close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်အပြီး တစ်လခွဲအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ ကလေးငယ် ၅၀ကျော်အပါအဝင် ပြည်သူ ၃၀၀ကျော် သေဆုံး

တော်လှန်ရေးကာလတလျှောက် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် အသက်၊အိုးအိမ်၊ စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ကြရသည့် ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းနှင့် ကျဆုံးခဲ့ကြသော တော်လှန်ရေးတပ်ဖွဲ့ဝင်များအားလုံးအတွက် တရားမျှတမှုတခုကို ပြန်လည်ရ ယူနိုင်ရေးသည် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစု အားလုံး၏ တာဝန်ဖြစ်ကြောင်းခံယူထားဟု NUGပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းရွာစာသင်ကျောင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်အပြီး မေလ ၁၂ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - အဖြူရောင် D.P.Y

▪️စစ်အုပ်စုကျူးလွန်မှုကြောင့် အသက်အုံးအိမ်စည်းစိမ်ပျက်စီးခဲ့ရသူ အားလုံးအတွက် တရားမျှတမှု ပြန်ရရေး တော်လှန်ရေးအင်အားစုအားလုံး၏တာဝန်ဖြစ်ဟု NUG ပြော

▪️နိုင်ငံတစ်နိုင်ငံနီးစပ်ရာညှိနှိုင်းမှုများဖြင့် အကြပ်ကိုင်ဖိအားပေး ဆွေးနွေးစေသည့် အပစ်ရပ်စဲရေး နည်းလမ်းကို လက်ခံမည်မဟုတ်ဟု အသိပေး

မေ ၁၃၊၂၀၂၅။ထားမြတ်/People’s Spring

တော်လှန်ရေးကာလတလျှောက် အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကြောင့် အသက်၊အိုးအိမ်၊ စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ကြရသည့် ပြည်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းနှင့် ကျဆုံးခဲ့ကြသော တော်လှန်ရေးတပ်ဖွဲ့ဝင်များအားလုံးအတွက် တရားမျှတမှုတခုကို ပြန်လည်ရ ယူနိုင်ရေးသည် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော်လှန်ရေးအင်အားစု အားလုံး၏ တာဝန်ဖြစ်ကြောင်းခံယူထားဟု NUGပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ (မေလ ၁၃ရက်)တွင် ပြုလုပ်ခဲ့သည့် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်၌ ဦးနေဘုန်းလတ်က ယခုကဲ့သို့ ပြောကြားခဲ့ပြီး စစ်အုပ်စု၏ အကြမ်းဖက်မှုလုပ်ရပ်များကို မီးမောင်းထိုး ပြောသည်။ ထို့ပြင် စစ်အုပ်စုက လူသားချင်းစာနာထောက်ထားမှုအကူအညီများကို လက်နက်သဖွယ်အသုံးပြုနေခြင်းနှင့်ပတ်သက်ပြီး အလက်အချက်များကိုလည်း ဦးနေဘုန်းလတ်က ရှင်းလင်း ပြောသည်။

စစ်ကောင်စီသည် စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့သည့် မတ်လ ၂၈ရက်နောက်ပိုင်း အပစ်ရပ်စဲရေး ကို ဟန်ပြ ကြေညာခဲ့သော်လည်း ပြည်သူကို ပစ်မှတ်ထားသည့် လေကြောင်း ၊ လက်နက်ကကြီး တိုက်ခိုက်မှု များ ပြုလုပ်ခဲ့၍ ပြည်သူ ၃၃၀ကျော်သေဆုံးခဲ့ရဟု ဦးနေဘုန်းလတ်က ပြောသည်။

မတ်လ ၂၈ရက်မှ မေလ ၉ရက်အထိ တိုင်းနှင့် ပြည်နယ် ၁၃ခုတွင် လေကြောင်းတိုက်ခိုက်မှု ၃၇၂ကြိမ် ပြုလုပ်ခဲ့ရာ ပြည်သူ ၃၃၄ဦး သေဆုံးပြီး ၅၅၂ဦး ဒဏ်ရာရခဲ့ဟု အသိပေးသည်။

” သေဆုံးသူတွေထဲမှာ အသက် (၁၈) နှစ်အောက်ကလေးငယ် (၃၂) ဦးပါဝင်ပြီး ဒဏ်ရာရသူတွေအထဲမှာ အသက်(၁၈) နှစ်အောက်ကလေးငယ် (၅၃) ဦးပါဝင်ပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။

ငလျင်အပြီး တစ်လခွဲအတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့၍ လူနေအိမ်ခြေ ၅၀၀ ကျော် ၊ စာသ်ကျောင် ၄၀ ကျော်၊ ဘာသာရေး အဆောက်အဦး ၂၅ ခု ထိခိုက်ပျက်စီးဆုံးရှုံးခဲံရသည်ဟုဆိုသည်။

” လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုဟာ လေကြောင်းတိုက်ခိုက်မှုတွေမှာ ဂျက်လေယာဉ် ၊ ဒရုန်း၊ စက်တပ်လေထီး(ပါရာမော်တာ) တွေအပြင် ဂျိုက်ရိုကော်ပတာလို့ခေါ်တဲ့ ရဟတ်ယာဉ်အငယ်စားတွေကိုပါ အသုံးပြုနေတာလည်းဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးတွေနဲ့လည်း နေ့စဉ်ရက်ဆက် တိုက်ခိုက်လျက်ရှိနေသလို စစ်ကြောင်းထိုးပြီး ရွာတွေကို မီးရှို့ဖျက်ဆီးတဲ့ ဖြစ်စဉ်တွေလဲ ရှိနေတာဖြစ်ပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ပြည်သူလူထုကို ဦးတည်သည့် လေကြောင်းတိုက်ခိုက်မှုများ ၊ လက်နက်ကြီး တိုက်ခိုက်မှုများ၊ ရွာများကို စစ်ကြောင်းထိုး၊ မီးရှို့စသည့် လုပ်ရပ်များ နေ့စဉ်ရက်ဆက် လုပ်ဆောင်နေသော်လည်း တဖက်တွင် နိုင်ငံတကာမှာ မျက်နှာပန်းလှစေရေးအတွက် ဟန်ပြအပစ် အခတ်ရပ်စဲရေး ထုတ်ပြန်ချက်များ ထုတ်ပြန်နေသည်ဟု ထောက်ပြသည်။

ထို့ပြင် စစ်ကိုင်းငလျင်ကြီး အကြောင်းပြုပြီး နိုင်ငံတကာနှင့် ပြည်တွင်း ကုမ္ပဏီများ၊ ခရိုနီများက အမေရိကန်ဒေါ်လာ ၁၉၂ သန်းကျော် နှင့် စားနပ်ရီက္ခာ၊ အသုံးအဆောက်၊ဆေးဝါးနှင့် အရေးပေါ် ပစ္စည်းများစွာ ရရှိခဲ့ရာ စစ်အုပ်စုသည် ယင်းငွေကြေး ပစ္စည်းများကို အမှန်တကယ်လိုအပ်နေသည့် ငလျင်ဘေးသင့် ပြည်သူများထံ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိဟု ဦးနေဘုန်းလတ်က ပြောသည်။

“ဒီထက်ပိုဆိုးတာကတော့ အဲဒီ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို လက်နက်အဖြစ် အသွင်ပြောင်းပြီး ပြည်သူလူထုကို နေ့စဉ်ရက်ဆက် ဗုံးကြဲ၊ ပစ်ခတ် နှိပ်စက် သတ်ဖြတ်နေတာပဲဖြစ်ပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။

ထို့အပြင် စစ်အုပ်စုလုပ်ဆောင်နေသည့် ဟန်ပြအပစ်ရပ်စဲရေး ကြေညာချက်တွင် ချိုးဖောက်ရန် လွယ်ကူမည့် အကြောင်းအရာများကို ထည့်သွင်းထားကြောင်း၊ အပစ်ရပ်စဲရေးအတွက် ကျင့်ဝတ် စည်းကမ်းများ သဘောတူညီမှုများ လိုအပ်မှာဖြစ်သကဲ့သို့ ကျင့်ဝတ်၊ သဘောတူညီချက်များ လိုက်နာဆောင်ရွက်ခြင်းရှိမရှိ သေချာစေရေး နိုင်ငံတကာစောင့်ကြည့်လေ့လာမှု လိုအပ်ကြောင်း ပြောကြားသည်။

နိုင်ငံတနိုင်ငံက နီးစပ်ရာ ညှိနှိုင်းမှုများနှင့် အကြပ်ကိုင်လို့ရသည့် အင်အားစုများကို နည်းလမ်းပေါင်းစုံ သုံး အတင်းဖိအားပေး ဆွေးနွေးစေသည့် အပစ်အခတ်ရပ်စဲစေမှု နည်းလမ်း အသုံးပြုခြင်းသည် ရေရှည်အတွက် အကျိုးမရှိဘဲ အခြေအနေ ပိုမိုရှုတ်ထွေးစေမည်ဟု ဦးနေဘုန်းလတ်က ပြောသည်။

ယင်းသို့လုပ်ဆောင်ခြင်းက တိုင်းရင်းသား အင်အားစုများအချင်းချင်း ကြား သွေးကွဲမှု၊ တင်းမာမှုများ ဖြစ်စေနိုင်ဟုလည်း ပြောသည်။

“ဒါ့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မိမိတို့ကို ဖိအားပေးပြီး အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုမျိုးကို လက်ခံမှာမဟုတ်ဘဲ နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် အာဆီယံနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ စုစည်းညီညွတ်တဲ့ ကြိုးပမ်းမှုမျိုးကို လမ်းဖွင့်ထားပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောကြားသည်။

အိမ်နီးချင်း တရုတ်နိုင်ငံအစိုးရသည် နယ်စပ်ရှိ ကိုးကန့်တပ်မတော်(MNDAA)ကို ဖိအားမျိုးစုံပေးပြီး စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးစေခဲ့၍ စစ်ကောင်စီနှင့် MNDAA ကြား အပစ်ရပ်စဲရေးလုပ်ဆောင်ထားရပြီး MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့ကိုလည်း စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးစေခဲ့သည်။ ထို့နည်းတူ တအာင်းတပ်မတော်(TNLA)ကိုလည်း တရုတ်အစိုးရစီစဉ်မှု ဖြင့် စစ်ကောင်စီနှင့်ဆွေးနွေးစေခဲ့သည်။ သို့သော် ဆွေးနွေးပွဲများ မပြေလည်သည့် အခြေအနေတွင် စစ်ကောင်စီက TNLA နယ်မြေရှိ မြို့ရွာများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရသေ့တောင်မြို့ကိုလည်း ဗုံးကြဲတိုက်ခိုက်၍ အရပ်သားထိခိုက်သေဆုံးမှုရှိကြောင်း သတင်းရရှိသည်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ရှိ ဟဲနုကျေးရွာစာသင်ကျောင်းနှင့် လူနေအိမ်များကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ ပြည်သူနှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိကြောင်း Indaw Revolution-IR က ထုတ်ပြန်သည်။

သတင်း

ဒီပဲယင်းမြို့နယ်၊အိုးထိန်းတွင်းရွာစာသင်ကျောင်းအား စစ်ကောင်စီတပ်ကတိုက်​လေယာဥ်ဖြင့်ဗုံးကြဲရာတွင် ကျောင်းသား၊ကျောင်းသူ ၂၀ ဦး နှင့် ဆရာမ ၂ဦး စုစုပေါင်း၂၂ ဦးသေဆုံးပြီး ၄၀ဦးခန့်ဒဏ်ရာရကြောင်းဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် မှန်ချိုကျေးရွာကို ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အမျိုးသမီးနှစ်ဦး သေဆုံးပြီး ၈ဦးခန့် ဒဏ်ရာ ရခဲ့တယ်လို့ BLDF တပ်ခွဲအညာမိုင်း တပ်ဖွဲ့က ပြောပါတယ်။

Facebook