးတပ်စွဲထားသည့် စစ်ကောင်စီ၏ တာလယ်ဗျူဟာစခန်းကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KNU ဗဟိုက ယနေ့ (မေလ ၁၅ရက်) ထုတ်ပြန်သည်။

တညာကျိုး(ခေါ်) တာလယ်စခန်းကို ၁၉၈၆ခုနှစ်တွင် စစ်တပ်မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် မေလ ၁၃ရက် ညပိုင်းတွင် ပြန်လည်သိမ်းပိုက်နိုင်ခဲ့ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တာလယ်ဗျူဟာစခန်းတွင် စစ်ကောင်စီတပ် ခလရ−၂၄တပ်ရင်းနှင့် အမြောက်တပ် အမတ−၃၁၁တပ်ရင်းတို့ အခြေစိုက်ထားခြင်းဖြစ်ပြီး တပ်မဟာ (၇) လက်အောက်ခံ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(K.N.D.O) မှ ပြန်လည် တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ကြောင်း ဖော်ပြသည်။

စခန်းသိမ်းပိုက်စဉ်အတွင်း စစ်ကောင်စီအမြောက်တပ်မှ ဗိုလ်ကြီး တစ်ဦးအပါအဝင် စစ်ကောင်စီတပ်သား (၉)ဦး သေဆုံးခဲ့ပြီး ခလရ−၂၄ ဒုတပ်ရင်းမှူးမှာ ထွက်ပြေးလွတ်မြောက်လျှက်ရှိဟု ထုတ်ပြန်သည်။

ထွက်ပြေးလွတ်မြောက်သွားသော စစ်ကောင်စီတပ်သားများအား လိုက်လံဖမ်းဆီးလျှက်ရှိကြောင်းလည်း KNUက အသိပေးသည်။

အဆိုပါ တပ်စခန်းစတင်တည်ဆောက်သည့် အချိန်မှစပြီး အနီးဝန်ကျင်ရှိ ကျေးရွာများမှ ပြည်သူလူထုများအနေဖြင့် လွတ်လပ်စွာ သွားလာလုပ်ကိုင်ရှာဖွေစားသောက်ခွင့်များ ဆုံးရှုံးခဲ့ရပြီး စခန်းအား ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့်အတွက် အနီးအနားရှိကျေးရွာများအနေဖြင့် မူလူအခြေအနေများအတိုင်း ပြန်လည် လုပ်ကိုင် ရှာဖွေစားသောက် နိုင်တော့မည်ဖြစ်ဟု KNUက ထုတ်ပြန်သည်။

KNUနှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် ၂၀၂၄ နှစ်ကုန်ပိုင်းမှစ၍ တပ်မဟာ(၇)နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းများ တခုပြီးတခု တိုက်ခိုက်သိမ်းပိုက်လျက်ရှိရာ မာနယ်ပလောဒေသ၊ မြန်မာထိုင်းနယ်စပ်ရှိ ပူးလူးတူ၊ ခလယ့်ဒေး၊ မော်ဖားသူ၊ တခေါဘီခီးစခန်းများကို သိမ်းယူထားပြီးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မယ်လစခန်းကို ဒီနေ့ (မေလ ၁၅ ရက် ) မနက်အစောပိုင်းမှာ KNU က စတင်တိုက်ခိုက်နေပြီလို့ ကရင် စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ရွှေကျင်မြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာ၊ Y12 လေယာဉ်တို့ဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူ ၁,၇၀၀ကျော်မှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

သတင်း

ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင်တန်း အရှေ့ခြမ်း ၊ နော်တရာတောင်ခြေမှာရှိတဲ့ တာလယ်ဗျုဟာစခန်းကို KNU က စတင်တိုက်ခိုက်ပြီး ၄ ရက်မြောက် ဒီနေ့ (မေလ ၁၃ ရက် )မှာ သိမ်းယူလိုက်ပြီလို့ ကရင်စစ်ရေးသတင်း ရင်း မြစ်ထံကသိရပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင်တန်း အရှေ့ခြမ်း ၊ နော်တရာတောင်ခြေမှာရှိတဲ့ တာလယ်ဗျုဟာစခန်းကို KNU က တိုက်ခိုက်ရာမှာ စခန်းမကျဖို့ စစ်ကောင်စီတပ်ကလေကြောင်းပစ်ကူသုံးပြီး ခုခံနေတယ်လို့ ကရင်စစ်ရေးသတင်းမြစ်ထံကသိရပါတယ်။

Facebook