close
Connect with us

Hi, what are you looking for?

သတင်း

အိုးထိန်းတွင်းရွာ စာသင်ကျောင်းလေကြောင်းတိုက်ခံရမှုအကြောင်း ကုလကွန်ဖရင့်၌ သံအမတ်ကြီးဦးကျော်မိုးထွန်းပြော

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံမှုအကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် ကွန်ဖရင့်တစ်ခု၌ ပြောကြားပြီး အချို့နိုင်ငံများက စစ်အုပ်စုအား ကူညီပံ့ပိုးနေခြင်းအား ရပ်တန့်ပေးရန် တောင်းဆိုလိုက်သည်။

(သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂ၏ ကွန်ဖရင့်၌ မိန့်ခွန်းပြောကြားနေစဥ်။ ဓာတ်ပုံ - Permanent Mission of Myanmar to the United Nations)

▪️အချို့နိုင်ငံများက စစ်အုပ်စုအား ကူညီပံ့ပိုးနေခြင်းအား ရပ်တန့်ပေးရန် တောင်းဆို

မေ-၁၃၊ ၂၀၂၅။ အီယိုရီ/People’s Spring

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာ စာသင်ကျောင်းလေကြောင်းတိုက်ခိုက်ခံမှုအကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် ကွန်ဖရင့်တစ်ခု၌ ပြောကြားပြီး အချို့နိုင်ငံများက စစ်အုပ်စုအား ကူညီပံ့ပိုးနေခြင်းအား ရပ်တန့်ပေးရန် တောင်းဆိုလိုက်သည်။

(သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂ၏ ကွန်ဖရင့်၌ မိန့်ခွန်းပြောကြားနေစဥ်။ ဓာတ်ပုံ – Permanent Mission of Myanmar to the United Nations)

အချို့သောနိုင်ငံများအနေဖြင့် စစ်အုပ်စုအား ထောက်ပံ့ပေးနေကြောင်း၊ စစ်အုပ်စုအား ရုပ်ဝတ္ထု ပစ္စည်းအားဖြင့် သော်လည်းကောင်း၊ စိတ်ဓာတ်အားဖြင့်သော်လည်းကောင်း ထောက်ပံ့ပေးခြင်းက ကလေးငယ်များ အပါအဝင် လူအများအပြားကို စစ်အုပ်စု က သတ်ဖြတ်နိုင်စေရန် ကူညီပေးရာ ရောက်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ယမန်နေ့(မေလ ၁၂ရက်)တွင်ကျင်းပသော ကုလသမဂ္ဂကွန်ဖရင့်၌ ပြောသည်။

Public Service Announcement

Public Service Announcement

“ဗုံးကြဲတိုက်ခိုက်ခြင်းများ ရပ်တန့်ပေးပါ၊ လူများကို သတ်ဖြတ်နေခြင်းအား ရပ်တန်ပေးပါ၊ စစ်အုပ်စုကို ကူညီပံ့ပိုးပေးနေခြင်းအား ရပ်တန့်ပေးပါ” ဟု သံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် တရားမဝင် အဓမ္မ စစ်အာဏာသိမ်းမှုနှင့် ယင်း၏နောက်ဆက်တွဲ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများက တိုင်းပြည်၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် တရား ဥပဒေ စိုးမိုးရေးတို့ကို ဖျက်ဆီးခဲ့ကြောင်း သံအမတ်ကြီးက အထက်ပါ ကုလကွန်ဖရင့်၌ ပြောသည်။

ကျူးလွန်သူ စစ်တပ်သည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု များမြောက်သည့် ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက် တိုးမြှင့်ကျူးလွန်နေသဖြင့် တရား မျှတမှု တည်ရှိရေးက ဆိတ်သုဉ်းနေရသည့်အပြင် လူသားအရင်းအနှီးနှင့် အရင်းအမြစ်များသည်လည်း စစ်တပ်၏ ဆက်လက်ပြုလုပ်နေသည့် လူမဆန်မှုများကြောင့် ပြုန်းတီးနေရကြောင်း ဆက်ပြောသည်။

စစ်အုပ်စုက နေ့စဉ် မဆင်မခြင် ကျူးလွန်နေသည့် လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲခြင်းတို့က အရပ်သားထိခိုက်နစ်နာမှုနှင့် အဆောက်အဦများ ပျက်စီးဆုံးရှုံးမှုတို့ကို အလွန်အမင်း ဖြစ်စေပြီး စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်တိုင်များအား အကောင်အထည်ဖော်ရန် တာဝန်ယူကြရသည့် အဆောက်အအုံများဖြစ်သော စာသင်ကျောင်းများနှင့် ဆေးရုံများအပေါ် အများဆုံး ထိခိုက်စေကြောင်း သံအမတ်ကြီးက ကုလသို့ အစီရင်ခံသည်။

စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်(၁၆)ဆိုင်ရာ၊ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းများအား မြှင့်တင်ရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ ကွန်ဖရင့်ကျင်းပနေသည့် မေလ ၁၂ရက် နံနက်ပိုင်းတွင်ပင် စစ်တပ်က ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်း စာသင်ကျောင်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းဆရာမ ၂ဦးနှင့် ကျောင်းသားကျောင်းသူ ၂၀ သေဆုံးခဲ့ကြောင်း သံအမတ်ကြီးက ရှင်းလင်းသည်။ စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၄၀ ဦးခန့်ရှိပြီး အရေးပေါ်ကုသမှု ခံနေရသူများလည်း ပါဝင်နေ၍ သေဆုံးသူဦးရေမှာ ထပ်တိုးနိုင်ဖွယ်ရှိနေကြောင်း သိရသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုသည် အဆိုပါဖြစ်ရပ်တစ်ခုသာမဟုတ်ဘဲ အခြားနေရာများတွင်လည်း ဗုံးကြဲတိုက်ခိုက်ခံနေရသည်။ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ခဲ့သည့် စစ်ကိုင်းတိုင်းသည် မကြာသေးမီက ပြင်းအား ၇.၇ ရှိသော ငလျင်ဒဏ် အပြင်းဆုံးထိခိုက်ခံရသည့် ဒေသများထဲက တစ်ခုဖြစ်ကြောင်း သံအမတ်ကြီးက ကုလ၌ ပြောသည်။

ရေရှည်တည်တံ့သော အဖြေရရှိရန် ဆောင်ရွက်ရာတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပြဿနာ၏ ဇစ်မြစ်ကို ကိုင်တွယ် ဖြေရှင်းရမည်ဖြစ်ကြောင်း သံအမတ်ကြီးက တိုက်တွန်းသည်။

မြန်မာနိုင်ငံတွင် စစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ်အား အဆုံးသတ်၍ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်နိုင်မှသာလျှင် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး နှင့် တရားမျှတမှုတို့ကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီးက ပြောကြားသည်။

ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အာဏာရှင်အား အမြစ်ပြတ်စေရန်နှင့် ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်ရန် လုပ်ဆောင်နေသည့် ကြိုးပမ်း အားထုတ်မှုများအား ဝိုင်းဝန်းပံ့ပိုးကူညီပေးကြပါရန် သံအမတ်ကြီးက ထပ်လောင်းတောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စာသင်ကျောင်းအတွင်း ပညာသင်ကြားနေသော ကလေးငယ်များအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုမှာ စစ်ရာဇဝတ်မှုမြောက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာမှ စစ်ရာဇဝတ်မှုဖြစ်ရပ်ကို သက်သေအဖြစ် သိမ်းဆည်းထားပြီး ကျူးလွန်သူများကို ပြင်းထန်စွာအရေးယူနိုင်ရေးပူးပေါင်းဆောင်ရွက်မည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(မေ ၁၃ ရက်) ထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ် ၊ အိုးတိန်တွင်း ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီလေတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးပဒေသာ(Cluster) ဗုံးကို အသုံးပြုတိုက်ခိုက်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

စစ်​ကောင်စီက ​ အိုးထိန်းတွင်းရွာစာသင်ကျောင်းကို ဗုံးကြဲပြီး နာရီပိုင်းအတွင်းမှာပင် ​မေ ၁၂ ရက် ညနက်ပိုင်းတွင် ဒီပဲယင်းမြို့နှင့် TNLA ထိန်းချုပ်ဒေသ မန်တုံမြို့ကို လေကြောင်းမှ ဗုံးထပ်ကြဲခဲ့သည်။