မေ-၉၊၂၀၂၅။ People’s Spring
ရုရှားနိုင်ငံကို ရောက်ရှိနေစဉ် အတောအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တယ်လို့ တရုတ်အစိုးရကထုတ်ပြန်ပါတယ်။
တရုတ် အစိုးရပိုင် Xinhua သတင်းဌာနက မေလ ၉ ရက်နေ့မှာ ရှီနဲ့ မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တာလို့ ဖော်ပြထားပါတယ်။
ရှီရော၊ မင်းအောင်လှိုင်ပါ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ဖိတ်ကြားမှုအရ ရုရှားရဲ့ ဒုတိယ ကမ္ဘာစစ် အောင်ပွဲနေ့ စစ်ရေးပြ ချီတက်ပွဲကို တက်ရောက်ဖို့ ရုရှားကို ရောက်ရှိနေကြတာပါ။

Public Service Announcement
ရှီက မြန်မာနိုင်ငံမှာ မတ်လကုန်က လှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်းငလျင်ကြီးအပြီးမှာတရုတ် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့လူသားချင်းစာနာမှုအကူအညီတွေအမြန်ဆုံးပေးပို့ခဲ့တဲ့အကြောင်း မင်းအောင်လှိုင်ကို ပြောခဲ့ပြီး နောက်ဆက်တွဲ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာလည်း အကူအညီ ပေးသွားမယ်လို့ ကတိပြုခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောခွင့်ရ Mao Ning က ရေးသားထားပါတယ်။
နောက်ပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်ခွင့်၊ လွတ်လပ်ခွင့်၊ ထိန်းချုပ်နယ်မြေ စစ်မှန်မှု၊ အမျိုးသား လုံခြုံရေးဆိုင်ရာ အခြေအနေတွေနဲ့ ကိုက်ညီမယ့် တိုးတက်ဖွံ့ဖြိုးမှု လမ်းကြောင်းမျိုးဆီ ဦးတည်နိုင်ဖို့ တရုတ်က ထောက်ခံ အားပေးမယ်လို့ ရှီကပြောတယ်လို့ဆိုပါတယ်။
ဒါအပြင်ဆင်ခြင်တုံတရားပြည့်ဝတဲ့ပြည်တွင်း နိုင်ငံရေး လုပ်ငန်းစဉ်တွေ တိုးတက် ဖြစ်ထွန်းရေးကိုလည်း တရုတ်က ပံ့ပိုးသွားမယ်လို့ ရှီက အာဏာသိမ်းစစ်ခေါင်းဆောင်ကိုပြောကြားသွားခဲ့ပါတယ်။
တရုတ်သမ္မတက မြန်မာအာဏာသိမ်းခေါင်ဆောင်ကို အာဏာသိမ်းပြီးနောက်ပိုင်း ၄ နှစ်ကျော်အတွင်းပထမဆုံးအကြိမ်လက်ခံတွေ့ဆုံခဲ့တာဖြစ်ပါတယ် ။
တရုတ်နိုင်ငံခြားရေးပြောခွင့်ရ Mao Naing က ရှီကျင့်ဖျင် နဲ့ မင်းအောင်လှိုင်တွေ့ဆုံကြောင်း ရေးသားထားတဲ့ ဖေစ်ဘွခ်အောက်မှာ မြန်မာပြည်သူအချို့က မင်းအောင်လှိုင်ဟာ မြန်မာခေါင်းဆောင်မဟုတ်ပဲ စစ်ရာဇဝတ်သား သာဖြစ်တယ်လို့ မှတ်ချက်ပြုရေးသားနေကြပါတယ် ။
“တရုတ်ပြည်ကျပါစေ၊ ရှီကျင့်ဖျင် ကျဆုံးပါစေ၊ တရုတ်အစိုးရရဲ့ မြန်မာလူမျိုးတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ အနိုင်ကျင့်မှုရဲ့ အကျိုးဆက်တွေ ရှိလာလိမ့်မယ်”ဟု မြန််မာနိုင်ငံသားတစ်ဦးကမှတ်ချက်ပြုရေးသားထားပါတယ် ။
အခြားပြည်သူတဦးကလည်း “အကြမ်းဖက်သမားနဲ့ လက်ဆွဲနှုတ်ဆက်သူဟာ အကြမ်းဖက်ဝါဒကို ထောက်ခံသူသာဖြစ်တယ်”လို့ရေးသားထားပါတယ်။
