close
Connect with us

Hi, what are you looking for?

သတင်း

ဂန့်ဂေါမြို့နယ် လယ်မရွာမှလူငယ် ၁၁‌‌ဦးကို သတ်ဖြတ်ခဲ့တဲ့ ခလရ(၅၀)ရွာ​တွေကိုထပ်မံစစ်ကြောင်းထိုးနေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က လယ်မကျေးရွာသား လူငယ် ၁၁ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ခလရ(၅၀)တပ်ရင်းဟာ ဒီကနေ့(မေလ ၁၃ရက်) နေ့လည်းမှာ ကျေးရွာတွေကို ထပ်မံစစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခလရ(၅၀)တပ်ရင်းစစ်ကြောင်း သတ်ဖြတ်ခဲ့တဲ့ ဂန့်ဂေါမြို့နယ်က လယ်မကျေးရွာသား လူငယ် ၁၁ဦးကို သင်္ဂြိုဟ်ရန် ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - CJ

မေ-၁၃၊၂၀၂၅။မေ/People’s Spring

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က လယ်မကျေးရွာသား လူငယ် ၁၁ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ခလရ(၅၀)တပ်ရင်းဟာ ဒီကနေ့(မေလ ၁၃ရက်) နေ့လည်းမှာ ကျေးရွာတွေကို ထပ်မံစစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေလ ၁၂ရက် မနက်အစောပိုင်းက လယ်မကျေးရွာကို စီးနင်းဝင်ရောက်ကာ အသက်မပြည့်သေးသူ ကလေးအများစုအပါအဝင် လူငယ် ၁၁ဦးကို သတ်ဖြတ်ခဲ့ပြီး ၁၀ဦးခန့်ကို ဂန့်ဂေါမြို့က ခလရ(၅၀) တပ်ရင်းဆီ ဖမ်းဆီးသွားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ကြောင်းဟာ မနေ့ကညပိုင်းကပဲ စစ်ကားသုံးစီးနဲ့ လယ်မရွာအနီးက ကျေးရွာတွေကို စစ် ကြောင်းထပ်ထွက်လာခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အရင်နေ့ကလို အလစ်အငိုက်ထပ်ထွက်လာတာပဲ။ဂန့် ဂေါမြို့တောင်ဘက်က ရွာတွေကတော့ ရှောင်ကြတာပေါ့။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ပျားနတ်တောင်ရွာအနီးကို ရောက်နေတယ်လို့လည်း သိရပါတယ်။

အဲဒီကျေးရွာဟာလည်း လယ်မရွာနဲ့ မနီးမဝေးမှာရှိတာမို့ ဒေသခံတွေလည်း သတိအနေအထားနဲ့ နေရတယ်လို့ဒေသခံတစ်ဦးက ဆိုပါတယ်။

လယ်မရွာမှာ စစ်ကောင်စီတပ်က သတ်ဖြတ်သွားတဲ့ လူငယ်၁၁ဦးကိုတော့ မနေ့က သဂြိုဟ်ခဲ့တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဂန့်​ဂေါမြို့နယ် လယ်မကျေးရွာကို ယနေ့(မေလ ၁၂ရက်) နံနက် ၂နာရီခန့်တွင် စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာပြီး ကလေးလူငယ်အပါအဝင် အရပ်သား ၁၁ဦးကို သတ်ဖြတ်ကာ ၂၀ကျော် ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

သတင်း

မန္တလေးမြို့ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)အတွင်းကို စစ်ကောင်စီက အင်အားအများအပြားဖြည့်တင်းနေပြီး မန္တလေးတိုင်းအတွင်း စစ်ကြောင်းထိုး စစ်ရေးပြင်းထန်လာနိုင်ဖွယ်ရှိတယ်လို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တော်လှန်ရေးတပ်တွေက သုံးသပ်ပြောဆိုပါတယ်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများသို့ စစ်ကြောင်းထိုးနေပြီး ပြည်သူအချို့ကို ဖမ်းဆီးကာ ငွေသိန်းဆယ်ဂဏန်းဖြင့် ပြန်ရွေးခိုင်းသည့်ဖြစ်စဥ်များရှိနေကြောင်း ဒေသသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ သုံးဦးထက်မနည်း သေဆုံးပြီး သေနတ်နှစ်လက်နှင့် ခဲယမ်းများရရှိကြောင်း ကယန်းအမျိုးသားတပ်မတော်(KNA)က ယနေ့(ဧပြီ ၂၁ ရက်) ထုတ်ပြန်သည်။

Facebook