မေ ၁၀၊၂၂၀၂၅။ဇော်ရမ်း/People’s Spring
မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေပြီး မြို့ပေါ်တွင်လည်း ပျူစောထီးများနှင့်အတူ ကင်းလှည့်နေ၍ ပြည်သူများအနေဖြင့် သတိပြုကြရန် တော်လှန်ရေးရဲဘော်များက သတိပေးသည်။
အောင်လံမြို့နယ်၊ ရွှေပန်းတောကြီးတိုက်နယ်အတွင်း ကျေးရွာများကို မေလ ၁ရက်မှ မေလ ၇ရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ်ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။
” ရွှေပန်းတောကြီးတိုက်နယ်ထဲက ကန်သာယာကျေးရွာမှာ အဆိုးဆုံး ခံရတယ်။ လေကြောင်းခဏခဏ လာပစ်နေလို့ ဒေသခံတွေ မနေရဲကြဘူး။ နောက်ပြီး မြို့ထဲမှာလည်း ပျူတွေနဲ့အတူ ကင်းပတ်နေကြတယ်” ဟု အောင်လံမြို့မှ ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
စစ်ကောင်စီတပ်က Y-12၊ ဂျက်ဖိုက်တာတို့ဖြင့် ဗုံးကြဲနေခြင်းဖြစ်ပြီး လူသေဆုံးမှု မရှိသော်လည်း ဒဏ်ရာရသူများရှိကာ အိမ်မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ကြောင်း သိရသည်။
အောင်လံမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းရှိမနေဘဲ တော်လှန်ရေးအင်အားစုများ ရှိနေသည်ဟုဆိုကာ စစ်ကောင်စီက ဗုံးကြဲနေခြင်းဟု ဒေသခံများက ပြောသည်။
” ညဆို မိုးချုပ်တာနဲ့ လူရှင်းသွားပြီ။ မြို့ထဲမှာ ပျူတွေကင်းလှည့်တယ်။ ရွာတွေကို စစ်တပ်က ဗုံးကြဲတယ်”ဟု အောင်လံမြို့ပေါ်မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အောင်လံမြို့ပေါ်တွင် ယူနီဖောင်းအပြာရောင်ဝတ် ပျူစောထီးများက သေနတ်များကိုင်၍ ကင်းလှည့်နေ၍ လူငယ်များအနေဖြင့် အထူးဂရုစိုက်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။
