မေ-၁၃၊ ၂၀၂၅။ ထင်လင်း/People’s Spring
စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် အပေါင်းအပါတစုသည် ၎င်းတို့အာဏာတည်မြဲရေးတခုတည်းကိုသာရှေးရှုပြီး ပြည်သူလူထု၏ အခွန် ဘဏ္ဍာများကို ထင်သလို အသုံးပြုနေသလို အ ချို့သောနိုင်ငံများနှင့် နျူးကလီးယားစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံကဲ့သို့သောလုပ်ငန်းစာချုပ်များချုပ်ဆိုပြီး တိုင်းပြည်ကိုလည်း အမျှော်အမြင်ကင်းမဲ့စွာ အသုံးချလျက်ရှိနေကြောင်း NUG အစိုး၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုး NUG ၏ နှစ်ပတ်တစ်ကြိမ်ပြုလုပ်နေကျ “ပြည်သူလူထုနှင့် နိုင်ငံ တကာသို့ သတင်းစကားပြောကြားခြင်း”အစီအစဥ်၌ ဦးနေဘုန်းလတ်ကအထက်အပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဒီလုပ်ရပ်တွေဟာ နောင်တချိန်မှာ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူလူထုသာမက ဒေသတွင်းနိုင်ငံများနဲ့ ပြည်သူလူထုတို့ရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကို ထိပါးလာနိုင်တဲ့ အခြေအနေမျိုးဖြစ်တာကြောင့် ဒေသတွင်းနိုင်ငံတွေအနေနဲ့ မြန်မာပြည်သူ

Public Service Announcement
လူထုနဲ့အတူ တော်လှန်ရေးအင် အားစုတွေနဲ့အတူ ရပ်တည်ပြီး အထူးအလေးထားတုံ့ပြန်ဆောင်ရွက်ကြဖို့ ပြောကြားလိုပါတယ်”ဟု စစ်အုပ်စု၏လုပ်ရပ်များနှင့်ပတ်သက်ပြီး ဦးနေဘုန်းလတ်ကပြောသည်။
ထိုအပြင်မြန်မာစစ်အာဏာရှင်အစိုးရကရုရှားနည်းပညာဖြင့် ၁၁၀ မက်ဂါဝပ် အနုမြူ ဓါတ် အားပေး စက်ရုံ တစ်ခု တည်ဆောက်မည့် သတင်းကြောင့်နှစ်နိုင်ငံ ပြည်သူများအတွက် စိုးရိမ်ရကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU)၊ မြိတ်-ထားဝယ်ခရိုင်က မေလ ၉ ရက်နေ့တွင်ထုတ်ပြန်သည်။ လက်ရှိအနေအထားတွင် အနုမြူဓါတ်အားပေး စက်ရုံတည်ဆောက်နိုင်သော နေရာနှစ်ခုကို ဖော်ပြထားပြီး ၎င်းနေရာများမှာ ပဲခူးဒေသ အလယ်ပိုင်း နှင့် ထိုင်းနိုင်ငံ နယ်စပ် တနင်္သာရီတိုင်း၊ ထားဝယ်ဒေသရှိ ထားဝယ်အထူးစီးပွားရေးဇုန်တို့တွင် ဖြစ်ကြောင်းလည်းအသိပေးထားသည်။
စစ်အုပ်စုသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလက မြန် မာနိုင်ငံ၌ နျူးကလီးယားစွမ်း အင်သုံးလျှပ်စစ် ဓာတ်အားပေးရုံတည်ဆောက်ရန် ရုရှား-မြန်မာ နှစ်နိုင်ငံသဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ ယင်းစာချုပ်၏နောက်ဆက်တွဲလုပ်ငန်းစဥ်များအနက် ရုရှား-မြန်မာ နျူးကလီးယား သတင်းအချက် အလက်နည်းပညာစင်တာကို ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေ(RC2)အတွင်း ၂၀၂၃ ခုနှစ်ဖေဖော် ဝါရီလတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့သည်။
အလားတူ ယခုနှစ်(၂၀၂၅)မတ်လ ၃ ရက်က စစ်ခေါင်းဆောင်မင်းအောင်လှိုင် ရုရှားသို့ သွား ရောက်စဥ် ၁၁၀ မဂ္ဂါဝပ် နျူးကလီးယားဓာတ် ပေါင်းဖိုတည်ဆောက်ရေးနှင့် ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းအပါအဝင် သဘောတူစာချုပ် (၁၀)ကို နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့သည်။
ထို့အပြင် မေလ ၈ ရက်နေ့တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ပြုလုပ်မည့် ရင်ပြင်နီချီတက်ပွဲတက်ရောက်ရန် ရောက်ရှိနေသော စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ဇနီး ဒေါ်ကြူကြူလှကလည်း ရုရှားအမျိုးသမီးဖိုရမ်ဥက္ကဋ္ဌနှင့်တွေ့ဆုံစဥ် နျူး ကလီးယားနည်းပညာ၌ အမျိုးသမီးများပူး ပေါင်းပါဝင်ရေးဆွေးနွေးခဲ့ကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။
