မေ ၁၃၊၂၀၂၅/People’s Spring
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူတစ်ဦး ထပ်မံသေဆုံးပြီး စုစုပေါင်း ဒဏ်ရာရသူ ၁၀၀ကျော်အထိရှိကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့(မေလ ၁၃ရက်)တွင် ထုတ်ပြန်သည်။
ယနေ့ (မေလ ၁၃ရက်)တွင် မြေပြင်စာရင်းကောက်ယူမှုအရ ဒဏ်ရာရသူ ၁၀၂ဦး အထိ ရှိကြောင်း ဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်း ပအဖက ထုတ်ပြန်ထားသည်။
သို့သော် ပြီးခဲ့သည့် မိနစ်ပိုင်းအတွင်း ထပ်မံထုတ်ပြန်မှုအရ ဒဏ်ရာရသူများအနက်မှ တစ်ဦးထပ်မံ သေဆုံးခဲ့ရသည်ဟု ဒီပဲယင်း ပအဖက အသိပေးထားသည်။ သို့သော် ထပ်မံသေဆုံးသူမှာ မည်သူမည်ဝါဟု ဖော်ပြထားခြင်း မရှိဘဲ လူထုနွေဦးက မေးမြန်းနေဆဲ ဖြစ်သည်။

Public Service Announcement
ထို့ကြောင့် စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကျောင်းသား၊ကျောင်းသူ ကလေးငယ် ၂၀ဦးနှင့် ဆရာမ နှစ်ဦး စုစုပေါင်း ၂၂ဦးသေဆုံးရာ အခုထပ်တိုးစာရင်းအရ သေဆုံးသူ ၂၃ဦးရှိလာသည်။
