close
Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါမြို့နယ်တွင် ကလေးလူငယ်များအပါအဝင် အရပ်သား ၁၁ဦးကို စစ်ကောင်စီတပ်သတ်ဖြတ်ပြီး ၂၀ ကျော် ဖမ်းဆီးသွား

မကွေးတိုင်း၊ ဂန့်​ဂေါမြို့နယ် လယ်မကျေးရွာကို ယနေ့(မေလ ၁၂ရက်) နံနက် ၂နာရီခန့်တွင် စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာပြီး ကလေးလူငယ်အပါအဝင် အရပ်သား ၁၁ဦးကို သတ်ဖြတ်ကာ ၂၀ကျော် ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

မေ ၁၂၊၂၀၂၅။ကဖေး၊မေ/People’s Spring

မကွေးတိုင်း၊ ဂန့်​ဂေါမြို့နယ် လယ်မကျေးရွာကို ယနေ့(မေလ ၁၂ရက်) နံနက် ၂နာရီခန့်တွင် စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာပြီး ကလေးလူငယ်အပါအဝင် အရပ်သား ၁၁ဦးကို သတ်ဖြတ်ကာ ၂၀ကျော် ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

ဂန့်ဂေါမြို့ပေါ်ရှိ အမှတ်(၅၀)ခြေလျင်တပ်ရင်း (ခလရ-၅၀)မှ စစ်ကောင်စီတပ်စစ်ကြောင်းသည် မြို့အရှေ့တောင်ဘက်ရှိ လယ်မကျေးရွာကို စီးနင်းဝင်ရောက်လာပြီးနောက် အရပ်သားများအားသတ်ဖြတ်ဖမ်းဆီးသွားခြင်းဟု မြို့ခံတစ်ဦးက ပြောသည်။

” လယ်မရွာ သတင်းမဟုတ်ပါစေနဲ့ ဆုတောင်းတာ မပြည့်ခဲ့ဘူးဗျာ။ ၁၁ယောက်အသတ်ခံထားရတယ်။ ဖမ်းသွားတဲ့သူတွေလည်းရှိတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

လယ်မကျေးရွာသို့ဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် လူငယ် ၁၁ဦးကို သတ်ဖြတ်ပြီး အမျိုးသမီးအချို့နှင့်သက်ကြီးရွယ်အိုတချို့အပါအဝင် ၂၃ဦး ဖမ်းဆီးသွားကြောင်းယောလူထုတိုက်ပွဲကော်မတီက သတင်းထုတ်ပြန်ထားသည်။ သို့သော် ၁၃ဦးအား ယနေ့(မေ ၁၂ရက်)တွင် ပြန်လွတ်ပေးခဲ့ကြောင်း ယောအလင်းတန်းက ဖော်ပြထားသည်။ ဆက်လက်ဖမ်းဆီးခံရသူများတွင် အမျိုးသား ၇ ဦး အမျိုးသမီး ၃ဦးဖြစ်ကြောင်း ဖော်ပြထားသည်။

“မနက်အစောကြီးဆိုတော့ ဘယ်သူမှ မသိလိုက်ရဘူး။တိုက်ပွဲလည်း မရှိဘူး။ဒီအတိုင်းဝင်စီးသွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့များနှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးက စစ်ကောင်စီတပ်စစ်ကြောင်းသည် ၇တန်း ကျောင်းသားတစ်ဦး၊ ကိုးတန်း ကျောင်းသားသုံးဦးအပါအဝင် အသက် ၁၂နှစ်မှ ၃၉နှစ်ကြား အမျိုးသား ၁၁ဦးကို သတ်ဖြတ်သွားသည်ဟု ပြောသည်။ သေဆုံးသူများတွင် ဒေသကာကွယ်ရေးရဲဘော်အချို့ပါဝင်သွားကြောင်း ပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စီးနင်းခံရမှုမှာ အသက်(၁၂)နှစ်အရွယ် မောင်လျှံထွန်း၊မောင်မှိုင်းဝေ (၁၃)နှစ်၊မောင်ကျော်မြတ်သူ (၁၉)နှစ်၊မောင်မျိုးသီဟ (၁၅)နှစ်၊မောင်သီဟလင်း (၁၅)နှစ်၊ဂျွန်ကိုဝင်း (၁၉)နှစ်၊သက်ပိုင်ဦး (၂၃) နှစ်၊ကျော်စန်းခိုင်(၂၄)နှစ် မောင်ညီလေး(၂၇)နှစ်၊ မောင်နေလင်းဦး (၂၅)နှစ်၊ အောင်ကြည်မင်း (၃၉)နှစ်တို့ သတ်ဖြတ်ခံရခြင်း ဖြစ်သည်။

“အသတ်ခံရတဲ့အထဲကျောင်းတက်နေတဲ့ ၇ တန်းနဲ့၅တန်းကလေးတွေလည်း ပါတယ်”ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ယနေ့နံနက်ပိုင်းတွင် ခလရ(၅၀)တပ်ရင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိသည်။ ဖမ်းဆီးခံရသူများ၏ အသက်အန္တရာယ်ကို မြို့ခံများက စိုးရိမ်နေကြသည်။

လယ်မရွာအခြေအနေနှင့်ပတ်သက်၍ ဂန့်ဂေါ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

ပြီးခဲ့သည့် မတ်လ ၂၆ရက်က ဂန့်ဂေါမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် ခလရ(၅၀)တပ်ရင်း၏ စစ်ကြောင်းက ပြည်သူ လေးဦး ဖမ်းဆီးခေါ်ဆောင်သွားခဲ့သေးသည်။

၂၀၂၄ ဖေဖော်ဝါရီ ၁၄ရက်ကလည်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းရွာ၌ အထိုင်ချထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့သည် အနီးပတ်ဝန်းကျင်ရွာများ စစ်ကြောင်းထိုးစဉ် လူ ၁၀ ဦးသတ်ဖြတ်ခံရပြီး နေအိမ်တချို့ မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်တွင် ကျေးရွာများလှည့်လည်စစ်ကြောင်းထိုးနေသည့် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းအား ပုသိမ် - မုံရွာလမ်းပိုင်းတနေရာတွင် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ရေး တင်းမာနေသည်။

သတင်း

မကွေးတိုင်း၊ မကွေးမြို့နှင့် (၁၂)မိုင်ခန့်အကွာရှိ စစ်ကောင်စီ၏ အမှတ်(၂၅)လုံခြုံရေးရဲတပ်ရင်း တိုက်ခိုက်ခံရကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်များ​က ပြောသည်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ တညောင်ဓာတ်အားခွဲရုံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ဦးအပါအဝင် စစ်ကောင်စီတပ်သား ၃၀ကျော်သေဆုံးကြောင်း ဗမာ့တပ်တော်က ထုတ်ပြန်သည်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မတိုက်နယ်ရှိ တိုင်းရင်းဆေးထုတ်လုပ်ရေး အလုပ်ရုံအား စစ်ကောင်စီက စက်တပ်လေထီး (Paramotor)ဖြင့် ဗုံးသုံးကြိမ်ကြဲချရာ အမျိုးသမီးနှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိကြောင်း ဒေသအခြေစိုက်တော်လှန် ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။